ပိယဇာတိကသုတ်
အကျဉ်း – ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု ဘုရားရှင် မိန့်တော်မူ၏။
မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊
သူကြွယ်တစ်ယောက်၏ ချစ်စရာ တစ်ဦးတည်းသော သား သေဆုံး၏။ ထိုသူကြွယ်သည် သား သေဆုံးခြင်းကြောင့် အလုပ်ကိစ္စကို မလုပ်လို၊ ထမင်းကိုလည်း မစားလို။ သုသာန်သို့ သွား၍ ''သား အဘယ်မှာနည်း၊ သား အဘယ်မှာနည်း'' ဟု ငိုကြွေး၏။ ထို့နောက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏။
ထိုသူကြွယ်ကို မြတ်စွာဘုရား သည် ''သူကြွယ် သင်၏ မျက်စိစသော ဣနြေဿဒတို့သည် ဖောက် ပြန်စွာ ရှိပေစွ'' ဟု မိန့်၏။ အသျှင်ဘုရား အကျွန်ုပ်၏ မျက်စိစသော ဣနြေဿဒတို့သည် အဘယ်မှာ ဖောက်ဖောက် ပြန်ပြန် မရှိဘဲ နေကုန်အံ့နည်း။
အသျှင်ဘုရား အကျွန်ုပ်၏ ချစ်စရာ တစ်ဦးတည်းသော သား သေဆုံး၏။ သား သေဆုံးခြင်းကြောင့် အလုပ်ကိစ္စကို မလုပ်လို၊ ထမင်းကိုလည်း မစားလို။ သုသာန်သို့ သွား၍ ''သား အဘယ်မှာနည်း၊ သား အဘယ်မှာနည်း'' ဟု ငိုကြွေးပါ၏ ဟု (လျှောက်၏)။
သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏၊ သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏။ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု အဘယ်သူအား ဖြစ်လိမ့်မည်နည်း။ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းတို့သည်သာ ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု (လျှောက်၏)။ ထို့နောက် ထိုသူကြွယ်သည် မြတ်စွာဘုရား၏ စကားတော်ကို မနှစ်မြို့သဖြင့် နေရာမှ ထသွားလေ၏။
ထိုအခါ များစွာကုန်သော လောင်းကစားသမား တို့သည် မြတ်စွာဘုရား အနီး၌ အန် ကစားနေကြ၏၊ ထိုသူကြွယ်သည် ထိုကစားသမားတို့ကို ''အချင်းတို့ ရဟန်းဂေါတမသည် သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏၊ သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏။ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု (မိန့်ဆို၏)။ အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု အဘယ်သူအား ဖြစ်လိမ့်မည်နည်း။ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းတို့သည်သာ ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု (လျှောက်၏)။ အချင်းတို့ ငါသည် ရဟန်း ဂေါတမ၏ စကားကို မနှစ်မြို့၍ နေရာမှထကာ ဖဲခဲ့ပြီ'' ဟု ပြောဆို၏။
''သူကြွယ် ဤအရာသည် ဤအတိုင်း ဖြစ်၏၊ သူကြွယ် ဤအရာသည် ဤအတိုင်း ဖြစ်၏။ နှစ်သက် ဝမ်းမြောက်ခြင်းတို့သာ ချစ်ခြင်းကြောင့် ဖြစ်ပေါ်၏၊ ချစ်ခြင်းတွင် အစပြု၏'' ဟု (ပြောဆိုကြ ကုန်၏)။ ထိုအခါ ထိုသူကြွယ်သည် ''ငါ၏ ဝါဒသည် ကစားသမားတို့၏ ဝါဒနှင့် ညီမျှ၏'' ဟု ဆို၍ ဖဲသွားလေ၏။ ထိုအခါ ဤစကား အကြောင်းအရာသည် အဆင့်ဆင့် နန်းတော်တွင်းသို့ တိုင်ရောက်လေ၏။
ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မလဿလိကာမိဖုရားႀကီးကို ''မလဿလိကာမိဖုရား သင် မိဖုရား၏ ရဟန်းဂေါတမသည် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု ဟောတော်မူ သတတ်'' ဟု မိန့်ဆို၏။
