Friday, February 19, 2010

ဓာတုဝိဘင်္ဂသုတ်

ဓာတုဝိဘင်္ဂသုတ်
ဓာတုဝိဘင်္ဂသုတ်၏ အကျဉ်း 'ဥဒေဿဒသ'
ပုဂဿဂိုလ် သတ္တဝါသည် ဓာတ်ခြောက်ပါး ရှိ၏၊ ဖဿာယတန ခြောက်ပါး ရှိ၏၊ စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း တစ်ဆယ့် ရှစ်ပါး ရှိ၏၊ တည်ရာ လေးပါး ရှိ၏၊ ယင်းတည်ရာ လေးပါးတို့၌ တည်သော ပုဂဿဂိုလ်သတ္တဝါအား ထင်မှတ်ခြင်း ဟူသော ယိုစီးခြင်း 'အာသဝေါ' တို့သည် မဖြစ်ကုန်။ ထင်မှတ်ခြင်း ဟူသော ယိုစီးခြင်း 'အာသဝေါ' မဖြစ်သော် ကိလေသာ ငြိမ်း၏၊ ဝိပဿနာ ပညာကို မမေ့ရာ၊ ဝစီသစ္စာကို စောင့်ရာ၏။ ကိလေသာ စွန်ရန် အားထုတ် ရာ၏၊ ကိလေသာ ငြိမ်းမှုကို သာလျှင် ကျင့်ရာ၏။

ဓာတုဝိဘင်္ဂသုတ်၏ အကျယ် 'နိဒေဿဒသ'

ပုဂဿဂိုလ် သတ္တဝါတို့၏ ဓာတ်ခြောက်ပါး
ပထဝီဓာတ်
အာပေါဓာတ်
တေဇောဓာတ်
ဝါယောဓာတ်
အာကာသဓာတ်
ဝိညာဏဓာတ်

ဖဿာယတန ခြောက်ပါး
စက္ခုသမ္ဖဿာယတန
သောတသမ္ဖဿာယတန
ဃာနသမ္ဖဿာယတန
ဇိဝှါသမ္ဖဿာယတန
ကာယသမ္ဖဿာယတန
မနောသမ္ဖဿာယတန

စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း တစ်ဆယ့်ရှစ်ပါး
မျက်စိဖြင့် အဆင်းရူပါရုံကို မြင်၍ သောမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်သုံးသပ်၏၊ ဒေါမနဿ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်သုံးသပ်၏၊ ဥပေက္ခာ၏ အကြောင်းဖြစ်သော ရူပါရုံကို ဆင်ခြင်သုံးသပ်၏။
နားဖြင့် အသံ 'သဒဿဒါရုံ' ကို ကြား၍---
နှာခေါင်းဖြင့် အနံ့ 'ဂနဿဓာရုံ' ကို နံ၍---
လျှာဖြင့် အရသာ 'ရသာရုံ' ကို လျက်၍---
ကိုယ်ဖြင့် အတွေ့အထိ 'ဖောဋ္ဌဗ္ဗာရုံ' ကို တွေ့ထိ၍---
စိတ်ဖြင့် သဘော 'ဓမ္မာရုံ' ကို သိ၍---
သောမနဿ စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ခြောက်ပါး၊ ဒေါမနဿ စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ခြောက်ပါး၊ ဥပေက္ခာ စိတ်၏ ကြံစည်ခြင်း သုံးသပ်ခြင်း ခြောက်ပါး

တည်ရာလေးပါး
ပညာ ဟူသော တည်ရာ၊
သစ္စာ ဟူသော တည်ရာ၊
ကိလေသာကို စွန့်ခြင်း ဟူသော တည်ရာ၊
ကိလေသာ ငြိမ်းခြင်းဟူသော တည်ရာ

ဝိပဿနာပညာကို မမေ့ရာ၊ ဝစီသစ္စာကို စောင့်ရာ၏၊ ကိလေသာ စွန့်ရန် အားထုတ်ရာ၏၊ ကိလေသာ ငြိမ်းရန် ကျင့်ရာ၏




