Tuesday, February 2, 2010

ပဌာန်း-မြန်မာ

၁။ (ကုသိုလ်၊ အသုသိုလ်) ရင်းမြစ် ၆ ပါးတို့သည် တရားသဘောတို့နှင့် ဆက်စပ်ခြင်းဖြင့် ရုပ်တရားတို့ကို အကျိုးဖြစ်စေ၏။

၂။ ရုပ်သည် မြင်သိစိတ်ဓါတ် သဘောတို့နှင့် ဆက်စပ်ခြင်းဖြင့် အာရုံကို အကျိုးဖြစ်စေ၏။ အသံသည် ကြားသိစိတ်ဓါတ် --- ။ အနံ့သည် --- ။ အရသာ --- ။ ထိတွေ့အာရုံသည် --- ။ သဘောတရားသည် --- ။ ရုပ်၊ အသံ၊ အနံ့၊ အရသာ၊ တိတွေ့အာရုံ တို့သည် စိတ်ဓါတ် (မနောဓါတု) သဘောတို့နှင့် ဆက်စပ်ခြင်းဖြင့် အာရုံကို အကျိုးဖြစ်စေ၏။ သဘောတရား အလုံးစုံသည် သိစိတ်ဓါတ် (မနောဝိညာဏဓါတု) သဘောတို့နှင့် ဆက်စပ်ခြင်းဖြင့် အာရုံကို အကျိုးဖြစ်စေ၏။ သဘောတရားတို့မှ သဘောတရားများ ဆင့်ပွားကာ စိတ်အတွေး သဘောတရားတို့ ဖြစ်၏။ တရားသဘောတို့ ဆက်စပ်ခြင်းဖြင့် အာရုံကို အကျိုးဖြစ်စေ၏။

၃။ ဆနဿဒကြီးမှူးခြင်းတွင် ဆနဿဒသည် တရားသဘောတို့နှင့် ဆက်စပ်ခြင်းဖြင့် သတ်မှတ်ထားသော ရုပ်ကို ဆနဿဒ ကြီးမှူးခြင်းဖြင့် အကျိုးဖြစ်စေ၏။ ဝီရိယ --- ။ စိတ် --- ။ ဝီမံသ(ပညာ) --- ။

၎။ မြင်သိစိတ်ဓါတ်သည် မနောဓါတ်နှင့် တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ မနောဓါတ်သည် သိစိတ်ဓါတ်နှင့် တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ ကြားသိစိတ်ဓါတ်သည် --- ။ အနံ့ခံသိစိတ်ဓါတ်သည် --- ။ လျှာအာရုံခံသိစိတ်ဓါတ်သည် --- ။ ကိုယ်အာရုံခံသိစိတ်သည် --- ။ သဘောတရား မနောဓါတ်သည် --- ။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက်ပြုသော ကုသိုလ် သဘောတရားကို တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက် အဗျာကတကို တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော အကုသိုလ် --- နောက် -- အကုသိုလ် --- ။ ရှေ့က ပြုသော အကုသိုလ် --- နောက် အဗျာကတ --- ။ ရှေ့က အဗျာကတ တရားသည် နောက် အဗျာကတကို တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ တရားသည် နောက် ကုသိုလ်ပြုခြင်းကို တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ တရားသည် နောက် အကုသိုလ်ပြုခြင်းကို တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ တရားသဘောတို့ စိတ်ရှေးရှုသဖြင့် သဘောတရားတို့ တဆက်တစပ်တည်း ဖြစ်ပေါ် အကျိုး ဖြစ်စေ၏။

၅။ မြင်သိစိတ်ဓါတ်သည် မနောဓါတ်နှင့် တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ မနောဓါတ်သည် သိစိတ်ဓါတ်နှင့် တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ ကြားသိစိတ်ဓါတ်သည် --- ။ အနံ့ခံသိစိတ်ဓါတ်သည် --- ။ လျှာအာရုံခံသိစိတ်ဓါတ်သည် --- ။ ကိုယ်အာရုံခံသိစိတ်သည် --- ။ သဘောတရား မနောဓါတ်သည် --- ။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက်ပြုသော ကုသိုလ် သဘောတရားကို တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက် အဗျာကတကို တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော အကုသိုလ် --- နောက် -- အကုသိုလ် --- ။ ရှေ့က ပြုသော အကုသိုလ် --- နောက် အဗျာကတ ---။ ရှေ့က အဗျာကတ တရားသည် နောက် အဗျာကတကို တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ တရားသည် နောက် ကုသိုလ်ပြုခြင်းကို တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ တရားသည် နောက် အကုသိုလ်ပြုခြင်းကို တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ တရားသဘောတို့ စိတ်ရှေးရှုသဖြင့် သဘောတရားတို့ ကောင်းစွာ တဆက်တစပ်တည်း ဖြစ်ပေါ် အကျိုး ဖြစ်စေ၏။

