အသံတို့ ဆူညံလျက် အလိုဆနဿဒ တူသော လူအပေါင်းသည် တစ်ဦး တစ်ယောက်မျှ ငါလူမိုက် ဟူ၍ မထင်၊ သတိ ကင်း၍ ပညာရှိယောင် ဟန်ဆောင် ပြောဆို ငြင်းခုံ စကား၌ ကျက်စား၏၊ ခံတွင်းပါးစပ်ကို ဟ၍ အလိုရှိသမျှ ပြောလေ့ ရှိ၏၊ ငြင်းခုံမှုဖြင့် အရှက် မရှိသော အဖြစ်သို့ ရောက်သည်ကို မသိကြ။
ငါ့ကို အမျက်ထွက် ဖူး၏၊ ငါ့ကို ညှဉ်းဆဲဖူး၏၊ ငါ့ကို အောင်နိုင်ဖူး၏၊ ငါ၏ (ဥစ္စာ) ကို ယူဖူး၏ ဟူ၍ ရန်ငြိုးဖွဲ့ သူအတွက် ရန်သည် မငြိမ်းနိုင်။ ငါ့ကို အမျက်ထွက် ဖူး၏၊ ငါ့ကို ညှဉ်းဆဲဖူး၏၊ ငါ့ကို အောင်နိုင်ဖူး၏၊ ငါ၏ (ဥစ္စာ) ကို ယူဖူး၏ ဟူ၍ ရန်ငြိုးမဖွဲ့ သူအတွက် ရန်သည် ငြိမ်းအေး၏။ လောက၌ ရန်တို့သည် ရန်တုံ့မူသဖြင့် မငြိမ်းအေးဖူးကြ၊ ရန်တုံ့မမူမှသာလျှင် ငြိမ်းအေးကုန်၏၊ ဤသဘောကား ရှေးထုံးစဉ်လာ ဖြစ်၏။ ပညာမဲ့သူတို့သည် (ငါတို့ သေရဦးမည်) ဟူ၍ မသိကြ၊ ပညာရှိ တို့သည် (ငါတို့ သေရဦးမည်) ဟူ၍ သိကြ၏၊ ထိုပညာရှိ တို့သည် သိသောကြောင့် ခိုက်ရန်မဖြစ် ငြိမ်းကုန်၏။ အရိုးကိုဖြတ် အသက်ကိုသတ် နွား မြင်း ဥစ္စာ တိုင်းပြည်ကို လုယက်သော မင်းနှစ်ပါးတို့ သော်မှ မဟာမိတ် ဖြစ်နိုင်သေး၏၊ သင်(ရဟန်း)တို့သည် အဘယ့်ကြောင့် ပေါင်းဆုံခြင်း မဖြစ်သနည်း။ အတူတကွ ကျင့်ဘက်ဖြစ်သော ကောင်းစွာ နေလေ့ရှိသော တည်တံ့သော သမာဓိရှိသော ပညာရင့်မာ သော မိတ်ဆွေကို ရငြားအံ့၊ အလုံးစုံသော ဘေးရန်တို့ကို လွှမ်းမိုး၍ ဝမ်းမြောက်စွာ သတိနှင့် ပြည့်စုံစွာ ကျင့်ရာ၏။ အတူတကွ ကျင့်ဘက်ဖြစ်သော ကောင်းစွာ နေလေ့ရှိသော တည်တံ့သော သမာဓိရှိသော ပညာရင့်မာသော မိတ်ဆွေကို အကယ်၍ မရငြားအံ့၊ ဤသို့ မရလျှင် မင်းသည် တိုင်းနိုင်ငံကို စွန့်၍ တစ်ပါးတည်း ကျင့်သကဲ့သို့၊ မာတင်္ဂ ဆင်ပြောင်ကြီးသည် တော၌ တစ်ဦးတည်း ကျက်စား သကဲ့သို့ တစ်ယောက်တည်း ကျင့်ရာ၏၊ တစ်ယောက်တည်း ကျင့်ခြင်းသည် မြတ်၏၊ လူမိုက်၌ အပေါင်းအဖော် လုပ်ခြင်းကား မြတ်သည် မဖြစ်ရာ၊ မာတင်္ဂ ဆင်ပြောင် ကြီးသည် တော၌ တစ်စီးတည်း ကြောင့်ကြမဲ့ လှည့်လည် ကျက်စား သကဲ့သို့ တစ်ယောက်တည်း ကြောင့်ကြမဲ့ ကျင့်ရာ၏၊ မကောင်းမှုတို့ကို မပြုရာ ဟု ဗုဒဿဓဘုရားရှင် မိန့်တော်မူ၏။
No comments:
Post a Comment