မင်းကြီး အကယ်၍ ဤစကားကို မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့၊ ဤစကားသည် ဤအတိုင်းမှန်ပေ၏ ဟု (သံတော်ဦး တင်လေ၏)။ မလဿလိကာမိဖုရားသည် ရဟန်းဂေါတမ ပြောဆိုသော စကားတိုင်းကိုပင် ဤစကားကို မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့၊ ဤစကားသည် ဤအတိုင်း မှန်ပေ၏ ဟု အလွန် ဝမ်းမြောက် နှစ်သက်လေ့ရှိ၏၊ ''ဆရာ ပြောဆိုတိုင်းသော စကားကို သာလျှင် တပည့်သည် 'ဆရာ ဤစကားသည် မှန်ပါ၏၊ ဆရာ ဤစကားသည် မှန်ပါ၏' ဟု အလွန် ဝမ်းမြောက် သကဲ့သို့၊ မလဿလိကာမိဖုရား သင်လည်း ရဟန်းဂေါတမ ပြောဆိုသော စကားတိုင်းကိုပင် 'မင်းကြီး ဤစကားကို အကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့၊ ဤစကားသည် ဤအတိုင်း မှန်ပေ၏' ဟု အလွန် ဝမ်းမြောက်၏။ မမြတ်နိုး အပ်သော မလဿလိကာ သွားလော့၊ ပျက်စီးလေလော့'' ဟု (ပြောဆို၏၊ အော်ငေါက်၏)။
ထိုအခါ မလဿလိကာမိဖုရားသည် နာဠိဇင်္ဃပုဏ္ဏားကို ခေါ်၍ ''ပုဏ္ဏား သင် လာလော့၊ မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ ငါ၏ စကားဖြင့် မြတ်စွာ ဘုရား၏ ခြေတော်တို့ကို ဦးတိုက်လော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းတို့ကို မေးလျှောက် လော့၊ 'အသျှင်ဘုရား မလဿလိကာမိဖုရားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာ ကင်းကြောင်း ရောဂါ ကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းတို့ကို မေးမြန်းပါ၏' ဟု လျှောက်လေလော့၊ ထို့ပြင် 'အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစ ရှိကုန်၏ဟု မြတ်စွာဘုရား ဟောကြားတော် မူဖူးပါသလော' ဟုလည်း လျှောက်လေလော့။ မြတ်စွာ ဘုရား ဟောကြားတော် မူသည့်အတိုင်း ကောင်းစွာ မှတ်သား နာယူခဲ့၍ ငါ့အား ပြောကြားလော့၊ မြတ်စွာဘုရားတို့သည် ချွတ်ယွင်းသော စကားကို မပြောဆိုကြကုန်'' ဟု ပြောဆို၏။
''အသျှင်မိဖုရားကြီး ကောင်းပါပြီ'' ဟူ၍ သာလျှင် နာဠိဇင်္ဃပုဏ္ဏားသည် မလဿလိကာ မိဖုရားကြီးအား ပြန်လျှောက်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် ဝမ်းမြောက် ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားကို ''အသျှင်ဂေါတမ မလဿလိကာမိဖုရားသည် အသျှင်ဂေါတမ၏ ခြေတော်တို့ ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းတို့ကို မေးလိုက်ပါ၏၊ ထို့ပြင် 'အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစ ရှိကုန်၏ ဟု မြတ်စွာဘုရား ဟောကြားတော်မူ ဖူးပါသလော' ဟူ၍ လည်း ပြောဆို မှာထား လိုက်ပါ၏'' ဟု လျှောက်၏။
ပုဏ္ဏား ဤအရာသည် ဤအတိုင်း ဖြစ်၏၊ ပုဏ္ဏား ဤအရာသည် ဤအတိုင်း ဖြစ်၏။ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏။