၆။ ရုပ်မဟုတ်သော ခနဿဓာ လေးပါး (ေဝဒနကဿခနဿဒာ၊ သညကဿခနဿဓာ၊ သခဿငါရခနဿဓာ၊ ေဝညာဏကဿခနဿဓာ) တို့သည် အပြန်အလှန် မှီလျက် အညီအညွတ် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီဓါတ်၊ တေဇောဓါတ်၊ အာပေါဓါတ်၊ ဝါယောဓါတ်) တို့သည် အပြန်အလှန် မှီလျက် အညီအညွတ် အကျိုးဖြစ်စေ၏။ ပဋိသနေဿဓဖြစ်စဉ်အခိုက်တွင် နာမ် နှင့် ရုပ်တို့သည် အညီအညွတ် အကျိုးဖြစ်စေ၏။ စိတ်၊ စေတသိက် တရားသဘောတို့သည် စိတ်ကြောင့် ဖြစ်လာသော ရုပ်ကို အညီအညွတ် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး ဥပါဒ်ရုပ် တို့သည် အညီအညွတ် အကျိုးဖြစ်စေ၏။ ရုပ်မဟုတ်သော (စိတ် ၈၉၊ စေတသိတ် ၅၂) သဘောတရား တို့တွင် အချို့သည် တစ်ခါတစ်ရံ အပြန်အလှန် မှီလျက် အညီအညွတ် အကျိုးဖြစ်စေ၏။ အချို့သည် တစ်ခါတစ်ရံ အပြန်အလှန် မှီလျက် အညီအညွတ် အကျိုးမဖြစ်စေပါ။

၇။ ရုပ်မဟုတ်သော ခနဿဓာ လေးပါး (ေဝဒနကဿခနဿဒာ၊ သညကဿခနဿဓာ၊ သခဿငါရခနဿဓာ၊ ေဝညာဏကဿခနဿဓာ) တို့သည် အပြန်အလှန် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီဓါတ်၊ တေဇောဓါတ်၊ အာပေါဓါတ်၊ ဝါယောဓါတ်) တို့သည် အပြန်အလှန် အကျိုးဖြစ်စေ၏။ ပဋိသနေဿဓဖြစ်စဉ်အခိုက်တွင် နာမ် နှင့် ရုပ်တို့သည် အပြန်အလှန် အကျိုးဖြစ်စေ၏။

၈။ ရုပ်မဟုတ်သော ခနဿဓာ လေးပါး (ေဝဒနကဿခနဿဒာ၊ သညကဿခနဿဓာ၊ သခဿငါရခနဿဓာ၊ ေဝညာဏကဿခနဿဓာ) တို့သည် အပြန်အလှန် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီဓါတ်၊ တေဇောဓါတ်၊ အာပေါဓါတ်၊ ဝါယောဓါတ်) တို့သည် ဖြစ်နှင့်ပြီးလျက် အပြန်အလှန် အကျိုးဖြစ်စေ၏။ ပဋိသနေဿဓဖြစ်စဉ်အခိုက်တွင် နာမ် နှင့် ရုပ်တို့သည် ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်စေ၏။ စိတ်၊ စေတသိက် တရားသဘောတို့သည် စိတ်ကြောင့် ဖြစ်လာသော ရုပ်ကို ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး ဥပါဒ်ရုပ် တို့သည် ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်စေ၏။ အလင်း တို့သည် မြင်သိစိတ်ဓါတ်ကို ဆက်စပ် သော သဘောတရားဖြင့် ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်စေ၏။ အသံ တို့သည် ကြားသိစိတ်ဓါတ်ကို ဆက်စပ် သော သဘောတရားဖြင့် ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်စေ၏။ အနံ့တို့သည် နှာအာရုံခံဓါတ်ကို ---။ ချိုချဉ် ရသာတို့သည် လျှာအာရုံခံဓါတ်ကို ---။ ထိတွေ့နိုင်သော အရာတို့သည် ကိုယ်သိစိတ်ဓါတ်ကို ---။

