ထူးသော ဉာဏ်ဖြင့်သိ၍ ငါဟောအပ်သော တရားတို့ကား သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒဿဓိပါဒ်လေးပါး ဣနြေဿဒငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တို့ ပေတည်း။
ဒီဃနိကာယ---မဟာဝဂဿဂ ပါဠိတော်
ကိုခိုင်
သစ္စာလေးပါးကိုသိကြောင်း ဗောဇ္ဈင် တရား ခုနစ်ပါးတို့ကား-
(၁) အောက်မေ့မှု သတိ သမ္ဗောဇ္ဈင်၊
(၂) သဘောတရားတို့ကို စိစစ်မှု ဓမ္မဝိစယ သမ္ဗောဇ္ဈင်၊
(၃) အားထုတ်မှု ဝီရိယ သမ္ဗောဇ္ဈင်၊
(၄) နှစ်သက်မှု ပီတိ သမ္ဗောဇ္ဈင်၊
(၅) ငြိမ်းအေးမှု ပဿဒ္ဒိ သမ္ဗောဇ္ဈင်၊
(၆) တည်ကြည်မှု သမာဓိ သမ္ဗောဇ္ဈင်၊
(၇) လျစ်လျူရှုမှု ဥပေက္ခာ သမ္ဗောဇ္ဈင်တို့တည်း။
(၁) သတိသမ္ဗောဇ္ဈင်
ရဟန်းသည် အောက်မေ့မှု သတိ ရှိ၏၊ ပညာနှင့် ယှဉ်သော မြတ်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်သော ကာလက ပြုခဲ့သည်ကို လည်းကောင်း၊ ကြာမြင့်သော ကာလက ဆိုခဲ့သည်ကို လည်းကောင်း အောက်မေ့ နိုင်ခြင်း၊ အထပ်ထပ် အောက်မေ့ နိုင်ခြင်းကို အောက်မေ့မှု သတိသမ္ဗောဇ္ဈင် ဟု ဆို၏။
ကိုယ်တွင်းသင်္ခါရတရားတို့၌ အောက်မေ့မှု သတိနှင့် ကိုယ်ပသင်္ခါရတရားတို့၌ အောက်မေ့မှု သတိ နှစ်မျိုးတို့တွင် ကိုယ်တွင်းသင်္ခါရတရားတို့၌ အောက်မေ့မှု သတိ သမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက် ပြုရန် ဖြစ်၏။ ကိုယ်ပ သင်္ခါရတရားတို့၌ အောက်မေ့မှု သတိသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကိုရရန်၊ နိဗ္ဗာန်ကို မျက်မှောက် ပြုရန် ဖြစ်၏။
(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင်
သတိသမ္ဗောဇ္ဈင်ဖြင့် နေသော ရဟန်းသည် အောက်မေ့ အမှတ်ရသော တရားကို ဝိပဿနာဉာဏ်ဖြင့် စိစစ်၊ သုံးသပ်၊ စူးစမ်းခြင်းကို သဘောတရားတို့ကို စိစစ်မှု ဓမ္မဝိစယ သမ္ဗောဇ္ဈင် ဟု ဆို၏။
ကိုယ်တွင်းသင်္ခါရတရားတို့၌ စိစစ်မှု ဓမ္မဝိစယ၊ ကိုယ်ပသင်္ခါရ တရားတို့၌ စိစစ်မှု ဓမ္မဝိစယ နှစ်မျိုးတို့တွင် ကိုယ်တွင်းသင်္ခါရ တရားတို့၌ စိစစ်မှု ဓမ္မဝိစယ သမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက် ပြုရန် ဖြစ်၏။ ကိုယ်ပသင်္ခါရ တရားတို့၌ စိစစ်မှု ဓမ္မဝိစယသမ္ဗောဇ္ဈင် သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကိုရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။
(၃) ဝီရိယသမ္ဗောဇ္ဈင်
တရားကို ဝိပဿနာဉာဏ်ဖြင့် စိစစ်သုံးသပ် စူးစမ်းခြင်းသို့ ရောက်သော ရဟန်းအား မတွန့်ဆုတ်သော အားထုတ်ခြင်း လုံ့လကို အားထုတ်မှု ဝီရိယသမ္ဗောဇ္ဈင်ဟု ဆို၏။