သာဝတ္ထိပြည်၌ တစ်ယောက်သော မိန်းမ၏ အမိသည် သေဆုံး၏၊ ထိုမိန်းမသည် ထိုအမိ သေဆုံးခြင်းကြောင့် ရူးသွပ် စိတ်ပျံ့လွင့်သည် ဖြစ်၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံ တစ်ခုမှ လမ်းဆုံ တစ်ခုသို့ ချဉ်းကပ်၍ ''ငါ၏ အမိကို မြင်ကြသလော၊ ငါ၏ အမိကို မြင်ကြသလော'' ဟု ဆို၏။ ပုဏ္ဏား သို့ဖြစ်၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ချစ်ခြင်းကြောင့် ဖြစ်သည်၊ ချစ်ခြင်းတွင် အစပြုသည်ကို သိသင့်၏။
သာဝတ္ထိပြည်၌ပင် တစ်ယောက်သော မိန်းမ၏ အဖသည် သေဆုံး၏၊ မောင်ကြီး မောင်ငယ်သည် သေဆုံး၏။ ညီမ အစ်မသည် သေဆုံး၏။ သားသည် သေဆုံး၏။ သမီးသည် သေဆုံး၏။ လင်ယောက်ျားသည် သေဆုံး၏၊ ထိုမိန်းမသည် ထိုလင်ယောက်ျား သေဆုံးခြင်း ကြောင့် ရူးသွပ် စိတ်ပျံ့လွင့်သည် ဖြစ်၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံ တစ်ခုမှ လမ်းဆုံ တစ်ခုသို့ ချဉ်းကပ်၍ ''ငါ၏လင် ယောက်ျားကို မြင်ကြပါ သလော၊ ငါ၏ လင်ယောက်ျားကို မြင်ကြပါ ကုန်၏လော'' ဟု ဆို၏။ ပုဏ္ဏား သို့ဖြစ်၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ချစ်ခြင်းကြောင့် ဖြစ်သည်၊ ချစ်ခြင်းတွင် အစပြုသည်ကို သိသင့်၏။
သာဝတ္ထိပြည်၌ပင် တစ်ယောက်သော ယောက်ျား၏ အမိသည် သေဆုံး၏၊ ထိုယောက်ျားသည် ထိုအမိ သေဆုံးခြင်းကြောင့် ရူးသွပ် စိတ်ပျံ့ လွင့်သည် ဖြစ်၍လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်၍ ''ငါ၏အမိကို မြင်ကြသလော၊ ငါ၏ အမိကို မြင်ကြသလော'' ဟု ဆို၏။ ပုဏ္ဏား သို့ဖြစ်၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ချစ်ခြင်းကြောင့် ဖြစ်သည်၊ ချစ်ခြင်းတွင် အစပြုသည်ကို သိသင့်၏။
သာဝတ္ထိပြည်၌ပင် တစ်ယောက်သော ယောက်ျား၏ အဖသည် သေဆုံး၏။ ညီအစ်ကိုသည် သေဆုံး၏။ အစ်မ နှမသည် သေဆုံး၏။ သားသည် သေဆုံး၏။ သမီးသည် သေဆုံး၏။ မယားသည် သေဆုံး၏၊ ထိုယောက်ျားသည် ထိုမယား သေဆုံးခြင်းကြောင့် ရူးသွပ် စိတ်ပျံ့လွင့်သည် ဖြစ်၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်၍ ''ငါ၏ မယားကို မြင်ကြသလော၊ ငါ၏ မယားကို မြင်ကြသလော'' ဟု ဆို၏။ ပုဏ္ဏား သို့ဖြစ်၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ချစ်ခြင်းကြောင့် ဖြစ်သည်၊ ချစ်ခြင်းတွင် အစပြုသည်ကို သိသင့်၏။
သာဝတ္ထိပြည်၌ပင် တစ်ယောက်သော မိန်းမသည် မိမိလင် ယောက်ျား အိမ်မှ မိဘဆွေမျိုးတို့ အိမ်သို့ သွားရောက် နေထိုင်၏၊ ထိုမိန်းမ၏ မိဘဆွေမျိုးတို့သည် လက်ရှိ လင်ယောက်ျားနှင့် ဖြတ်၍ အခြားယောက်ျားနှင့် ထိမ်းမြား လိုကြ၏၊ ထိုမိန်းမသည်ကား ထိုနောက် ထိမ်းမြားမည့် ယောက်ျားကို အလိုမရှိ၊ မနှစ်သက်။ ထိုအခါ ထိုမိန်းမသည် လက်ရှိလင် ယောက်ျားကို ''အရှင့်သား ဤဆွေမျိုးတို့သည် ငါ့ကို သင်နှင့် ဖြတ်၍ အခြားယောက်ျားနှင့် ထိမ်းမြား လိုကြ၏၊ ငါသည် ထိုယောက်ျားကို အလိုမရှိ'' ဟု ဆို၏။ ထိုအခါ ထိုလက်ရှိ လင်ယောက်ျားသည် ထိုမိန်းမကို နှစ်ပိုင်း ပိုင်းပြီးလျှင် ငါတို့နှစ်ယောက်သည် သေလွန်သော နောက်ဘဝ၌ ပေါင်းကြကုန်အံ့ ဟု ကြံ၍ မိမိ ရင်ဘတ်ကို ဖောက်ခွဲ၏။ ပုဏ္ဏား သို့ဖြစ်၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ချစ်ခြင်းကြောင့် ဖြစ်သည်၊ ချစ်ခြင်းတွင် အစပြုသည်ကို သိသင့်၏ ဟု (မိန့်တော်မူ၏)။