၉။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက်ပြုသော ကုသိုလ် သဘောတရားကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော အကုသိုလ် သဘောတရားသည် နောက်ပြုသော အကုသိုလ် သဘောတရားကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက် အဗျာကတကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော အကုသိုလ် သဘောတရားသည် နောက်ပြုသော ကုသိုလ် သဘောတရားကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော အကုသိုလ် သဘောတရားသည် နောက် အဗျာကတကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ သဘောတရားသည် နောက် အဗျာကတကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ သဘောတရားသည် နောက်ပြုသော ကုသိုလ် ကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ သဘောတရားသည် နောက်ပြုသော အကုသိုလ် ကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရာသီဥတု၊ အစားအစာ တို့သည် ကောင်းစွာ ဖြစ်နှင့် ပြီးလျက် အကျိုးဖြစ်၏။ လူပုဂဿဂိုလ် တို့သည် ကောင်းစွာ ဖြစ်နှင့် ပြီးလျက် အကျိုးဖြစ်၏။

၁ဝ။ အလင်းအာရုံခံသည် အဦးဖြစ်သဖြင့် မြင်သိစိတ်ဓါတ်ကို အကျိုးဖြစ်စေ၏။ အသံအာရုံခံ ---။ အနံ့အာရုံခံ ---။ အရသာအာရုံခံ ---။ ကိုယ်ကာယအာရုံခံ ---။ ရုပ်သည် အဦးဖြစ်သဖြင့် မြင်သိစိတ်ဓါတ်ကို အကျိုးဖြစ်စေ၏။ အသံ ---။ အနံ့ ---။ အရသာ ---။ ကိုယ်ကာယ ---။ ရုပ်သည် ဖြစ်နှင့်ပြီးလျက် မနောဓါတ်၊ မနောဝိညာဏဓါတ် တို့ကို အဦးဖြစ်သဖြင့် အကျိုးဖြစ်စေ၏။

၁၁။ စိတ်၊ စေတသိက် သဘောတရားတို့သည် အဦးဖြစ်ပြီး ကိုယ်ကာယသည် အနှောင်း ဖြစ်လျက် အကျိုးဖြစ်စေ၏။

၁၂။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက်ပြုသော ကုသိုလ် သဘောတရားကို စုဆောင်းများပြားလာစေ၍ (Cumulative) အကျိုးဖြစ်၏။ ရှေ့က ပြုသော အကုသိုလ် သဘောတရားသည် တစ်ခါတစ်ရံ နောက်ပြုသော ကုသိုလ် သဘောတရားကို စုဆောင်းများပြားလာစေ၍ (Cumulative) အကျိုးဖြစ်၏။  ရှေ့က ပြုသော ကိရိယာဗျာကတ သဘောတရားသည် တစ်ခါတစ်ရံ နောက်ပြုသော ကုသိုလ် သဘောတရားကို စုဆောင်းများပြားလာစေ၍ (Cumulative) အကျိုးဖြစ်၏။

၁၃။ ကုသိုလ်၊ အကုသိုလ် ပြုခြင်း၏ အကျိုးဆက်ဖြစ်သော ခနဿဓာ (နာမ် နှင့် ရုပ်) တို့ကို ကံ(ပြုခြင်း)ဖြင့် အကျိုးဖြစ်၏။ စိတ်ရှေ့ရှုမှု (စေတနာ) သဘောတရားကြောင့် စိတ်ကြောင့်ဖြစ်သော ရုပ် ဖြစ်စေကာ ကံ(ပြုခြင်း)ဖြင့် အကျိုးဖြစ်၏။

၁၄။ ရုပ်မဟုတ်သော ခနဿဓာ လေးပါး (ေဝဒနကဿခနဿဒာ၊ သညကဿခနဿဓာ၊ သခဿငါရခနဿဓာ၊ ေဝညာဏကဿခနဿဓာ) တို့သည် အပြန်အလှန် မှီခို အကျိုးဆက်လျက် အကျိုးဖြစ်စေ၏။

၁၅။ တစ်လုပ်စီတွင် ပါသော အာဟာရသည် ဤကိုယ်ကာယကို အာဟာရ ဖြစ်စေခြင်းဖြင့် အကျိုးပြု၏။ ရုပ်မဟုတ်သော အာဟာရ သဘောတရားတို့သည် (အာဟာရ) ဖြစ်ကြောင်းရှိသော ရုပ်တို့ကို အာဟာရ ဖြစ်စေခြင်းဖြင့် အကျိုးပြု၏။

