သုတ္တနိပါတ်ပါဠိတော် - ဥရဂဝဂ်
ခဂဿဂဝိသာဏသုတ်
ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာသော အချက် ၄၁ ချက်
၁။ သတ္တဝါအားလုံးတို့၌ ဒဏ်မထား၊ မညှဉ်းဆဲဘဲ ပစ္စေက ဗောဓိ ဉာဏ်ကို ရသူ ပစ္စေက ဗုဒဿဓါ အသျှင်သည် သားသမီးကိုပင် အလိုမရှိ၊ အပေါင်း အဖော်ကို အဘယ်မှာ အလိုရှိ မည်နည်း၊ ထို့အတူ သူတော်ကောင်းသည် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁)
၂။ ရောနှောစပ်ယှက်မှု 'သံသဂဿဂ' ဖြစ်နေသူအား ချစ်ခင်မှု 'သ္နေဟ' ဖြစ်ရသည်၊ ချစ်ခင်မှု 'သ္နေဟ' မှ ဆင်းရဲ အမျိုးမျိုး ဖြစ်ရ၏၊ ထို့ကြောင့် ချစ်ခင်မှု 'သ္နေဟ' ကြောင့် ဖြစ်သော အပြစ်ကို ဉာဏ်ဖြင့် ရှုမြင်ဆင်ခြင် လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂)
၃။ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ကို အစဉ်သနား၍ ထိုသူတို့ထံတွင် နှစ်သက်နှောင်ဖွဲ့သော စိတ်ရှိသူသည် အကျိုး စီးပွါးအားလုံး ဆုတ်ယုတ်၏၊ ထို့ကြောင့် ပေါင်းသင်း ဆက်ဆံမှု၌ ဤသို့အကျိုး ဆုတ်ယုတ်မှု ဘေးကို ဉာဏ်ဖြင့် ရှုမြင် ဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃)
၎။ ကျယ်ပြန့်သော ဝါးရုံကြီးသည် ငြိယှက်ရှုပ်ထွေး သကဲ့သို့ သား သမီး၊ မယားတို့ကို ငဲ့ကွက်မှု ချစ်ခြင်း တဏှာသည် ထိုသားသမီးစသည်တို့၌ ငြိကပ် တွယ်တာ၏၊ ထို့ကြောင့် ဝါးရုံ၏ အလယ်၌ ပေါက်သစ်စဖြစ်သော ဝါးမျှစ်စို့သည် မငြိမတွယ် တည်သကဲ့သို့ ကပ်ငြိတွယ်တာမှု မရှိဘဲ ကြံ့ချိုပမာ တစ်ယောက် တည်း ကျင့်ရာ၏။ (၄)
၅။ သမင်သည် တောအရပ်၌ အနှောင်အဖွဲ့ မရှိဘဲ သွားလိုရာ အရပ်သို့ သွားရောက် ကျက်စားနိုင်သကဲ့သို့ ပညာရှိ ယောက်ျားသည် သူတစ်ပါးနှင့် မစပ်ဘဲ မိမိ အလိုဆနဿဒအတိုင်း ဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၅)
၆။ အပေါင်းအဖော်တို့၏ အလယ်၌ ထိုင်နေရာ၊ ရပ်ရာ၊ သွားရာ၊ လှည့်လည်ရာ၌ (သူတစ်ပါးတို့) အတောင်းခံရ၏၊ (ထို့ကြောင့်) သူတစ်ပါးတို့ မမက်မောအပ်သော မိမိအလိုဆနဿဒ အတိုင်းဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၆)
၇။ အပေါင်းအဖော်တို့၏ အလယ်၌ ကစားမြူးထူးခြင်းနှင့် (ကာမဂုဏ်) မွေ့လျော် ခြင်းမှ သားသမီးတို့၌ ကျယ်ပြန့် များပြားသော ချစ်ခြင်းဖြစ်၏၊ ထို့ကြောင့် ချစ်သူတို့နှင့် ကွေကွင်းခြင်းကို စက်ဆုပ် သည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၇)
၈။ ဆိုးကောင်း ယုတ်မြတ် ရတတ်သမျှသော ပစ္စည်းဖြင့် နှစ်သိမ့်ရောင့်ရဲကာ အရပ်လေးမျက်နှာ တို့၌ မေတ္တာ ဘာဝနာဖြင့် ပျံ့နှံ့စေလျက် ချမ်းသာစွာနေရသူ၊ သတ္တဝါတို့၌ ထိပါးမှု မရှိသူဖြစ်သည့်အပြင် အတွင်းအပ ဘေးရန်တို့ကို သည်းခံနိုင်သူ ထိတ်လန့် ကြောက်ရွံ့ခြင်း မရှိသူဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၈)