ပုဂဿဂိုလ် သတ္တဝါတို့၏ ဓာတ်ခြောက်ပါး
ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ်
မြေ 'ပထဝီ' ဓာတ်
မြေ 'ပထဝီ' ဓာတ်သည် အချို့ အတွင်းသန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။
အတွင်းသန္တာန်၌ ဖြစ်သော မြေ 'ပထဝီ' ဓာတ် သည် မိမိကိုယ်ကို ခက်မာ ကြမ်းတမ်းစေသော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူသော ကမ္မဇရုပ်။ ရုပ်သည် ဆံပင် မွေးညင်း ခြေသည်း လက်သည်း သွား အရေ၊ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့၊ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ်၊ အူမ အူသိမ် အစာသစ် အစာဟောင်း နှင့် အခြား အမှတ်အသားမရှိ မိမိကိုယ်ကို ခက်မာ ကြမ်းတမ်း စေသော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူသော ကမ္မဇရုပ် ဖြစ်၏။
အတွင်းသန္တာန်၌ ဖြစ်သော မြေ 'ပထဝီ' ဓာတ်သည်လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော မြေ 'ပထဝီ' ဓာတ်သည် လည်းကောင်း မြေ 'ပထဝီ' ဓာတ်သာဖြစ်၏။ မြေ 'ပထဝီ' ဓာတ်ကို ''မြေ 'ပထဝီ' ဓာတ်သည် ငါပိုင် မဟုတ်၊ မြေ 'ပထဝီ' ဓာတ်သည် ငါမဟုတ်၊ မြေ 'ပထဝီ' ဓာတ်သည် ငါ၏ အတ္တမဟုတ်'' ဟု မြေ 'ပထဝီ' ဓာတ်ကို ကောင်းသော ဝိပဿနာ ပညာဖြင့် မှန်စွာ ရှုသင့်၏၊ ဤသို့ မြေ 'ပထဝီ' ဓာတ်ကို ကောင်းသော ဝိပဿနာ ပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် မြေ 'ပထဝီ' ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် မြေ 'ပထဝီ' ဓာတ်၌ တပ်ခြင်းကင်း၏။
ရေ 'အာပေါ' ဓာတ်
ရေ 'အာပေါ' ဓာတ်သည် အချို့ အတွင်း သန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ အတွင်းသန္တာန်၌ ဖြစ်သော ရေ 'အာပေါ' ဓာတ်သည် မိမိ ကိုယ်ရှိ ရေ၊ ရေအပါအဝင် ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူသော ကမ္မဇရုပ်။ ရုပ်သည် သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ၊ မျက်ရည် ဆီကြည် တံတွေး နှပ် အစေး ကျင်ငယ် နှင့် အခြား အမှတ်အသားမရှိ မိမိကိုယ်ရှိ ရေ၊ ရေအပါ အဝင်ဖြစ်သော တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူသော ကမ္မဇ ရုပ်။
အတွင်းသန္တာန်၌ဖြစ်သော ရေ 'အာပေါ' ဓာတ်သည် လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော ရေ 'အာပေါ' ဓာတ်သည် လည်းကောင်း ရေ 'အာပေါ' ဓာတ်သာပင်တည်း။ ထိုရေ 'အာပေါ' ဓာတ်ကို ''ရေ 'အာပေါ' ဓာတ်သည် ငါ ပိုင်မဟုတ်၊ ရေ 'အာပေါ' ဓာတ်သည် ငါမဟုတ်၊ ရေ 'အာပေါ' ဓာတ်သည် ငါ၏ အတ္တမဟုတ်'' ဟု ရေ 'အာပေါ' ဓာတ်ကို ကောင်းသော ဝိပဿနာ ပညာဖြင့် မှန်စွာ ရှုသင့်၏။ ဤသို့ ရေ 'အာပေါ' ဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် ရေ 'အာပေါ' ဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် ရေ 'အာပေါ' ဓာတ်၌ တပ်ခြင်းကင်း၏။
အပူအအေး 'မီး' ဓာတ်
အပူအအေး 'မီး' ဓာတ်သည် အချို့ အတွင်း သန္တာန်၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ အတွင်းသန္တာန်၌ ဖြစ်သော အပူအအေး 'မီး' ဓာတ်သည် မိမိကိုယ်ကို ပူခြင်းအေးခြင်း နှင့် အပူအအေး အပါအဝင် တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူသော ကမ္မဇရုပ်။ ရုပ်သည် အပူအအေး 'မီး' ဓာတ်ဖြင့် ပြင်းစွာ ပူခြင်း၊ ဆွေးမြည့်ခြင်း၊ လောင်ခြင်း၊ စားသောက်သော အစာ ကောင်းစွာ ကျေကျက်စေခြင်း နှင့် အမှတ်အသားမရှိ မိမိကိုယ်ရှိ ပူခြင်း အေးခြင်း နှင့် အပူအအေး အပါအဝင် တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူသော ကမ္မဇရုပ် ဖြစ်၏။
အတွင်းသန္တာန်၌ ဖြစ်သော အပူအအေး 'မီး' ဓာတ်၊ အပသန္တာန်၌ ဖြစ်သော အပူအအေး 'မီး' ဓာတ်တို့သည် အပူအအေး 'မီး' ဓာတ်သာ ဖြစ်၏။ ''အပူအအေး 'မီး' ဓာတ်သည် ငါပိုင် မဟုတ်၊ ငါမဟုတ်၊ ငါ၏ အတ္တ မဟုတ်'' ဟု အပူအအေး 'မီး' ဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် မှန်စွာ ရှုသင့်၏။ ဤသို့ အပူအအေး 'မီး' ဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် အပူအအေး 'မီး' ဓာတ်ကို ငြီးငွေ့၏၊ စိတ်သည် အပူအအေး 'မီး' ဓာတ်ကို တပ်ခြင်း ကင်း၏။
လေဓာတ်သည်
လေဓာတ်သည် အချို့ အတွင်းသန္တာန်၌ ဖြစ်၏၊ အချို့  အပသန္တာန်၌ ဖြစ်၏။ အတွင်းသန္တာန်၌ ဖြစ်သော လေဓာတ်သည် မိမိ ကိုယ်ရှိ လေဓာတ် နှင့် လေဓာတ် အပါအဝင် တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူသော ကမ္မဇရုပ်။ ရုပ်သည် အထက်သို့ တက်သောလေ အောက်သို့ သက်သောလေ ဝမ်း၌ တည်သောလေ အူအတွင်း၌ တည်သောလေ အင်္ဂါကြီးငယ်သို့ အစဉ် လျှောက်သောလေ ထွက်သက် ဝင်သက်လေ နှင့် အခြား အမှတ်အသားမရှိ မိမိ ကိုယ်ရှိ လေ နှင့် လေအပါအဝင် တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူသော ကမ္မဇရုပ်။
အတွင်းသန္တာန်၌ ဖြစ်သော လေဓာတ်သည် လည်းကောင်း၊ အပသန္တာန်၌ ဖြစ်သော လေဓာတ်သည် လည်းကောင်း လေဓာတ်သာလျှင်တည်း။ ''လေဓာတ်သည် ငါပိုင် မဟုတ်၊ လေဓာတ်သည် ငါ မဟုတ်၊ လေဓာတ်သည် ငါ၏ အတ္တ မဟုတ်'' ဟု လေဓာတ်ကို ကောင်း သော ဝိပဿနာ ပညာဖြင့် မှန်စွာ ရှုသင့်၏။ ဤသို့ လေဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် လေဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် လေဓာတ်၌ တပ်ခြင်းကင်း၏။
အာကာသဓာတ်။
အာကာသဓာတ်သည် အချို့ အတွင်းသန္တာန် ၌ ဖြစ်၏၊ အချို့ အပသန္တာန်၌ ဖြစ်၏။ အတွင်းသန္တာန်၌ ဖြစ်သော အာကာသဓာတ်သည် မိမိကိုယ်ရှိ ဟင်းလင်းဖြစ်သော အာကာသ ဟင်းလင်းအပြင် အာကာသ အပါအဝင် တဏှာဒိဋ္ဌိတို့ဖြင့် စွဲယူအသော ကမ္မဇရုပ်။ ရုပ်သည် နားပေါက် နှာခေါင်းပေါက် ခံတွင်းပေါက် စား သောက်သော အစာကို မျိုရာ အပေါက် စား သောက်သော အစာ တည်ရာအပေါက် စား သောက်သော အစာ အောက်အသို့ ထွက်ရာအပေါက် နှင့် အခြား အမှတ်အသားမရှိ သော မိမိကိုယ်ရှိ ဟင်းလင်းအပြင် အာကာသ ရေးခြစ်မထင် အာကာသ အာကာသ၌ အကြုံးဝင်သော ဟင်းလင်း အသားအသွေးတို့ မတွေ့ထိသော တဏှာဒိဋ္ဌိ တို့ဖြင့် စွဲယူသော ကမ္မဇရုပ်။
အတွင်းသန္တာန်၌ ဖြစ်သော အာကာသဓာတ်သည် လည်းကောင်း အပသန္တာန်၌ ဖြစ်သော အာကာသဓာတ်သည် လည်းကောင်း အာကာသဓာတ် ချည်းပင်တည်း။ ''အာကာသဓာတ်သည် ငါပိုင် မဟုတ်၊ အာကာသဓာတ်သည် ငါမဟုတ်၊ အာကာသဓာတ်သည် ငါ၏ အတ္တမဟုတ်'' ဟု ဤသို့ အာကာသဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် မှန်စွာ ရှုသင့်၏။ ဤသို့ အာကာသဓာတ်ကို ကောင်းသော ဝိပဿနာပညာဖြင့် အမှန်အတိုင်း ရှုမြင်သော် အာကာသဓာတ်၌ ငြီးငွေ့၏၊ စိတ်သည် အာကာသ ဓာတ်၌ တပ်ခြင်းကင်း၏။