၁၆။ အစိုးရသောမြင်ခြင်း (စကဿခု - ဣနြေဿဒ) သည် မြင်သိစိတ်ဓါတ်နှင့် ဆက်စပ်သော သဘောတရားတို့ကို အစိုးရခြင်းဖြင့် အကျိုးဖြစ်စေ၏။ အစိုးရသောကြားခြင်း ---။ အစိုးရသော အနံ့ခံခြင်း ---။ အစိုးရသော (လျှာ)အရသာခံခြင်း ---။ အစိုးရသော ထိတွေ့အာရုံခံခြင်း ---။ အသက်ရှိရုပ်သည် ပဋိသနေဿဓဖြစ်စဉ်၌ အသက်ရှိခြင်းဖြင့် အကျိုးဖြစ်စေ၏။ ရုပ်မဟုတ်သော အစိုးရခြင်းနှင့် ဆက်စပ်သော သဘောတရားတို့သည် ထိုအစိုးရခြင်းတို့မှ ဖြစ်လာသော ရုပ်တို့ကို အစိုးရခြင်းဖြင့် အကျိုးဖြစ်စေ၏။

၁၇။ ဈာန်အဂဿငါ ၅ ပါး (ဝိတက်-ကြံခြင်း၊ ဝိစာရ-သုံးသပ်ခြင်း၊ ပီတိ-ကြည်နူးခြင်း၊ သုခ- ချမ်းသာခြင်း၊ ဧကဂဿဂတာ-ဈာန်စိတ်တစ်ခုသာရှိခြင်း) တို့သည် ဈာန်နှင့်ဆက်စပ်သော တရားသဘောတို့နှင့် ထို ဈာန်ကြောင့် ဖြစ်လာသော ရုပ်တို့ကို စူးစိုက်ရှုနိုင်ခြင်း (ဈာန်ဝင်စားခြင်း)ဖြင့် အကျိုးဖြစ်စေ၏။

၁၈။ လမ်းကြောင်း (မဂဿဂင် ၈ ပါး -- သမဿမာဒိဋဿဌိ-မှန်သော အမြင်၊ သမဿမာသကဿငပဿပ-မွန္ေသာ အေတြး၊ သမဿမာဝါစာ-မွန္ေသာစကား၊ သမဿမာကမနဿတ-မှန်သောအလုပ်၊ သမဿမာအာဇီဝ-ကောင်းသော အသက်မွေးမှု၊ သမဿမာဝါယာမ-မှန်သော လုံ့လထုတ်မှု၊ သမဿမာသတိ-ကောင်းစွာ အောက်မေ့ခြင်း၊ သမဿမာသမာဓိ-ကောင်းစွာ တည်ကြည်ခြင်း -- နှင့် -- မိစဿဆာမဂဿဂ ၄ ပါး -- မိစဿဆာဒိဋဿဌိ-မှားသောအမြင်၊ မိစဿဆာဝါယာမ-မှားသော လုံ့လထုတ်မှု၊ မိစဿဆာ သကဿငပဿပ-မွားေသာ အေတြး၊ မိစဿဆာသမာဓိ-မကောင်းစွာ တည်ကြည်ခြင်း) တို့သည် လမ်းနှင့်ဆိုင်သော တရားများနှင့် လမ်းတို့မှ ဖြစ်ပေါ်သော ရုပ်တို့ကို နည်းလမ်းရှိခြင်းအားဖြင့် အကျိုးဖြစ်စေ၏။

၁၉။ ရုပ်မဟုတ်သော ခနဿဓာ လေးပါး (ေဝဒနကဿခနဿဒာ၊ သညကဿခနဿဓာ၊ သခဿငါရခနဿဓာ၊ ေဝညာဏကဿခနဿဓာ) တို့သည် အပြန်အလှန် မှီခို ဆက်စပ်နေခြင်းဖြင့် အကျိုးဖြစ်စေ၏။

၂ဝ။ ရုပ်တရား များသည် ရုပ်မဟုတ်သော (နာမ်) တရားများကို မရောနှောပဲ ပူးတွဲနေခြင်းဖြင့် အကျိုးဖြစ်စေ၏။ ရုပ်မဟုတ်သော (နာမ်) တရားများသည် ရုပ်တရား များကို မရောနှောပဲ ပူးတွဲနေခြင်းဖြင့် အကျိုးဖြစ်စေ၏။