နာဠိဇင်္ဃပုဏ္ဏားသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန် နှစ်သက် ဝမ်းမြောက်၍ နေရာမှ ထကာ မလဿလိကာ မိဖုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် ပြောဆိုခဲ့သမျှ စကား အလုံးစုံကို မလဿလိကာမိဖုရားကြီးအား ပြောကြားလေ၏။ ထိုအခါ မလဿလိကာမိဖုရားကြီးသည် ပသေနဒိ ကောသလ မင်းကြီးထံသို့ ချဉ်းကပ်၍ ပသေနဒိကောသလမင်းကြီးကို မင်းကြီး ဝဇိရီသတို့ သမီးကို သင်မင်းကြီး ချစ်သည် မဟုတ်လော ဟု (မေးလျှောက်၏)။ မလဿလိကာ မှန်၏၊ ဝဇိရီသတို့သမီးကို ငါ ချစ်၏ ဟု (မိန့်ဆို၏)။ အသင် မင်းကြီး၏ ဝဇိရီသတို့သမီးငယ်၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ဖြစ်မည်လော ဟု (မေးလျှောက် ၏)။ မလဿလိကာ ဝဇိရီသတို့ သမီးငယ်၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ သေသော်လည်း သေရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်း ဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော် အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ထိုအကြောင်းကို ရည်ရွယ်၍ ''ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏'' ဟု ဟောကြားတော်မူ၏။
သင်မင်းကြီးသည် ဝါသဘ ခတ္တိယာ မင်းသမီးကို ချစ်သည် မဟုတ်လော ဟု (မေးလျှောက်၏)။ မလဿလိကာမှန်၏၊ ဝါသဘခတ္တိယာ မင်းသမီးကို ငါ ချစ်၏ ဟု (မိန့်ဆို၏)။ ဝါသဘခတ္တိယာ၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ဖြစ်မည်လော ဟု (မေးလျှောက် ၏)။ မလဿလိကာ ဝါသဘ ခတ္တိယာ၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ သေသော်လည်း သေရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်း ဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော် အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော် မူသော ထိုမြတ်စွာဘုရား သည် ထိုအကြောင်းကို ရည်ရွယ်၍ ''ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏'' ဟု ဟောကြားတော်မူ၏။
သင်မင်းကြီးသည် ဝိဋဋူဘ စစ်သူကြီးကို ချစ်သည် မဟုတ်လော ဟု (မေးလျှောက်၏)။ မလဿလိကာ မှန်၏၊ ဝိဋဋူဘ စစ်သူကြီးကို ငါ ချစ်၏ ဟု (မိန့်ဆို၏)။ ဝိဋဋူဘစစ်သူကြီး၏ သေဆုံးခြင်း တစ်မျိုး တစ်မည် ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ဖြစ်မည်လော ဟု (မေးလျှောက်၏)။ မလဿလိကာဝိဋဋူ ဘ စစ်သူကြီး၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ သေသော်လည်း သေရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်း ဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော် အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော် မူသော ထိုမြတ်စွာဘုရား သည် ထိုအကြောင်းကို ရည်ရွယ်၍ ''ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏'' ဟု ဟောကြားတော်မူ၏။