၉။ အချို့သော ရဟန်း၊ လူတို့ကို ချီးမြှောက်ရန် ခဲယဉ်း၏၊ ဤသို့ သိသဖြင့် သူတစ်ပါး သားသမီးတို့၌ ကြောင့်ကြမဲ့ဖြစ်သော ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၉)
၁၀။ လုံ့လ ဝီရိယရှိသူသည် လူ၏ အသွင်အပြင်တို့ကို ပယ်ချ၍ အရွက်ကြွေ ကျပြီးသော ပင်လယ်ကသစ်ပင်ကဲ့သို့ လူ၌ ဖြစ်သော အနှောင်အဖွဲ့ တို့ကို ဖြတ်တောက်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁ဝ)
၁၁။ ပညာရင့်ကျက်သော၊ ကောင်းစွာ နေလေ့ရှိသော ဝီရိယမလျော့သော အတူတကွ ကျင့်ဘက် မိတ်ဆွေ ကောင်းကို ရနိုင်ခဲ့မူ ထို မိတ်ဆွေကောင်းနှင့် ဝမ်းမြောက်ဝမ်းသာ သတိရှိသည်ဖြစ်၍ အတွင်းအပ ဘေးရန် အားလုံးတို့ကို လွှမ်းမိုးလျက် ကျင့်ရာ၏။ (၁၁)
၁၂။ ပညာရင့်ကျက်သော၊ ကောင်းစွာ နေလေ့ရှိသော ဝီရိယ မလျော့သော အတူတကွ ကျင့်ဘက် မိတ်ဆွေ ကောင်းကို မရခဲ့မူ မင်းသည် မိမိ အောင်နိုင်ပြီးသော တိုင်းနိုင်ငံကို ပယ်စွန့်ကာ တစ်ယောက်တည်း ကျင့်သကဲ့သို့ လည်း ကောင်း၊ တော၌ မာတင်္ဂမည်သော ဆင်ပြောင်ကြီး သည် တစ်ကောင်တည်း လှည့်လည်သကဲ့သို့ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၂)
၁၃။ အပေါင်းအဖော်တို့နှင့် ပြည့်စုံခြင်းကို အမှန်ပင် ငါတို့ ချီးမွမ်းပါ၏၊ သီလစသည်တို့ဖြင့် မိမိထက်မြတ်သော၊ မိမိနှင့်တူသော အပေါင်းအဖေါ် တို့ကို မှီဝဲ ပေါင်းသင်းထိုက်၏၊ ဤသို့ အပေါင်းအဖော်တို့ကို မရခဲ့သော် အပြစ်ကင်းသော ဘောဇဉ်ကို သုံးဆောင်မှီဝဲလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၃)
၁၄။ ရွှေပန်းထိမ်သည်သားသည် ကောင်းစွာ ပြုလုပ်သော ရွှေလက်ကောက် နှစ်ဆင့် လက်၌ ဝတ်ထားပါက ရွှေရောင် တလက်လက် ထွက်သော လက်ကောက်တို့ အချင်းချင်း ထိခိုက် ကြသည်တို့ကို မြင်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၄)
၁၅။ အဖော်နှင့်တကွ စကားပြောရခြင်း၊ အလွန် ကပ်ငြိ စွဲလမ်းခြင်းသည် ဖြစ်ခဲ့ရာ၏၊ နောင်ဖြစ်မည့် ဤဘေးကို ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၅)
၁၆။ ဆန်းကြယ်၊ သာယာ၊ စိတ်ပျော်မွေ့ဖွယ် ကာမဂုဏ် တို့သည် ဖောက်ပြန်သော သဘောဖြင့် စိတ်ကို မွှေနှောက်ချောက်ချား တတ်ကုန်၏ဟု ကာမဂုဏ် တို့၌ အပြစ်ကိုရှုမြင်ပြီး၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၆)
၁၇။ ကာမဂုဏ်သည် ဘေးရန်၊ အိုင်းအမာ၊ ကပ်၍ နှိပ်စက် တတ်သော ဥပဒဿဒဝေါ၊ အနာရောဂါ၊ ငြောင့်တံသင်း၊ ဘေးဟု ရှုမြင်ပြီး ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၇)