ထိုမှတစ်ပါး စင်ကြယ်သော ဖြူစင်သော ဝိညာဏ်သည် သာလျှင် ကြွင်းကျန်၏။ ထိုဝိညာဏ်ဖြင့် ချမ်းသာ၊ ဆင်းရဲ၊ ဥပေက္ခာ ဟူ၍ သိ၏၊ ဖဿမှ သုခ ဝေဒနာ ဖြစ်၏၊ သုခဝေဒနာကို ခံစားသော် ငါ သုခဝေဒနာကို ခံစား၏ဟု သိ၏၊ ဖဿ ချုပ်လျှင် သုခ ဝေဒနာ ချုပ်၏၊ ငြိမ်း၏ ဟု သိ၏။
ဖဿမှ ဒုကဿခ ဝေဒနာ ဖြစ်၏၊ ဒုကဿခဝေဒနာကို ခံစားသော် ငါ ဒုကဿခဝေဒနာကို ခံစား၏ဟု သိ၏၊ ဖဿ ချုပ်လျှင် ဒုကဿခ ဝေဒနာ ချုပ်၏၊ ငြိမ်း၏ ဟု သိ၏။
ဖဿမှ ဥပေက္ခာဝေဒနာ ဖြစ်၏၊ ဥပေက္ခာဝေဒနာကို ခံစားသော် ငါ ဥပေက္ခာဝေဒနာကို ခံစား၏ဟု သိ၏၊ ဖဿ ချုပ်လျှင် ဥပေက္ခာဝေဒနာ ချုပ်၏၊ ငြိမ်း၏ ဟု သိ၏။

