Wednesday, January 27, 2010

သူတော်ကောင်းတရား ခုနစ်ပါး

သူတော်ကောင်းတရား ခုနစ်ပါး
မဟာနာမ် ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သည်-
(၁) ယုံကြည်မှု 'သဒဿဒါ' တရားနှင့် ပြည့်စုံ၏၊ ''ထိုမြတ်စွာဘုရားသည် ပူဇော် အထူးကို ခံတော်မူထိုက်သော ကြောင့် 'အရဟံ' မည်တော် မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ကြောင့် 'သမ္မာသမ္ဗုဒဿဓ' မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့် ပြည့်စုံတော် မူသောကြောင့် 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော် မူတတ်သော ကြောင့် 'သုဂတ' မည်တော် မူ၏၊ လောကကို သိတော်မူသော ကြောင့် 'လောက၀ိဒူ' မည်တော် မူ၏၊ ဆုံးမ ထိုက်သူကို ဆုံးမ တတ်သည့် အတုမဲ့ လွန်မြတ်သော ပုဂဿဂိုလ် ဖြစ်တော်မူသော ကြောင့် 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော် မူသော ကြောင့် 'သတ္ထာဒေ၀မနုဿာနံ' မည်တော် မူ၏ (သစ္စာလေးပါး တရားတို့ကို) ကိုယ်တိုင်သိ၍ သူတစ်ပါးတို့ ကိုလည်း သိစေတော် မူသော ကြောင့် 'ဗုဒဿဓ' မည်တော် မူ၏၊ ဘုန်းတန်ခိုး ကြီးသောကြောင့် 'ဘဂဝါ' မည်တော်မူ၏'' ဟု မြတ်စွာဘုရား၏ ဗောဓိဉာဏ်ကို ယုံကြည်၏။
(၂) ရှက်တတ်သူ ဖြစ်၏၊ ကာယ၊ ဝစီ၊ မနော ဒုစရိုက်တို့ကို ရှက်တတ်၏၊ ယုတ်ညံ့သော အကုသိုလ် တရား တို့ကိုဖြစ်စေခြင်းမှ ရှက်တတ်၏။
(၃) ကြောက်လန့် တတ်သူ ဖြစ်၏၊ ကာယ၊ ဝစီ၊ မနော ဒုစရိုက်တို့ကို ကြောက်လန့် တတ်၏၊ ယုတ်ညံ့သော အကုသိုလ် တရား တို့ကို ဖြစ်စေခြင်းမှ ကြောက်လန့်တတ်၏။
(၄) အကြားအမြင် များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို စုဆောင်း၏၊ အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိကုန်သော အနက် သဒဿဒါနှင့် ပြည့်စုံသည်ဖြစ်၍ ထက်ဝန်းကျင် ပြည့်စုံလျက် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတတ် ကုန်သော တရားတို့ကို များစွာ ကြားနာဖူး ကုန်၏၊ နှုတ်ဖြင့် ဆောင်ဖူး ကုန်၏၊ လေ့ကျက် ဖူးကုန်၏၊ စိတ်ဖြင့် ဆင်ခြင်ဖူးကုန်၏၊ ပညာဖြင့် ထိုးထွင်း၍ သိဖူး ကုန်၏။
(၅) အကုသိုလ် တရားတို့ကို ပယ်ဖျောက်ခြင်းငှါ ကုသိုလ် တရားတို့ကို ပြည့်စုံစေခြင်းငှါ လုံ့လအားထုတ်သည် ဖြစ်၍ နေ၏၊ ကုသိုလ် တရားတို့၌ အားထုတ်နိုင်စွမ်း၏၊ မြဲမြံသော လုံ့လရှိ၏၊ ဝန်ကိုမချထား။
(၆) အောက်မေ့ခြင်း သတိရှိ၏၊ မြတ်သော ရင့်ကျက်သည့် သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာကပြုလုပ် ပြောဆို ဖူးသည်ကို အောက်မေ့ နိုင်၏၊ အဖန်ဖန် အောက်မေ့နိုင်၏။
(၇) ပညာရှိ၏၊ ဖြစ်ပျက်ကို သိစွမ်း နိုင်သော မြတ်သော ဖောက်ထွင်း နိုင်သော ဒုက္ခကင်းရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော ပညာနှင့် ပြည့်စုံ၏။
မဟာနာမ် ဤသို့လျှင် မြတ်စွာဘုရား၏ တပည့်သည် သူတော်ကောင်း တရား ခုနစ်ပါးတို့နှင့် ပြည့်စုံ၏။

No comments:

Post a Comment