၁၈။ အအေး၊ အပူ၊ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်း၊ လေ နေပူ၊ ခြင် မှက် မြွေ ကင်း သန်းတို့ကို လွှမ်းမိုးနှိမ်နင်း၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၈)
၁၉။ ကောင်းသော လုံးရပ်သဏဿဍာန် ကြန်အင် လက္ခဏာရှိသော ပဒုမ္မာကြာ အဆင်းရှိ၍ မြင့်မြတ် သော ဆင်ပြောင် ကြီးသည် ဆင်အပေါင်းတို့ကို ရှောင်ဖယ် စွန့်ခွါလျက် တော၌ မွေ့လျော်သရွေ့ နေသကဲ့သို့ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၉)
၂၀။ အပေါင်းအဖော်၌ မွေ့လျော်သူအား (ဝင်စားဆဲ၌) ကိလေသာမှ လွတ်မြောက်မှု လောကီ သမာပတ်ကို ရနိုင်ရာ၏ ဟူသော အကြောင်းမျိုး သည် အကြောင်းမှန် မဟုတ်နိုင်၊ ဤသို့လျှင် နေမင်း၏ အဆွေဖြစ်တော်မူသော ပစ္စေကဗုဒဿဓါ၏ စကားတော်ကို (ဉာဏ်ဖြင့်) ဆင်ခြင်၍ (အပေါင်းအဖော်၌) မွေ့လျော်မှုကို ပယ်ဖျောက်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂ဝ)
၂၁။ (ငါသည်) မိစ္ဆာအယူဟူသော ငြောင့်တံသင်းတို့ကို လွန်၍ ဖြစ်ပြီးလျှင်သော တာပတ္တိမဂ်သို့ ရောက်ပြီးသူ အထက်မဂ်သုံးပါးကို ရပြီးသူဖြစ်၍ သူတစ်ပါးတို့ သိစေအပ်သည် မဟုတ်ဘဲ ဖြစ်ပေါ်လာသော ပစ္စေကဗောဓိဉာဏ် ရှိသူဖြစ်၏၊ (ထို့ကြောင့် ဗောဓိဉာဏ်ကို) အလိုရှိသူသည် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၁)
၂၂။ အာဟာရ၌ လော်လည်ခြင်း ကင်းသူ အံ့သြဖွယ်ပြုခြင်းမှ ကင်းသူ မွတ်သိပ်ခြင်းမှ ကင်းသူ သူ့ကျေးဇူးကို ချေဖျက်ခြင်းမှ ကင်းသူ တွေဝေမှု ဖန်ရည်ကို ထုတ်နုတ်အပ်ပြီးသူ လောက အားလုံး၌ တွယ်တာမှု 'တဏှာ' ကင်းသူဖြစ်၍ ကြံ့ချို ပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၂)
၂၃။ အကျိုးမဲ့ကို ပြတတ်သော ကာယဒုစရိုက်စသည့် မညီမညွတ်ရာ၌ သက်ဝင်တတ်သော ကာမ၌ လိုက်စားသော ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့တတ်သော ယုတ်ညံ့သော အပေါင်းအဖော်ကို ရှောင်ရာ၏၊ မိမိအလိုအားဖြင့် မမှီဝဲရာ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၃)
၂၄။ အကြားအမြင်များ၍ တရားကို ဆောင်သူ မြင့်မြတ်ပြန့်ပြော၍ ပဋိဘာန် ဉာဏ် အမြင်ရှိသူ မိတ်ဆွေကို မှီဝဲ ဆည်းကပ်ရာ၏၊ အကျိုး စီးပွါး တို့ကို သိ၍ ယုံမှားခြင်းကို ပယ်ဖျောက်ပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၄)
၂၅။ လောက၌ မြူးထူးခြင်းကို လည်းကောင်း၊ မွေ့လျော်ခြင်းကို လည်းကောင်း၊ ကာမချမ်းသာကို လည်းကောင်း တင့်တယ်လျောက်ပတ်၏ဟု မယူမူ၍ ငဲ့ကွက်ခြင်း မရှိဘဲ အတင့်အတယ်ပြုခြင်းမှ ရှောင်ကြဉ်ကာ အမှန်စကားကို ပြောဆို လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၅)