ဥပမာ -- ထင်း နှစ်ချောင်း၏ ထိခိုက် ပေါင်းဆုံခြင်းကြောင့် အငွေ့ ဖြစ်ပေါ်၏၊ မီးဖြစ်ပေါ်၏၊ ထိုထင်းနှစ်ချောင်း မထိ ခိုက်ဘဲ တခြားစီ ဖြစ်ပါက ထင်းတွင်ဖြစ်သော အငွေ့သည် ချုပ်ငြိမ်းသကဲ့သို့ ဖဿကြောင့် သုခဝေဒနာသည် ဖြစ်၏၊ သုခဝေဒနာကို ခံစားသော် ငါ သုခဝေဒနာကို ခံစား၏ဟု သိ၏၊ ဖဿ ချုပ်လျှင် ခံစားခြင်း ဝေဒနာ ဖြစ်စေသော သုခ ဝေဒနာသည် ချုပ်၏၊ ငြိမ်း၏ ဟု သိ၏။
ဒုက္ခဝေဒနာ---
ဥပေက္ခာဝေဒနာ---

ထိုမှတစ်ပါး စင်ကြယ် ဖြူစင်သော စတုတ္ထဈာန် ဥပေက္ခာသာ ကြွင်း၏၊ ထိုဥပေက္ခာသည် နူးညံ့၏၊ ပြုလုပ်လိုရာ ရ၏၊ ပြိုးပြိုး ပြက် အရောင် ရှိ၏။

ဥပမာ – ကျွမ်းကျင်သော ရွှေပန်းထိမ်သည် ဖိုကို ဖွဲ့ကာ ဖိုဝကို လိမ်းကျံ၍ ညှပ်ဖြင့် ရွှေကို ကိုင်၍ ဖိုဝ၌ ထား၏။ ထိုရွှေကို ရံဖန်ရံခါ မှုတ်၏၊ ရံဖန်ရံခါ ရေဖျန်း၏၊ ရံဖန်ရံခါ ရှု၏၊ လှော်ပြီးသော အပြစ်ကင်းသော ထိုရွှေသည် နူးညံ့၏။ ပြုလုပ်လိုရာ ရ၏၊ ပြိုးပြိုးပြက် အရောင် ထွက်၏၊ ရွှေပြား ဖြစ်စေ၊ နားတောင်း ဖြစ်စေ၊ လည်ရွဲ တန်ဆာ ဖြစ်စေ၊ ရွှေပန်းခိုင် ဖြစ်စေ ရရှိနိုင် သကဲ့သို့ စင်ကြယ် သော ဖြူစင်သော ဥပေက္ခာသာ ကြွင်း၏၊ ထိုဥပေက္ခာသည် နူးညံ့၏၊ ပြုလုပ်လိုရာ ရ၏၊ ပြိုးပြိုးပြက် အရောင် ရှိ၏။

