ဝစဿဆ - လောကသည် မမြဲ၊ အဆုံးရှိ၏၊ အဆုံး မရှိ၊ အသက်သည် ကိုယ်ကောင်၊ အသက်သည် တခြား ကိုယ်ကောင်သည် တခြား၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏၊ သေသည်မှ နောက်၌ မဖြစ်၊ သေသည်မှ နောက်၌ ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်၊ သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ် ဟူသော အယူသည် မိစ္ဆာအယူ၊ မိစ္ဆာဒိဋ္ဌိ တောချုံ၊ မိစ္ဆာဒိဋ္ဌိ ခရီးခဲ၊ မိစ္ဆာဒိဋ္ဌိ ဆူးငြောင့်၊ မိစ္ဆာဒိဋ္ဌိ တုန်လှုပ်ခြင်း၊ မိစ္ဆာဒိဋ္ဌိ သံယောဇဉ် ဖြစ်၏။ ဆင်းရဲ၏၊ ညှဉ်းဆဲ၏၊ ပြင်းစွာ ပင်ပန်းစေ၏၊ ပူလောင်စေ၏။ ငြီးငွေ့ခြင်း၊ တပ်မက် ကင်းခြင်း၊ ချုပ်ခြင်း၊ ငြိမ်းခြင်း၊ အထူး သိခြင်း၊ ထိုးထွင်း၍သိခြင်း၊ ချုပ်ငြိမ်းခြင်း တို့ကို ဟန့်တား၏။
No comments:
Post a Comment