ကိုယ်၌ ဖြစ်သော အားထုတ်မှု ဝီရိယ၊ စိတ်၌ ဖြစ်သောအားထုတ်မှု ဝီရိယ နှစ်မျိုးတွင် ကိုယ်၌ ဖြစ်သော အားထုတ်မှု ဝီရိယသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက် ပြုရန် ဖြစ်၏။ စိတ်၌ဖြစ်သော အားထုတ်မှု ဝီရိယ သမ္ဗောဇ္ဈင် သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက် ပြုရန် ဖြစ်၏။
(၄) ပီတိသမ္ဗောဇ္ဈင်
အားထုတ်ခြင်း လုံ့လရှိသော ရဟန်းအား တွယ်တာမှု (အာမိသ) ကင်းသော နှစ်သက်မှု ပီတိကို နှစ်သက်မှု ပီတိသမ္ဗောဇ္ဈင်ဟု ဆို၏။
ဝိတက်ဝိစာရနှင့် တကွဖြစ်သော နှစ်သက်မှု ပီတိ၊ ဝိတက်ဝိစာရနှင့်တကွ မဖြစ်သော နှစ်သက်မှု ပီတိ နှစ်မျိုးတွင် ဝိတက်ဝိစာရနှင့်တကွဖြစ်သော နှစ်သက်မှု ပီတိ သမ္ဗောဇ္ဈင်သည်လည်း ဒုက္ခ သစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက် ပြုရန် ဖြစ်၏။ ဝိတက်ဝိစာရနှင့်တကွ မဖြစ်သော နှစ်သက်မှု ပီတိသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် ဖြစ်၏။
(၅) ပဿဒဿဓိသမ္ဗောဇ္ဈင်
နှစ်သက်သော စိတ်ရှိသော ရဟန်း၏ ကိုယ်၊ စိတ် တို့၏ ငြိမ်းအေးမှုကို ပသဿသဒဿဓိ သေမၺာဇၩင္ဟု ဆိုအပ်၏။
ကိုယ်ငြိမ်းအေးမှု၊ စိတ်ငြိမ်းအေးမှု ပသဿသဒဿဓိ နှစ်မျိုးတွင် ကိုယ်ငြိမ်းအေးမှု ပသဿသဒဿဓိ သမ္ဗောဇ္ဈင် သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက် ပြုရန် ဖြစ်၏။ စိတ်ငြိမ်းအေးမှု ပသဿသဒဿဓိ သမ္ဗောဇ္ဈင် သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။
(၆) သမာဓိသမ္ဗောဇ္ဈင်
ငြိမ်းအေးသော ကိုယ်ရှိသောကြောင့် ချမ်းသာသော ရဟန်း၏ စိတ်တည်ကြည်မှုကို သမာဓိ သမ္ဗောဇ္ဈင်ဟု ဆို၏။
ဝိတက်ဝိစာရနှင့်တကွ ဖြစ်သော တည်ကြည်မှု သမာဓိ၊ ဝိတက်ဝိစာရနှင့်တကွ မဖြစ်သော တည်ကြည်မှု သမာဓိ နှစ်မျိုးတွင် ဝိတက်ဝိစာရနှင့်တကွဖြစ်သော တည်ကြည်မှု သမာဓိ သမ္ဗောဇ္ဈင် သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။ ဝိတက်ဝိစာရနှင့်တကွ မဖြစ်သော တည်ကြည်မှု သမာဓိ သမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။
(၇) ဥပေက္ခာသမ္ဗောဇ္ဈင်
ရဟန်းသည် ထိုအခြင်းအရာဖြင့် တည်ကြည်သော စိတ်ကို ကောင်းစွာ လျစ်လျူရှုမှုကို ဥပေက္ခာ သမ္ဗောဇ္ဈင် ဟုဆို၏။
ကိုယ်တွင်းသင်္ခါရတရားတို့၌ လျစ်လျူရှုမှု ဥပေက္ခာ၊ ကိုယ်ပသင်္ခါရတရားတို့၌ လျစ်လျူရှုမှု ဥပေက္ခာ နှစ်မျိုးတွင် ကိုယ်တွင်းသင်္ခါရတရားတို့၌ လျစ်လျူရှုမှု ဥပေက္ခာ သမ္ဗောဇ္ဈင် သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကိုရရန်၊ နိဗ္ဗာန်ကို မျက်မှောက် ပြုရန် ဖြစ်၏။ ကိုယ်ပသင်္ခါရ တရားတို့၌ လျစ်လျူရှုမှု ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ဒုက္ခသစ္စာကို သိရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်၏။
No comments:
Post a Comment