ထိုသူသည် ''ငါသည် စင်ကြယ် ဖြူစင်သော ရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို အာကာသာနဉဿစာ ယတန ဈာန်သို့ ယူဆောင်ပါက၊ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးမည်၊ ထိုအခါ ဤဥပေက္ခာသည် အာကာသာ နဉဿစာယတန ဈာန်ကို အမှီပြု၍ စွဲလမ်း၍ ကာလရှည်ကြာ တည်ရာ၏။ စင်ကြယ် ဖြူစင်သော ရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို ဝိညာဏဉဿစာ ယတန ဈာန်သို့ ယူဆောင်ပါက၊ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးမည်၊ ထိုအခါ ဤဥပေက္ခာသည် ဝိညာဏဉဿစာ ယတန ဈာန်ကို အမှီပြု၍ စွဲလမ်း၍ ကာလရှည်ကြာ တည်ရာ၏။ စင်ကြယ်သော ဖြူစင်သော ရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို အာကိဉဿ္စညာ ယတန ဈာန်သို့ ယူဆောင်ပါက၊ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးမည်၊ ထိုအခါ ဤဥပေက္ခာသည် အာကိဉဿစညာ ယတန ဈာန်ကို အမှီပြု၍ စွဲလန်း၍ ကာလရှည်ကြာ တည်ရာ၏။ စင်ကြယ်သော ဖြူစင်သော ရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို နေဝသညာ နာသညာ ယတန ဈာန်သို့ ယူဆောင်ပါက၊ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးမည်၊ ထိုအခါ ဤဥပေက္ခာသည် နေဝသညာနာ သညာယတန ဈာန်ကို အမှီပြု၍ စွဲလမ်း၍ ကာလရှည်ကြာ တည်ရာ၏'' ဟု ( သိ၏ )။

ထိုသူသည် ''ငါသည် စင်ကြယ်သော ဖြူစင်သော ရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို အာကာသာနဉဿစာ ယတန ဈာန်သို့ ယူဆောင်ပါက၊ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးမည်၊ အာကာသာနဉဿစာ ယတန ဈာန်သည် ပြုပြင်ထားသော 'သင်္ခတ' တရားဖြစ်၏။ စင်ကြယ်သော ဖြူစင်သော ရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို ဝိညာဏဉဿစာ ယတန ဈာန်သို့ ယူဆောင်ပါက၊ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးမည်၊ ဝိညာဏဉဿစာ ယတန ဈာန်သည် ပြုပြင်ထားသော 'သင်္ခတ' တရားဖြစ်၏။ စင်ကြယ်သော ဖြူစင်သော ရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို အာကိဉဿစညာ ယတန ဈာန်သို့ ယူဆောင်ပါက၊ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးမည်၊ အာကိဉဿစညာ ယတန ဈာန်သည် ပြုပြင်ထားသော 'သင်္ခတ' တရားဖြစ်၏။ စင်ကြယ်သော ဖြူစင်သော ရူပါဝစရ စတုတ္ထဈာန် ဥပေက္ခာကို နေဝသညာနာသညာယတနဈာန်သို့ ယူဆောင်ပါက၊ အစဉ်လိုက်သော ရူပဈာန်စိတ်ကိုလည်း ပွါးမည်၊ နေဝသညာ နာသညာယတန ဈာန်သည် ပြုပြင်ထားသာ 'သင်္ခတ' တရားဖြစ်၏'' ဟု ( သိ၏ )။

ထိုသူသည် ကြီးပွါးခြင်း၊ ဆုတ်ယုတ်ခြင်း တို့အတွက် ရူပါဝစရ စတုတ္ထ ဈာန် ဥပေက္ခာကို ပြုပြင် စေ့ဆော်ခြင်း မပြု၊ မတောင့်တ၊ ပြုပြင် စေ့ဆော်သော်ခြင်း မပြု၍ မစွဲလမ်း၊ မစွဲလမ်း၍ မတောင့်တ၊ မတောင့်တ၍ သီးခြား ပရိနိဗ္ဗာန် ပြုရ၏၊ ''ပဋိသနေဿဓနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံး ပြီးပြီ၊ (မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤ(မဂ်) ကိစ္စ အလို့ငှါ ပြုဖွယ် ကိစ္စ မကျန်တော့ပြီ'' ဟု သိ၏။


ထိုသူသည် သုခဝေဒနာကို ခံစားလျှင် သုခဝေဒနာသည် အမြဲမရှိ 'အနိစ္စ' ဟု သိ၍ မျိုသိပ် မထားအပ်ကြောင်း၊ မနှစ်သက်အပ်ကြောင်း သိ၏၊ ဒုက္ခဝေဒနာကို ---
ဥပေက္ခာဝေဒနာကို ---

သုခဝေဒနာကို ရာဂါနုသယနှင့် မယှဉ်ဘဲ ခံစား၏။
ဒုက္ခဝေဒနာကို ပဋိဃာနုသယနှင့် မယှဉ်ဘဲ ခံစား၏။
ဥပေက္ခာဝေဒနာကို အဝိဇ္ဇာနုသယနှင့် မယှဉ်ဘဲ ခံစား၏။

ရဟန္တာ ပုဂဿဂိုလ်သည် ခနဿဓာကိုယ်တွင် အဆုံး ဖြစ်သော ဝေဒနာကို ခံစားလျှင် ခနဿဓာကိုယ်တွင် အဆုံးဖြစ်သော ဝေဒနာကို ခံစားကြောင်း သိ၏၊ အသက်တွင် အဆုံးဖြစ်သော ဝေဒနာကို ခံစားလျှင် အသက်တွင် အဆုံးဖြစ်သော ဝေဒနာကို ခံစားကြောင်း သိ၏၊ ကိုယ်ခနဿဓာ ပျက်စီး၍ သေပြီးနောက်မှ၊ အသက် ကုန်ဆုံးမှ ဤအာယတန တစ်ဆယ့်နှစ်ပါး၊ မနှစ်သက်အပ်သော ခံစားမှု ဝေဒနာ အလုံးစုံ ချုပ်ငြိမ်းမည်ကို သိ၏။

