ဣေႁနဿဒ ငါးပါး
သဒဿဓိေႁနဿဒ၊ ဝီီရိယိေႁနဿဒ၊ သတိေႁနဿဒ၊ သမာဓိေႁနဿဒ၊ ပညိေႁနဿဒ
သုတဿတန္နည္း
သဒဿဓိနြေဿဒဟူသည် ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု 'သဒဿဓါ' ဖြင့် မြတ်စွာဘုရား၏ ဗောဓိဉာဏ်ကို ''မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော် မူထိုက်သောကြောင့် 'အရဟံ' မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသောကြောင့် 'သမ္မာသမ္ဗုဒဿဓ' မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသောကြောင့် 'ဝိဇ္ဇာစရဏ သမ္ပန္န' မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော် မူတတ်သောကြောင့် 'သုဂတ' မည်တော်မူ၏၊ လောကကို သိတော်မူသောကြောင့် 'လောကဝိဒူ' မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂဿဂိုလ် ဖြစ်တော်မူသောကြောင့် 'အနုတ္တရော ပုရိသ ဒမ္မသာရထိ' မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော ကြောင့် 'သတ္ထာဒေဝ မနုဿာနံ' မည်တော်မူ၏၊ (သစ္စာလေးပါး တရားတို့ကို) သိတော်မူသောကြောင့် 'ဗုဒဿဓ' မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော် မူသောကြောင့် 'ဘဂဝါ' မည်တော်မူ၏'' ဟုယုံကြည်ခြင်း ဖြစ်၏။
ဝီရိယိနြေဿဒဟူသည် ဤသာသနာတော်၌ အရိယာတပည့်သည် အကုသိုလ် တရားတို့ကို ပယ်ရန်၊ ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် လုံ့လ အားထုတ်မှု ရှိခြင်း၊ ကုသိုလ်တရား အားအစွမ်းရှိခြင်း၊ မြဲမြံစွာ အားထုတ်ခြင်း၊ တာဝန်ကို ထမ်းရွက်ခြင်းတို့ကို ဝီရိယိနြေဿဒဟု ဆို၏။ အရိယာတပည့်သည် မဖြစ်သေးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆနဿဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ကုန်ပြီးသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ရန် ဆနဿဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ မဖြစ်ကုန်သေးသော ကုသိုလ်တရားကို ဖြစ်စေရန် ဆနဿဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ကုန်ပြီးသော ကုသိုလ် တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက် ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆနဿဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။
သတိနြေဿဒဟူသည် ဤသာသနာတော်၌ အရိယာတပည့်သည် သတိရှိခြင်း၊ လွန်ကဲသော ပညာနှင့် ယှဉ်သော သတိနှင့် ပြည့်စုံခြင်း၊ ကြာမြင့်စွာက ပြုခြင်း၊ ပြောခြင်းတို့ကို အောက်မေ့နိုင်ခြင်း၊ အဖန်ဖန် အောက်မေ့နိုင်ခြင်းတို့ကို သတိနြေဿဒဟု ဆို၏။ အရိယာ တပည့်သည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' အောက်မေ့မှု 'သတိ' ရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် ရုပ်အပေါင်းကို (ဝေဒနာအပေါင်းကို၊ စိတ်အပေါင်းကို၊ သဘောတရားတို့ကို) (ရုပ်အပေါင်းဟု၊ ဝေဒနာအပေါင်းဟု၊ စိတ်အပေါင်းဟု၊ သဘောတရားပေါင်းဟု) အကြိမ်ကြိမ် ရှု၏။
သမာဓိနြေဿဒဟူသည် ဤသာသနာတော်၌ အရိယာတပည့်သည် နိဗ္ဗာန်ကို အာရုံပြုလျက် တည်ကြည်မှု 'သမာဓိ'၊ စိတ်၏ အာရုံတစ်ခုတည်း၌ တည်ကြည်မှု 'ဧကဂဿဂတာ' ကို ရခြင်းကို ဆို၏။ ထိုသူသည် ကာမ၊ အကုသိုလ် တရား တို့မှ ဆိတ်၍ သာလျှင် ကြံစည်မှု 'ဝိတက်' သုံးသပ်မှု 'ဝိစာရ' နှင့်တကွဖြစ်သော နီဝရဏ ကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်မှု 'ပီတိ' ချမ်းသာမှု 'သုခ' ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်၊ ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်မှု 'သမာဓိ' ကို ဖြစ်စေတတ်သော ကြံစည်မှု 'ဝိတက်' သုံးသပ်မှု 'ဝိစာရ' မရှိသော တည်ကြည်မှု 'သမာဓိ' ကြောင့် ဖြစ်သော နှစ်သိမ့်မှု 'ပီတိ' ချမ်းသာမှု 'သုခ' ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်မှု 'ပီတိ' ကိုလည်း မစွဲမက်ခြင်းကြောင့် လျစ်လျူရှု၍ သာလျှင် နေ၏၊ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' နှင့် ပြည့်စုံသည် ဖြစ်၍ နေ၏၊ ချမ်းသာမှု 'သုခ' ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် တတိယဈာန်ကြောင့် ထိုသူကို ''လျစ်လျူရှုသူ၊ သတိ ရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ'' ဟု အရိယာ ပုဂဿဂိုလ် တို့သည် ချီးမွမ်း ပြောဆိုကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာမှု 'သုခ' ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲမှု 'ဒုက္ခ' ကိုလည်း ပယ်ခြင်းကြောင့် ဝမ်းသာခြင်း 'သောမနဿ' နှလုံးမသာခြင်း 'ဒေါမနဿ' တို့ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲ ချမ်းသာကင်းသော လျစ်လျူရှုမှုကြောင့် ဖြစ်သော သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။
ပညိနြေဿဒဟူသည် ဤသာသနာတော်၌ အရိယာတပည့်သည် ပညာရှိခြင်း၊ အဖြစ်အပျက်ကို သိမ်းဆည်းတတ်သော ရုပ်နာမ်ကို ထွင်းဖောက်၍ သိနိုင်သော ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံခြင်းကို ပညိနြေဿဒဟု ဆိုအပ်၏။ အရိယာ တပည့်သည် ဆင်းရဲခြင်း၊ ဆင်းရဲဖြစ်ကြောင်း တို့ကို မှန်စွာ သိ၏၊ ဆင်းရဲချုပ်ရာ၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တို့ကို မှန်စွာ သိ၏။
ဣနြေဿဒငါးပါးတို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာဖွယ်၊ အပြစ်၊ ထွက်မြောက်ရာတို့ကို မှန်စွာ သိသူကို (အပါယ်သို့ ကျခြင်းသဘော မရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိသော) သောတာပန်ဟူ၍ ဆိုအပ်၏။
ဣနြေဿဒငါးပါးတို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာဖွယ်၊ အပြစ်၊ ထွက်မြောက်ရာတို့ကို မှန်စွာ သိ၍ မစွဲလမ်းဘဲ (ကိလေသာမှ) လွတ်မြောက်၏။ ဤရဟန်းကို ပူဇော်အထူးကို ခံထိုက်သော အာသဝကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ် ကိစ္စကို ပြုပြီးသော ခနဿဓာဝန်ကို ချပြီးသော မိမိအကျိုး (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသော ဘဝသံယောဇဉ် ကုန်ပြီးသော ကောင်းစွာသိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသော ရဟန္တာဟူ၍ ဆိုအပ်၏။
ဣနြေဿဒငါးပါးတို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာဖွယ်၊ အပြစ်၊ ထွက်မြောက်ရာ တို့ကို မှန်စွာ မသိသော သမဏ ဗြာဟ္မဏ တို့ကို သမဏ၊ ဗြာဟ္မဏဟု မသမုတ်အပ်။ ထိုအသျှင်တို့သည် သမဏ၊ ဗြာဟ္မဏ ဖြစ်ကျိုးကို မျက်မှောက် ဘဝ၌ မျက်မှောက်ပြုလျက် မရောက်။
ဣနြေဿဒငါးပါးတို့၏ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ သာယာဖွယ်၊ အပြစ်၊ ထွက်မြောက်ရာတို့ကို မှန်စွာ သိကုန်သော သမဏဗြာဟ္မဏတို့ကို သမဏ၊ ဗြာဟ္မဏဟု သမုတ်အပ်၏။ ထိုအသျှင်တို့သည် သမဏ၊ ဗြာဟ္မဏဖြစ်ကျိုးကို မျက်မှောက်ဘဝ၌ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်ရ၏
သဒဿဓိေႁနဿဒကို မသိသူ သဒဿဓိေႁနဿဒ၏ ဖြစ်ကြောင်းကို မသိသူ သဒဿဓိေႁနဿဒ၏ ခ်ဳပ္ရာကို မသိသူ သဒဿဓိေႁနဿဒ၏ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကို မသိသူ။ (ဝီရိယိနြေဿဒကို။ သတိနြေဿဒကို။ သမာဓိနြေဿဒကို။ ပညိနြေဿဒကို။) သမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏ၊ ဗြာဟ္မဏဟု မသမုတ်အပ်။ ထိုအသျှင်တို့သည် သမဏ၊ ဗြာဟ္မဏ ဖြစ်ကျိုးကို မျက်မှောက် ဘဝ၌ မျက်မှောက်ပြုလျက် မရောက်။
သဒဿဓိေႁနဿဒကို သိသူ သဒဿဓိေႁနဿဒ၏ ဖြစ်ကြောင်းကို သိသူ သဒဿဓိေႁနဿဒ၏ ခ်ဳပ္ရာကို သိသူ သဒဿဓိေႁနဿဒ၏ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကို သိသူ။ (ဝီရိယိနြေဿဒကို။ သတိနြေဿဒကို။ သမာဓိနြေဿဒကို။ ပညိနြေဿဒကို။) သမဏဗြာဟ္မဏ ဟူသမျှတို့ကို သမဏ၊ ဗြာဟ္မဏဟု သမုတ်အပ်၏၊ ထိုအသျှင်တို့သည် သမဏ၊ ဗြာဟ္မဏဖြစ်ကျိုးကို မျက်မှောက်ဘဝ၌ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်ရ၏။
သောတာပတ္တိမဂ်၏ အကြောင်းတရား လေးပါး၌ သဒဿဓိနြေဿဒကို ရှုမှတ်အပ်၏။ သမ္မပ္ပဓာန်လေးပါး၌ ဝီရိယိနြေဿဒကို ရှုမှတ်အပ်၏။ သတိပဋ္ဌာန်လေးပါး၌ သတိနြေဿဒကို ရှုမှတ်အပ်၏။ ဈာန်လေးပါး၌ သမာဓိနြေဿဒကို ရှုမှတ်အပ်၏။ အရိယသစ္စာ လေးပါး၌ ပညိနြေဿဒကို ရှုမှတ်အပ်၏။
No comments:
Post a Comment