၂၁။ ရုပ်မဟုတ်သော ခနဿဓာ လေးပါး (ေဝဒနကဿခနဿဒာ၊ သညကဿခနဿဓာ၊ သခဿငါရခနဿဓာ၊ ေဝညာဏကဿခနဿဓာ) တို့သည် အပြန်အလှန် မှီခို တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီဓါတ်၊ တေဇောဓါတ်၊ အာပေါဓါတ်၊ ဝါယောဓါတ်) တို့သည် အပြန်အလှန် တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ ပဋိသနေဿဓဖြစ်စဉ်အခိုက်တွင် နာမ် နှင့် ရုပ်တို့သည် အပြန်အလှန်မှီခို တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ စိတ်၊ စေတသိက် သဘောတရားတို့သည် စိတ်ကြောင့်ဖြစ်သော ရုပ်ကို တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော) ဥပါဒ်ရုပ် တို့သည် တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ အလင်းအာရုံခံ မြင်သိစိတ်ဓါတ်နှင့် ဆက်စပ် သဘောတရားတို့ကို တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ အသံအာရုံခံ ---။ အနံ့အာရုံခံ ---။ အရသာအာရုံခံ ---။ ကိုယ်ကာယ ---။ ရုပ်သည် ---။ အသံ ---။ အနံ့ ---။ အရသာ---။ ကိုယ်ကာယ ---။ ရုပ်၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့ အာရုံခံနှင့်အာရုံ တို့သည် မနောဓါတ်နှင့် ဆက်စပ်သော တရားတို့ကို တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ ရုပ်သည် မနောဓါတ်၊ မနောဝါညာဉ်ဓါတ် တို့ကို ဖြစ်နှင့်ပြီးလျက် တည်ရှိခြင်းဖြင့် အကျိုး ဖြစ်စေ၏။

၂၂။ စိတ် စေတသိက် သဘောတရားတို့သည် ကောင်းစွာ တစ်ဆက်တည်းဖြစ်လျက် အသစ်ဖြစ်သော စိတ် စေတသိက်တို့ ဖြစ်ပေါ်ခြင်းနှင့်အတူ မရှိခြင်းဖြင့် အကျိုးဖြစ်စေ၏။

၂၃။ စိတ် စေတသိက် သဘောတရားတို့သည် ကောင်းစွာ တစ်ဆက်တည်းဖြစ်လျက် အသစ်ဖြစ်သော စိတ် စေတသိက်တို့ ဖြစ်ပေါ်ခြင်းနှင့်အတူ ပြောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။

၂၄။ ရုပ်မဟုတ်သော ခနဿဓာ လေးပါး (ေဝဒနကဿခနဿဒာ၊ သညကဿခနဿဓာ၊ သခဿငါရခနဿဓာ၊ ေဝညာဏကဿခနဿဓာ) တို့သည် အပြန်အလှန် မှီခို တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီဓါတ်၊ တေဇောဓါတ်၊ အာပေါဓါတ်၊ ဝါယောဓါတ်) တို့သည် အပြန်အလှန် တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။ ပဋိသနေဿဓဖြစ်စဉ်အခိုက်တွင် နာမ် နှင့် ရုပ်တို့သည် အပြန်အလှန်မှီခို တည်ရှိ မပျောက်ကွယ်ခြင်း အကျိုးဖြစ်စေ၏။ စိတ်၊ စေတသိက် သဘောတရားတို့သည် စိတ်ကြောင့်ဖြစ်သော ရုပ်ကို တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော) ဥပါဒ်ရုပ် တို့သည် တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။ အလင်းအာရုံခံ မြင်သိစိတ်ဓါတ်နှင့် ဆက်စပ် သဘောတရားတို့ကို တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။ အသံအာရုံခံ ---။ အနံ့အာရုံခံ ---။ အရသာအာရုံခံ ---။ ကိုယ်ကာယ ---။ ရုပ်သည် ---။ အသံ ---။ အနံ့ ---။ အရသာ---။ ကိုယ်ကာယ ---။ ရုပ်၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့ အာရုံခံနှင့်အာရုံ တို့သည် မနောဓါတ်နှင့် ဆက်စပ်သော တရားတို့ကို တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။ ရုပ်သည် မနောဓါတ်၊ မနောဝါညာဉ်ဓါတ် တို့ကို ဖြစ်နှင့်ပြီးလျက် တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုး ဖြစ်စေ၏။

No comments:

Post a Comment