ဥပမာ – ဆီနှင့် မီးစာကို စွဲ၍ ဆီမီးသည် တောက်၏။ ဆီဖြစ်စေ၊ မီးစာဖြစ်စေ ကုန်လျှင် ငြိမ်းသကဲ့သို့ ခနဿဓာကိုယ်တွင် အဆုံး ဖြစ်သော ဝေဒနာကို ခံစားလျှင် ခနဿဓာကိုယ်တွင် အဆုံးဖြစ်သော ဝေဒနာကို ခံစားကြောင်း သိ၏၊ အသက်တွင် အဆုံးဖြစ်သော ဝေဒနာကို ခံစားလျှင် အသက်တွင် အဆုံးဖြစ်သော ဝေဒနာကို ခံစားကြောင်း သိ၏၊ ကိုယ်ခနဿဓာ ပျက်စီး၍ သေပြီးနောက်မှ၊ အသက် ကုန်ဆုံးမှ ဤအာယတန တစ်ဆယ့်နှစ်ပါး၊ မနှစ်သက်အပ်သော ခံစားမှု ဝေဒနာ အလုံးစုံ ချုပ်ငြိမ်းမည်ကို သိ၏။ ထိုသူ (ရဟန်း)သည် အလွန် မြတ်သော အရဟတ္တဖိုလ် ပညာ ဟူသော တည်ရာ ရှိ၏။ ခပ်သိမ်းသော ဆင်းရဲဒုက္ခတို့ ကုန်ဆုံးရာဖြစ်စေသော ဉာဏ်သည် အလွန် မြတ်သော ပညာ ဖြစ်၏။

ထိုသူ (ရဟန်း)၏ အရဟတ္တဖိုလ် ပညာသည် ပရမတ္ထ သစ္စာ ဖြစ်သော နိဗ္ဗာန် အာရုံ၌ တည်၏၊ မပျက်စီး သောသဘောရှိ၏။ မပျက်စီးခြင်း သဘောရှိသော တရားသည် မှန်ကန်သော နိဗ္ဗာန် (နိရောဓသစ္စာ) ဖြစ်၏။ ထိုသူ (ရဟန်း)သည် အလွန် မြတ်သော ပရမတ္ထသစ္စာ နိဗ္ဗာန် ဟူသော တည်ရာ ရှိ၏။ မပျက်စီးခြင်း သဘော ရှိသော နိဗ္ဗာန်သည် အလွန် မြတ်သော အရိယသစ္စာ ဖြစ်၏။

ပုထုဇဉ် ဘဝ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေးသော ပုဂဿဂိုလ်အား အပြည့်အဝ ဆင်းရဲစေသော ဥပဓိတို့သည် ရှိခဲ့၏။ ထိုပုဂဿဂိုလ်သည် ထိုဥပဓိတို့ကို ပယ်ပြီး ဖြစ်၏၊ အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ် ကဲ့သို့ ဖြတ်ပြီး ဖြစ်၏၊ တစ်ဖန် မဖြစ်အောင် ပြုပြီး ဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း မရှိတော့။ ထို့ကြောင့် အလွန်မြတ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် ကိလေသာကို စွန့်ခြင်း ဖြစ်၏။ ဥပဓိခပ်သိမ်းကို အရဟတ္တမဂ် ဉာဏ်ဖြင့် စွန့်ခြင်းသည် အလွန် မြတ်သော စွန့်ခြင်းဖြစ်၏။