၂၆။ သားသမီးကို လည်းကောင်း၊ မယားကို လည်းကောင်း၊ အဖကို လည်းကောင်း၊ အမိကို လည်းကောင်း၊ ဥစ္စာတို့ကို လည်းကောင်း၊ ကောက်ပဲ သီးနှံ တို့ကို လည်းကောင်း၊ မိတ်ဆွေ အပေါင်း အဖော် တို့ကို လည်းကောင်း၊ မိမိ မိမိတို့၏ အပိုင်းအခြားအလိုက် တည်ကုန်သော ကာမဂုဏ် တို့ကို လည်းကောင်း စွန့်ပစ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၆)
၂၇။ ဤကာမဂုဏ်သည် သတ္တဝါတို့ ငြိတွယ်ရာဖြစ်၏၊ ဤကာမဂုဏ်၌ ချမ်းသာခြင်းသည် နည်းပါး ၏၊ ဤကာမဂုဏ်၌ သာယာဖွယ် မရှိ၊ ဆင်းရဲများ၏၊ ဤကာမဂုဏ်သည် ငါးမျှားချိတ်နှင့် တူ၏ဟု သိ၍ ပညာရှိသော သူသည် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၇)
၂၈။ ရေ၌ ကျက်စားသော ငါးသည် ပိုက်ကွန်ကို ဖြတ်တောက်၍ မကပ်မငြိသွား သကဲ့သို့ သံယောဇဉ် အနှောင်အဖွဲ့ တို့ကို အကြွင်းမဲ့ ဖြတ်တောက် ပြီးလျှင် မီးသည် လောင်ကျွမ်းပြီးရာ အရပ်သို့ ပြန်လှည့်မလာ သကဲ့သို့ (ကာမဂုဏ်တောသို့ ပြန် မလှည့်မူ၍) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၈)
၂၉။ အောက်သို့ မျက်လွှာချသည်ဖြစ်၍ ခြေထောက်မလျှပ်ပေါ်ဘဲ စောင့်ရှောက်သော ဣနြေဿဒ စောင့်စည်းသော စိတ်ရှိသဖြင့် ကိလေသာမိုးလည်း မစိုစွတ် ကိလေသာမီးလည်း မလောင်မြိုက်မူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ ၏။ (၂၉)
၃၀။ လူ့အသွင်အပြင်တို့ကို ပယ်စွန့်၍ အိမ်မှ ထွက်ပြီးလျှင် ကောင်းစွာ ဖုံးလွှမ်းထားသော အရွက် ရှိသော ပင်လယ် ကသစ်ပင်ကဲ့သို့ ဖန်ရည်ဆိုး အဝတ် သင်္ကန်းတို့ကို ဝတ်ရုံဖုံးလွှမ်းလျက် ကြံ့ချို ပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃ဝ)
၃၁။ ရသာရုံတို့၌လည်း တပ်မက်မောခြင်းကို မပြု လျှပ်ပေါ်သော တဏှာလည်း မရှိ သူတစ်ပါးတို့ မွေးမြူမှုကိုလည်း မခံယူဘဲ အိမ်စဉ်အတိုင်း ဆွမ်းခံ လှည့်လည်လျက် အမျိုးတိုင်း အမျိုးတိုင်း၌ ကပ်ငြိနှောင်ဖွဲ့သော စိတ်မရှိမူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၁)
၃၂။ စိတ်၏ အပိတ်အပင် နီဝရဏငါးပါးတို့ကို ပယ်၍ အလုံးစုံသော ညစ်ညူးကြောင်းတို့ကို နုတ်ပယ်လျက် မိစ္ဆာဒိဋ္ဌိကို မမှီဘဲ ချစ်ခြင်း တဏှာ ဟူသော သိနေဟနှင့် အမျက်ဒေါသကို ဖြတ်တောက် ပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၂)
၃၃။ ချမ်းသာ 'သုခ' ကို လည်းကောင်း၊ ဆင်းရဲ 'ဒုက္ခ' ကို လည်းကောင်း၊ ဝမ်း မြောက်ခြင်း 'သောမနဿ' ကို လည်းကောင်း၊ နှလုံးမသာခြင်း 'ဒေါမနဿ' ကို လည်းကောင်း ရှေးအဖို့ (ဥပစာရ)၌ ပင်လျှင် စွန့်ပစ်ပယ်ရှား ကျောခိုင်း ထားလျက် အထူးသဖြင့် စင်ကြယ်၍ ငြိမ်သက် တည်ကြည်သော (စတုတ္ထဈာန်) ဥပေက္ခာကို ရပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၃)
၃၄။ နိဗ္ဗာန်ဟူသော မြတ်သော အကျိုးသို့ ရောက်ခြင်းငှါ ထက်သန်သော လုံ့လ မဆုတ်နစ်သော စိတ်မပျင်းရိသော ဖြစ်ခြင်း မြဲမြံသော ဝီရိယ ရှိသည် ဖြစ်၍ ကိုယ်အားဉာဏ်အားနှင့် ပြည့်စုံလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၄)