သင်မင်းကြီးသည် အကျွန်ုပ်ကို ချစ်သည် မဟုတ် လော ဟု (မေးလျှောက်၏)။ မလဿလိကာမှန်၏၊ သင်မိဖုရားကို ငါ ချစ်ပေ၏ ဟု (ဆို၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အကျွန်ုပ်၏ သေဆုံးခြင်း တစ်မျိုး တစ်မည် ဖောက်ပြန်ခြင်း ကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်း တို့သည် ဖြစ်မည်လော ဟု (မေးလျှောက်၏)။ မလဿလိကာ သင်၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ သေသော်လည်း သေရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ် ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်း ဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော် အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤအကြောင်းကို ရည်ရွယ်၍ ''ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏'' ဟု ဟောကြားတော်မူ၏။
သင်မင်းကြီးသည် ကာသိတိုင်း ကောသလတိုင်း တို့ကို ချစ်သည် မဟုတ်လော ဟု (မေးလျှောက်၏)။ မလဿလိကာမှန်၏၊ ကာသိတိုင်း ကောသလတိုင်းတို့ကို ငါချစ်၏၊ မလဿလိကာ ကာသိတိုင်း ကောသလတိုင်းတို့၏ အာနုဘော်ကြောင့် ကာသိတိုင်း၌ ဖြစ်သော စနဿဒကူးကို ခံစားသုံး ဆောင်ရ၏၊ ပန်းနံ့သာ နံ့သာပျောင်းတို့ကို သုံးဆောင်ရ၏ ဟု (ဆို၏)။ ကာသိတိုင်း ကောသလတိုင်းတို့၏ ဖောက်ပြန်ခြင်း တစ်မျိုး တစ်မည် ပြောင်းလွဲခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ် ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာ သလော ဟု (မေးလျှောက်၏)။ မလဿလိကာ ကာသိတိုင်း ကောသလတိုင်းတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည် ပြောင်းလွဲခြင်းကြောင့် ငါ့မှာ သေသော်လည်း သေရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်း ဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော် မူ၍ ပူဇော် အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော် မူသော ထိုမြတ်စွာဘုရားသည် ထိုအကြောင်းကို ရည်ရွယ်၍ ''ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ် ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏'' ဟု ဟောကြားတော် မူ၏ ဟု (လျှောက်၏)။
မလဿလိကာ အံ့ဖွယ် ရှိစွ၊ မလဿလိကာ မဖြစ်ဖူး ထူးကဲပေစွ ၊ မြတ်စွာဘုရားသည် ပညာဖြင့် ထိုးထွင်း၍ မြင်တော် မူတတ်ပါပေစွ၊ မလဿလိကာ လာလော့၊ နှုတ်ဆေးရေ ပေးလော့ ဟု (မိန့်၏)။ ထို့နောက် ပသေနဒိကောသလမင်းကြီးသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံး ထက်၌ ကိုယ်ဝတ်ကို စမ္မယ် တင်သည်ကြိုပု၍ မြတ်စွာဘုရားထံသို့ လက်အုပ်ချီ၍ ''နမော တဿ ဘဂဝတော အရဟတော သမ္မာ သမၺဳဒဿဒသဿသ၊ နေမာ တႆ ဘဂဝေတာ အရဟေတာ သမၼာသမၺဳဒဿဒသဿသ၊ နေမာတႆ ဘဂဝေတာ အရဟေတာ သမၼာသမၺဳဒဿဒသဿသ'' ဟူ၍ သုံးကြိမ်တိုင်တိုင် ဥဒါန်း ကျူးရင့်လေ သတည်း။
ခုနစ်ခုမြောက် ပိယဇာတိကသုတ် ပြီး၏။
No comments:
Post a Comment