ပုထုဇဉ် ဘဝ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေးသော ပုဂဿဂိုလ်ဖြစ်စဉ်က စည်းစိမ်ကို ရှေးရှုကြံခြင်း 'အဘိဇ္ဈာ' လိုချင်ခြင်း 'ဆနဿဒ' ပြင်းစွာ တပ်နှစ်သက်ခြင်း 'သာရာဂ' တို့ကို ပုဂဿဂိုလ်သည် ပယ်ပြီး၊ အမြစ်ပြတ်ပြီး၊ ထန်းပင် ငုတ်ကဲ့သို့ ပြုပြီး၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင် ဖြစ်ပေါ်ခြင်း သဘော မရှိတော့။ ပုထုဇဉ် ဘဝ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေးသော ပုဂဿဂိုလ်ဖြစ်စဉ်က ရန်ငြိုးဖွဲ့ခြင်း 'အာဃာတ' သူတစ်ပါးအား ပျက်စီးစေခြင်း 'ဗျာပါဒ' အခြင်းအရာ မျိုးစုံဖြင့် ပြစ်မှားခြင်း ရှိခဲ့သော ထိုပုဂဿဂိုလ်သည် ဒေါသသုံးမျိုးကို ပယ်ပြီး၊ အမြစ်ပြတ်ပြီး၊ ထန်းပင်ငုတ် ကဲ့သို့ ပြုပြီး၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီး ဖြစ်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်း သဘော မရှိတော့။ ပုထုဇဉ် ဘဝ၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် မရသေးသော ပုဂဿဂိုလ်ဖြစ်စဉ်က မသိခြင်း 'အဝိဇ္ဇာ' ပြင်းစွာ တွေဝေခြင်း 'သမ္မောဟ'တို့ ရှိခဲ့သော ထိုပုဂဿဂိုလ်သည် ထိုမောဟ တရားကို ပယ်ပြီး၊ အမြစ်ပြတ်ပြီး၊ ထန်းပင်ငုတ် ကဲ့သို့ ပြုပြီး၊ နောင်တစ်ဖန် မဖြစ်အောင် ပြုပြီး ဖြစ်၏၊ နောင်အခါ၌ ဖြစ်ပေါ်ခြင်း သဘော မရှိတော့ချေ။ ထို့ကြောင့် ဤဆိုခဲ့ပြီး လက္ခဏာနှင့် ပြည့်စုံသူ (ရဟန်း)သည် အလွန်မြတ်သော မဂ်ဉာဏ်ဖြင့် ကိလေသာကို ငြိမ်းအေးစေခြင်း ရှိ၏။ ရာဂ ဒေါသ မောဟတို့မှ ဤငြိမ်းအေးခြင်းသည် အလွန်မြတ်သော ငြိမ်းအေး ခြင်းဖြစ်၏။

တည်ရာ လေးပါး
တည်ရာလေးပါးတို့၌ တည်သော ပုဂဿဂိုလ်သည် ထင်မှတ် ခြင်း ဟူသော ယိုစီးခြင်းတို့သည် မဖြစ်၊ ထင်မှတ်ခြင်း ဟူသော ယိုစီးခြင်း မဖြစ်သော် ကိလေသာ ငြိမ်း၏။
ငါဟူသည် ထင်မှတ်ခြင်း၊ ဤဟာ ငါဖြစ်၏ ဟူသည် ထင်မှတ်ခြင်း၊ ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်း၊ မဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်း၊ ရုပ်ရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်း၊ ရုပ်မရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်း၊ သညာရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်း၊ သညာမရှိသည် ဖြစ်လတံ္တ့ ဟူသည် ထင်မှတ်ခြင်း၊ သညာရှိသည် လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်သော သညာရှိသည် ဖြစ်လတ္တံ့ ဟူသည် ထင်မှတ်ခြင်း၊ ရဟန်း ထင်မှတ်ခြင်းသည် အနာရောဂါ ဖြစ်၏။ ထင်မှတ်ခြင်းသည် အိုင်းအမာ၊ ထင်မှတ် ခြင်းသည် မြားငြောင့်။
ထင်မှတ်ခြင်း မညနာ (တဏှာ မာန ဒိဋ္ဌိ) အားလုံးတို့ကို လွန်မြောက်လျှင် ကိလေသာ ငြိမ်းအေး၏။ ကိလေသာ ငြိမ်းအေးသော (ရဟန်း)သည် ပဋိသနေဿဓမနေ မအို မသေ မပျက်စီး မတောင့်တ။ ကံကြောင့် ပဋိသနေဿဓ နေ၏၊ ထိုရဟန္တာ၌ ပဋိသနေဿဓ ဖြစ်စေသော ကံမရှိ၊ ပဋိသနေဿဓ မနေသူသည် မအို၊ မအိုသူသည် မသေ၊ မသေသူသည် မပျက်စီး၊ မပျက်စီးသူသည် မတောင့်တ။

