ကောင်းသော ညဥ့်တစ်ညဥ့် ရှိသော ရဟန်း
အတိတ်ခနဿဓာသို့လည်း အစဉ်မလိုက်ရာ၊ အနာဂတ်ခနဿဓာကိုလည်း မတောင့်တရာ၊ အတိတ်ခနဿဓာသည် ချုပ်ပြီးပြီ၊ အနာဂတ်ခနဿဓာလည်း မရောက် လာသေး။ ပစ္စုပ္ပန် သဘောတရားတို့ကို ဖြစ်ဆဲ ခဏလျှင် ဝိပဿနာရှုသူသည် တွန့်တိုခြင်း ပျက်စီးခြင်း မရှိလျက် အဖန်ဖန် ပွါးများရာ၏။ "အဘယ်သူသည် နက်ဖန်၌ သေရမည်ကို သိနိုင်အံ့နည်း၊ ယနေ့ပင်လျှင် ကုသိုလ်ကောင်းမှု အလုပ်ကို အားထုတ် ပြုလုပ်သင့်၏၊ ငါတို့မှာ စစ်သည်များစွာ ရှိသော သေမင်းနှင့် ချိန်းချက်ထားမှု မရှိ" ဟူ၍ လွန်စွာ အားထုတ်သော နေ့ညဥ့်ပတ်လုံး မပျင်းမရိ အားထုတ်သော ရဟန်းကို 'ကောင်းသော ညဥ့်တစ်ညဥ့် ရှိသော ရဟန်း' ဟု ကိလေသာ ငြိမ်းအေးပြီးသော မြတ်စွာဘုရား ဟောကြားတော်မူ၏။
အတိတ်ခနဿဓာသို့ အစဉ်လိုက်ခြင်း
အတိတ်က ငါ၏ စက္ခုပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ဖူး၏ ဟူ၍ ထိုစက္ခုပသာဒနှင့်ရူပါရုံတို့ ၌ ဆနဿဒရာဂနှင့် စပ်သော သိမှု 'ဝိညာဏ်' ဖြစ်၏၊ သိမှု 'ဝိညာဏ်'သည် ဆနဿဒရာဂနှင့် စပ်သောကြောင့် ထိုစက္ခုပသာဒနှင့်ရူပါရုံတို့ကို အလွန် နှစ်သက်၏၊ ထိုစက္ခုပသာဒနှင့် ရူပါရုံတို့ကို အလွန် နှစ်သက်သော သူသည် အတိတ်ခနဿဓာသို့ အစဉ်လိုက်၏။ အတိတ်ကာလ၌ ငါ၏ သောတ ပသာဒသည် ---၊ သဒဿဒါရုံ---။ ဃာန ပသာဒသည် ---၊ ဂနဿဓာရုံ ---။ ဇိဝှါ ပသာဒသည် ---၊ ရသာရုံ---။ ကာယပသာဒသည် ---၊ ဖောဋ္ဌဗ္ဗာရုံတို့သည် ---။ ဘဝင်စိတ် (မနာယတန)သည် ---၊ ဘုံသုံးပါး၌ ဓမ္မာရုံတို့သည် ---။ ဤသို့ အတိတ်ခနဿဓာသို့ အစဉ်လိုက်၏။
အတိတ်ခနဿဓာသို့ အစဉ်မလိုက်ခြင်း
အတိတ်က ငါ၏ စက္ခုပသာဒသည် ဤသို့ ဖြစ်ဖူး၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ဖူး၏ ဟု စက္ခုပသာဒ နှင့် ရူပါရုံ တို့၌ ဆနဿဒရာဂနှင့် စပ်သော သိမှု 'ဝိညာဏ်' မဖြစ်၊ သိမှု 'ဝိညာဏ်'သည် ဆနဿဒ ရာဂနှင့် မစပ်သဖြင့် စက္ခုပသာဒ နှင့် ရူပါရုံကို မနှစ်သက်၊ ထိုစက္ခုပသာဒ နှင့် ရူပါရုံကို မနှစ်သက်သော သူသည် အတိတ်ခနဿဓာသို့ အစဉ်မလိုက်။ သောတပသာဒ---၊ သဒဿဒါရုံ---။ ဃာနပသာဒ---၊ ဂနဿဓာရုံ---။ ဇိဝွါပသာဒ---၊ ရသာရုံ---။ ကာယပသာဒ---၊ ဖောဋ္ဌဗ္ဗာရုံ---။ ဘဝင်စိတ် (မနာ ယတန) ---၊ ဓမ္မာရုံ---။ ဤသို့ အတိတ်ခနဿဓာသို့ အစဉ်မလိုက်။
အနာဂတ်ခနဿဓာကို တောင့်တခြင်း
အနာဂတ်၌ ငါ၏ စက္ခုပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ရလို၏ ဟု မရသေးသော စက္ခု ပသာဒ နှင့် ရူပါရုံကို ရခြင်းငှါ စိတ်က တောင့်တ၏၊ စိတ်က တောင့်တသဖြင့် စက္ခုပသာဒ နှင့် ရူပါရုံကို နှစ်သက်၏၊ ထိုစက္ခုပသာဒ နှင့် ရူပါရုံကို နှစ်သက်သော သူသည် အနာဂတ် စက္ခုပသာဒ နှင့် ရူပါရုံကို တောင့်တ၏။ သောတပသာဒ---၊ သဒဿဒါရုံ---။ ဃာနပသာဒ---၊ ဂနဿဓာရုံ---။ ဇိဝွါပသာဒ---၊ ရသာရုံ---။ ကာယပသာဒ---၊ ဖောဋ္ဌဗ္ဗာရုံ---။ ဘဝင်စိတ် (မနာ ယတန) ---၊ ဓမ္မာရုံ---။ ဤသို့ အနာဂတ်ခနဿဓာကို တောင့်တ၏။