၃၅။ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို လည်းကောင်း၊ ဈာန်ကို လည်းကောင်း မကင်းဆိတ် စေမူ၍ ခနဿဓာ ငါးပါးတရားတို့၌ အစဉ်တစိုက် လိုက်သော ဝိပဿနာအကျင့်ကို အမြဲကျင့်သည်ဖြစ်၍ ဘဝတို့၌ အပြစ်ကို ဆင်ခြင် သုံးသပ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၅)
၃၆။ တဏှာကုန်ရာ နိဗ္ဗာန်ကို တောင့်တလျက် မမေ့မလျော့ မထိုင်းမအဘဲ အကြားအမြင် 'သုတ' အောက်မေ့မှု 'သတိ' ရှိသည် ဖြစ်၍ ပိုင်းခြား သိအပ်ပြီးသော တရားရှိသူ အရိယာမဂ်ဖြင့် မြဲခြင်းသို့ ရောက်ပြီးသူ သမ္မပ္ပဓာန် လုံ့လရှိသူ ဖြစ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၆)
၃၇။ ခြင်္သေ့သည် အသံတို့ကြောင့် မထိတ်လန့်သကဲ့သို့ အနိစ္စစသည်တို့ကြောင့် မထိတ်လန့်ဘဲ လေသည် ပိုက်ကွန်၌ မကပ်ငြိ သကဲ့သို့ ခနဿဓာစသည် တို့၌ မကပ်ငြိဘဲ ပဒုမ္မာကြာသည် ရေဖြင့် မလိမ်းကျံ သကဲ့သို့ ကိလေသာဖြင့် မလိမ်းကျံဘဲ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၇)
၃၈။ အစွယ်ဟူသော အားရှိသော ခြင်္သေ့မင်းသည် သားကောင်တို့ကို နှိပ်စက် လွှမ်းမိုး၍ လှည့်လည် သွားလာ သကဲ့သို့ ဝေးသော ကျောင်း အိပ်ရာ နေရာ တို့ကို မှီဝဲလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၈)
၃၉။ တစ်ရံတစ်ခါ ဆန့်ကျင်ဘက်တို့မှ လွတ်မြောက်သော ချစ်ခြင်း 'မေတ္တာ' ကို လည်းကောင်း၊ လျစ်လျူရှုမှု 'ဥပေက္ခာ' ကို လည်းကောင်း၊ သနားမှု 'ကရုဏာ' ကို လည်းကောင်း၊ ဝမ်းမြောက်မှု 'မုဒိတာ' ကို လည်းကောင်း မှီဝဲလျက် အလုံးစုံသော လောကနှင့် မဆန့်ကျင်မူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၉)
၄၀။ တပ်စွန်းမှု 'ရာဂ' ကို လည်းကောင်း၊ အမျက်ထွက်မှု 'ဒေါသ' ကို လည်းကောင်း၊ တွေဝေမှု 'မောဟ' ကို လည်းကောင်း ပယ်စွန့်လျက် သံယောဇဉ် အနှောင်အဖွဲ့တို့ကို ဖြတ်တောက်ကာ အသက် ကုန်ဆုံးခြင်း၌ ထိတ်လန့်မှု မရှိသည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၄ဝ)
၄၁။ ယခုအခါ အဆွေခင်ပွန်းတို့သည် ကိုယ်ကျိုးကိုယ်စီးပွါးဟူသော အကြောင်းကြောင့် သာလျှင် ဆည်းကပ်ကြ ကုန်၏၊ မှီဝဲကြကုန်၏၊ ကိုယ်ကျိုး ကိုယ်စီးပွါးဟူသော အကြောင်းမရှိကုန်ဘဲ ဆည်းကပ် မှီဝဲသူ အဆွေခင်ပွန်းတို့ကို ရခဲကုန် ၏၊ မစင်ကြယ်သော လူတို့သည် ကိုယ်ကျိုး ကိုယ်စီးပွါးကိုသာ မြင်နိုင်စွမ်းသည့် ပညာရှိကုန်၏၊ (ထိုသို့ သဘောရှိသော သူတို့မှ ငြီးငွေ့သည်ဖြစ်၍) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၄၁)
သုံးခုမြောက် ခဂဿဂဝိသာဏသုတ် ပြီး၏။
No comments:
Post a Comment