၂ - သနိဒါနသုတ်
ကာမကို ကြံစည်မှု
ပျက်စီးစေရန် ကြံစည်မှု
ညှဉ်းဆဲရန် ကြံစည်မှု တို့သည် အကြောင်းရှိ၍ ဖြစ်၏၊ အကြောင်း မရှိက မဖြစ်။
ကာမဓာတ်ကို စွဲ၍ (ကာမ) မှတ်သားမှု ဖြစ်၏၊ (ကာမ) မှတ်သားမှုကို စွဲ၍ ကာမကို ကြံစည်၏၊ (ကာမ) ကြံစည်မှု ကို စွဲ၍ (ကာမဖြစ်သော) အလို ဖြစ်၏၊ (ကာမ) အလို ကို စွဲ၍ (ကာမ) ပူလောင်မှု ဖြစ်၏၊ (ကာမ) ပူလောင်မှု ကို စွဲ၍ ကာမကို ရှာမှီး၏။ ကာမကို ရှာမှီးမှု ကို ရှာသော အကြား အမြင် မရှိသော ပုထုဇဉ်သည် ကိုယ် နှုတ် စိတ် သုံးပါးဖြင့် မှားသော အကျင့်ကို ကျင့်၏။
ဥပမာ တောက်လောင်နေသော မြက်မီးရှူးကို ခြောက်သွေ့သော မြက်တော၌ ပစ်ချ၏၊ ထိုမီးကို လက်၊ ခြေတို့ဖြင့် လျင်မြန်စွာ မငြိမ်းသတ်ခဲ့မူ မြက်ကို မှီ၍ နေသော သတ္တဝါတို့သည် အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်၏။
ဤအတူပင် ဖြစ်ပေါ်လာသော ဖောက်ပြန်သော မှတ်သားမှု 'သညာ'ကို လျင်စွာ မစွန့်ခဲ့ မပယ်ဖျောက်ခဲ့ ကင်းအောင် မပြုခဲ့ တစ်ဖန် မဖြစ်ခြင်းသဘောသို့ မရောက်စေခဲ့မူ ထိုသူသည် မျက်မှောက်ဘဝ၌ပင် ပင်ပန်းခြင်း
ပူဆွေးခြင်း ပူလောင်ခြင်းနှင့်တကွ ဆင်းရဲစွာ နေရ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည့် နောက်၌ မကောင်းသော လားရာ 'ဂတိ'သို့ မချွတ် ရောက်မည် ဟု မျှော်လင့်အပ်၏။
ပျက်စီးစေရန် ကြံစည်မှု (ဗျာပါဒဓာတ်) ။။
ညှဉ်းဆဲရန် ကြံစည်မှု (ဝိဟိံသာဓာတ်) ။။
ကိုခိုင်
No comments:
Post a Comment