အနာဂတ်ခနဿဓာကို မတောင့်တခြင်း
အနာဂတ်၌ ငါ၏ စက္ခု ပသာဒသည် ဤသို့ ဖြစ်ရလို၏၊ ရူပါရုံတို့သည် ဤသို့ ဖြစ်ရလို၏ ဟု မရသေးသော စက္ခုပသာဒ နှင့် ရူပါရုံကို ရခြင်းငှါ စိတ်က မတောင့်တ၊ စိတ်က မတောင့်တသဖြင့် စက္ခုပသာဒ နှင့် ရူပါရုံကို မနှစ်သက်၊ ထိုစက္ခုပသာဒ နှင့် ရူပါရုံကို မနှစ်သက်၍ အနာဂတ် စက္ခုပသာဒ နှင့် ရူပါရုံကို မတောင့်တ။ သောတပသာဒ---၊ သဒဿဒါရုံ---။ ဃာနပသာဒ---၊ ဂနဿဓာရုံ---။ ဇိဝွါပသာဒ---၊ ရသာရုံ---။ ကာယပသာဒ---၊ ဖောဋ္ဌဗ္ဗာရုံ---။ ဘဝင်စိတ် (မနာ ယတန) ---၊ ဓမ္မာရုံ---။ ဤသို့ အနာဂတ်ခနဿဓာကို မတောင့်တ။
ဖြစ်ဆဲ ပစ္စုပ္ပန်တရားတို့၌ တွန့်တိုခြင်း
စက္ခုပသာဒနှင့် ရူပါရုံ နှစ်ပါးစုံသည် ဖြစ်ဆဲ ပစ္စုပ္ပန် ဖြစ်၏၊ ဖြစ်ဆဲ ပစ္စုပ္ပန် စက္ခုပသာဒ နှင့် ရူပါရုံ၌ ဆနဿဒ ရာဂနှင့် စပ်သော သိမှု 'ဝိညာဏ်' ဖြစ်ပါက ထိုစက္ခုပသာဒ နှင့် ရူပါရုံကို နှစ်သက်စေ၏၊ ထိုစက္ခုပသာဒ နှင့် ရူပါရုံကို နှစ်သက်သော သူသည် ဖြစ်ဆဲ ပစ္စုပ္ပန်တရားတို့၌ တွန့်တို၏။ သောတပသာဒ---၊ သဒဿဒါရုံ---။ ဃာနပသာဒ---၊ ဂနဿဓာရုံ---။ ဇိဝွါပသာဒ---၊ ရသာရုံ---။ ကာယပသာဒ---၊ ဖောဋ္ဌဗ္ဗာရုံ---။ ဘဝင်စိတ် (မနာ ယတန) ---၊ ဓမ္မာရုံ---။ ဤသို့ ပစ္စုပ္ပန် တရားတို့၌ တွန့်တို၏။
ပစ္စုပ္ပန် တရားတို့၌ မတွန့်တိုခြင်း
စက္ခုပသာဒနှင့် ရူပါရုံ နှစ်ပါးစုံသည် ဖြစ်ဆဲ ပစ္စုပ္ပန် ဖြစ်၏၊ ဖြစ်ဆဲ ပစ္စုပ္ပန် စက္ခုပသာဒ နှင့် ရူပါရုံ၌ ဆနဿဒ ရာဂနှင့် စပ်သော သိမှု 'ဝိညာဏ်' မဖြစ်ပါက ထိုစက္ခုပသာဒ နှင့် ရူပါရုံကို မနှစ်သက်၊ ထိုစက္ခုပသာဒ နှင့် ရူပါရုံကို မနှစ်သက်သော သူသည် ဖြစ်ဆဲ ပစ္စုပ္ပန်တရားတို့၌ မတွန့်တို။ သောတပသာဒ---၊ သဒဿဒါရုံ---။ ဃာနပသာဒ---၊ ဂနဿဓာရုံ---။ ဇိဝွါပသာဒ---၊ ရသာရုံ---။ ကာယပသာဒ---၊ ဖောဋ္ဌဗ္ဗာရုံ---။ ဘဝင်စိတ် (မနာ ယတန) ---၊ ဓမ္မာရုံ---။ ဤသို့ ပစ္စုပ္ပန် တရားတို့၌ မတွန့်တို။
အကျဉ်း
လွန်ပြီးသော အတိတ်က ခနဿဓာ (အဆင်း၊ အမြင်အာရုံ၊ အသံ၊ အကြားအာရုံ၊ အနံ့၊ အနံ့အာရုံ၊ အရသာ၊ ရသာရုံ၊ ကိုယ်ကာယ၊ ထိတွေ့အာရုံ၊ သဘောတရား၊ သဘောတရားအာရုံ) တို့သည် လွန်ခဲ့ပြီမို့ အစဉ်မလိုက်၊ မရောက်လာသေးသော အနာဂတ် ခနဿဓာ တို့ကိုလည်း မတောင့်တ၊ ဖြစ်ဆဲ (ပစဿစုပဿပန်) ခနဿဓာတို့တွင် မတွန့်တိုပဲ ဝိပသဿသနာရှုခြင်းကို အဖန်တလဲလဲ ပြုသော (ရဟန်း)ကို ကောင်းသော ညဉ့်တစ်ညဉ့် ရှိသော ရဟန်းဟု ဗုဒဿဓ ဘုရားရှင် ဆို၏။
No comments:
Post a Comment