အသျှင် ပုက္ကုသာတိမထေရ်
ထိုအခါ၌ အသျှင် ပုက္ကုသာတိမထေရ်သည် ''ငါ့ထံသို့ ဆရာ ဖြစ်တော်မူသော မြတ်စွာ ဘုရားသည် အစဉ် ရောက်တော်မူ၏၊ ငါ့ထံသို့ ကောင်းသော စကားကို ဆိုတော် မူတတ်သော မြတ်စွာ ဘုရားသည် အစဉ် ရောက်တော်မူ၏၊ ငါ့ထံသို့ သစ္စာလေးပါးကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် အစဉ် ရောက်တော်မူ၏'' ဟု နှလုံးသွင်း၍ နေရာမှ ထလျက် လက်ဝဲ ပခုံးစွန်း၌ သင်္ကန်းကို တင်၍ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခေါင်းဖြင့် ဝပ်လျှိုး၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ ''မြတ်စွာဘုရား မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာ သည့် အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုး သွားခဲ့ပါ၏၊ အကြင် အကျွန်ုပ်သည် မြတ်စွာ ဘုရားကို ငါ့သျှင် ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ထိုက်၏ ဟု မှတ်ထင်မိခဲ့ပါ၏၊ မြတ်စွာဘုရား မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှါ အပြစ် ဟု သည်းခံတော် မူပါ'' ဟု လျှောက်ထား၏။ ရဟန်း စင်စစ် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာ သည့်အလျောက် အပြစ်သည် သင့်ကို စင်စစ် လွှမ်းမိုးသွားခဲ့၏၊ သင်သည် ငါ့ကို ငါ့သျှင် ဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်ထိုက်၏ ဟု မှတ်ထင်ခဲ့၏၊ ရဟန်း သင်သည် အပြစ်ကို အပြစ်ဟု ရှုမြင်၍ အပြစ် အားလျော်စွာ ကုစားသောကြောင့် သင်၏ ထိုအပြစ်ကို ငါတို့ သည်းခံကုန်၏။ အကြင်သူသည် အပြစ်ကို အပြစ် ဟု ရှုမြင်၍ အကြောင်း အားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ ဤကုစားခြင်း စောင့်စည်းခြင်းသည် အရိယာ၏ ဝိနည်း 'အဆုံးအမ' ၌ ကြီးပွါးခြင်း ပင်တည်း ဟု(မိန့်တော်မူ၏ )။
မြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းအဖြစ်ကို ရလိုပါ၏ ဟု (လျှောက်၏)။ ရဟန်း သင့်အား သပိတ် သင်္ကန်းသည် ပြည့်စုံပြီလော ဟု (မေးတော်မူ၏)။ မြတ်စွာဘုရား အကျွန်ုပ်အား သပိတ် သင်္ကန်းသည် မပြည့်စုံသေးပါ ဟု (လျှောက်၏)။ ရဟန်း မြတ်စွာဘုရား တို့သည် သပိတ် သင်္ကန်း မပြည့်စုံသူကို ရဟန်းပြု မပေးကုန် ဟု (မိန့်တော်မူ၏)။ ထို့နောက် အသျှင် ပုက္ကုသာတိမထေရ်သည် မြတ်စွာဘုရား၏ တရားတော်ကို အလွန် နှစ်သက် ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေ ပြုပြီးလျှင် သပိတ် သင်္ကန်းရှာ ဖဲသွား၏။
ထိုအခါ သပိတ် သင်္ကန်းရှာ လှည့်လည်သော အသျှင်ပုက္ကုသာတိမထေရ်ကို နွားမသည် လှည့်ပတ်၍ အသက် ဇီဝိန်မှချပြီ။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေကုန်၏၊ တစ်ခုသော အရပ်၌ ထိုင်နေကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ''မြတ်စွာဘုရား ပုက္ကုသာတိမည်သော အမျိုးကောင်းသား အား မြတ်စွာဘုရားသည် အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော်မူခဲ့၏၊ ထိုပုက္ကုသာတိ အမျိုးကောင်းသားသည် သေရှာလေပြီ၊ ထိုအမျိုးသား၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန် ဘဝသည်ကား အဘယ်ပါနည်း'' ဟု လျှောက်ထားကုန်၏။
ရဟန်းတို့ ပုက္ကုသာတိအမျိုးသားသည် ပညာရှိ၏၊ မှန်သော စကားကို ဆိုလေ့ရှိ၏၊ လောကုတ္တရာ တရား အားလျော်သော အကျင့်ရှိ၏၊ ငါ့ကိုလည်း လောကုတ္တရာတရား ဟူသော အကြောင်းကြောင့် မပင်ပန်းစေ။ ရဟန်းတို့ ပုက္ကုသာတိ အမျိုးသားသည် ငါးပါးကုန်သော အောက်ကာမဘုံ၌ ဖြစ်သော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် ( အဝိဟာဘုံ၌ ) ပဋိသနေဿဓနေ၍ ထိုသုဒဿဒါဝါသဘုံ၌ပင် ပရိနိဗ္ဗာန်
ပြုလတ္တံ့၊ ထိုအဝိဟာဘုံမှ ပြန်လည်ခြင်း သဘောမရှိ ဟု ( မိန့်တော်မူ၏ )။
မြတ်စွာဘုရားသည် ဤတရား ဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်း တို့သည် မြတ်စွာဘုရား၏ တရား ဒေသနာတော်ကို ဝမ်းမြောက် ဝမ်းသာ လွန်စွာ နှစ်သက်ကုန်၏။
ဆယ်ခုမြောက် ဓာတုဝိဘင်္ဂသုတ် ပြီး၏။

No comments:

Post a Comment