သတိ သမဿပဇဉ်
သစ်ပင်သည် အခက်အရွက် ပျက်စီးခဲ့မူ အပွေး၊ အခေါက်၊ အကာ၊ အနှစ် တို့သည် မပြည့်စုံ သကဲ့သို့ အောက်မေ့ (သတိ) ဆင်ခြင်ဉာဏ် (သမ္ပဇဉ်) မရှိသော် အရှက်အကြောက် (ဟိရိသြတ္တပ္ပ) ချို့တဲ့၏၊ အရှက်အကြောက် မရှိသော် ဣနြေဿဒစောင့်စည်းမှု (ဣနြဿဒိယသံဝရ) ချို့တဲ့၏၊ ဣနြေဿဒစောင့်စည်းမှု မရှိသော် အကျင့်သီလ ချို့တဲ့၏၊ အကျင့်သီလ မရှိသော် မှန်ကန်သော တည်ကြည်မှု (သမ္မာသမာဓိ) ချို့တဲ့၏၊ မှန်ကန်သော တည်ကြည်မှု မရှိသော် ဟုတ်တိုင်းမှန်စွာ သိမြင်မှု (ယထာဘူတဉာဏဒဿန) ချို့တဲ့၏၊ ဟုတ်တိုင်းမှန်စွာ သိမြင်မှု မရှိသော် ငြီးငွေ့မှု (နိဗ္ဗိဒါ) ဉာဏ်နှင့် တပ်ခြင်းကင်းမှု (ဝိရာဂ) ဉာဏ် (မဂ်ဉာဏ်) ချို့တဲ့၏၊ ငြီးငွေ့မှုနှင့် တပ်ခြင်း ကင်းမှုဉာဏ် မရှိသော် (ကိလေသာမှ) လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ပစ္စဝေက္ခဏာ ဉာဏ်အမြင် (ဝိမုတ္တိဉာဏ ဒဿန) ချို့တဲ့၏။
အောက်မေ့ ဆင်ခြင်ဉာဏ် မရှိ → အရှက်အကြောက်မရှိ → ဣနြေဿဒစောင့်စည်းမှုမရှိ → အကျင့်သီလမရှိ → မှန်ကန်သော တည်ကြည်မှုမရှိ → ဟုတ်တိုင်းမှန်စွာ မသိ → ငြီးငွေ့မှု တပ်ခြင်းကင်းမှု မရှိ → လွတ်မြောက်မှုကို သိသောဉာဏ်မရ
သတိ သမဿပဇဉ္ မရွိ → ဟိရိဩတဿတပဿပ မရွိ → ဣျနဿဒိယသံဝရ မရွိ → သီလ မရွိ → သမၼာသမာဓိ မရွိ → ယထာဘူတဉာဏဒႆန မရွိ → နိဗၺိဒါ ဝိရာဂ မရွိ → ဝိမုတၱိဉာဏ ဒႆန မရွိ
ကိုခိုင်
No comments:
Post a Comment