ထူးသော ဉာဏ်ဖြင့်သိ၍ ငါဟောအပ်သော တရားတို့ကား သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒဿဓိပါဒ်လေးပါး ဣနြေဿဒငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တို့ ပေတည်း။
ဒီဃနိကာယ---မဟာဝဂဿဂ ပါဠိတော်
ကိုခိုင်
မဟာဝဂဿဂသံယုတ်ပါဠိတော်
၆ - ဗလသံယုတ်
၁ -- ဂဂဿငါပေယျာလဝဂ်
၁–၁၂ - ဗလ စသော (၁၂)သုတ်
ရဟန်းတို့ ဗိုလ်တို့သည် သဒဿဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ်တို့တည်း။ ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်းရှိုင်း သကဲ့သို့ ဤအတူပင် ရဟန်းသည် ဗိုလ်ငါးပါး တို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဗိုလ်ငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု (ရာဂ) ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သဒဿဓါဗိုလ်ကို ပွါးများ၏။
ဝီရိယဗိုလ်ကို။
သတိဗိုလ်ကို။
သမာဓိဗိုလ်ကို။
(ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု (ရာဂ) ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပညာဗိုလ်ကို ပွါးများ၏။
ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဗိုလ်ငါးပါးတို့ကို ပွါးများသည်ရှိသော် ကြိမ်ဖန်များစွာ ပြုလုပ်သည် ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။
=== ၅ -- သြဃဝဂ် ===
၁–၁၀ - သြဃစသော (၁၀)သုတ်
ရဟန်းတို့ အထက်ပိုင်း သံယောဇဉ်တို့သည် ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒဿဓစ္စ၊ အဝိဇ္ဇာ တို့တည်း။ ရဟန်းတို့ ဤအထက်ပိုင်း သံယောဇဉ် ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဗိုလ်ငါးပါးတို့ကို ပွါးများအပ်ကုန်၏။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု (ရာဂ) ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော သဒဿဓါဗိုလ်ကို ပွါးများ၏။ ဝီရိယဗိုလ်ကို။ သတိဗိုလ်ကို။ သမာဓိဗိုလ်ကို။ (ကိလေသာမှ) ဆိတ်ခြင်းကို မှီသော စွဲမက်မှု (ရာဂ) ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော ပညာဗိုလ်ကို ပွါးများ၏။ ရဟန်းတို့ ဤအထက်ပိုင်း သံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤဗိုလ်ငါးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
၁–၁၂ - ပါစီန စသော (၁၂)သုတ်
ရဟန်းတို့ ဂင်္ဂါမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်းရှိုင်း သကဲ့သို့ ရဟန်းသည် ဗိုလ်ငါးပါးတို့ကို ပွါးများခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်သည်ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏။ ရဟန်းတို့ အဘယ်သို့ နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု (ရာဂ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော အမျက်ထွက်မှု (ဒေါသ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု (မောဟ) ကို ပယ်ဖျောက်ခြင်း
လျှင် အဆုံးရှိသော ယုံကြည်မှု သဒဿဓါဗိုလ်ကို ပွါးများ၏။
ဝီရိယဗိုလ်ကို။
သတိဗိုလ်ကို။
သမာဓိဗိုလ်ကို။
စွဲမက်မှု (ရာဂ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော အမျက်ထွက်မှု (ဒေါသ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု (မောဟ)ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော ပညာဗိုလ်ကို ပွါးများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဗိုလ်ငါးပါးတို့ကို ပွါးများခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်သည် ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။
=== ၉ -- ဧသနာဝဂ် ===
၁–၁၂ - ဧသနာ စသော (၁၂)သုတ်
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု (ရာဂ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော အမျက်ထွက်မှု (ဒေါသ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု (မောဟ) ကို ပယ်ဖျောက်ခြင်း
လျှင် အဆုံးရှိသော ယုံကြည်မှု သဒဿဓါဗိုလ်ကို ပွါးများ၏။
ဝီရိယဗိုလ်ကို။
သတိဗိုလ်ကို။
သမာဓိဗိုလ်ကို။
စွဲမက်မှု (ရာဂ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော အမျက်ထွက်မှု (ဒေါသ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု (မောဟ)ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော ပညာဗိုလ်ကို ပွါးများ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဗိုလ်ငါးပါးတို့ကို ပွါးများခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်သည် ရှိသော် နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်း၏ဟု (မိန့်တော်မူ၏)။
=== ၁၀ -- သြဃဝဂ် ===
၁-၁၀ - သြဃ စသော ဆယ်သုတ်
ရဟန်းတို့ အထက်ပိုင်း သံယောဇဉ်တို့သည် ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒဿဓစ္စ၊ အဝိဇ္ဇာတို့တည်း။ ရဟန်းတို့ ဤအထက်ပိုင်း သံယောဇဉ် ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဗိုလ်ငါးပါးတို့ကို ပွါးများအပ်ကုန်၏။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် စွဲမက်မှု (ရာဂ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော အမျက်ထွက်မှု (ဒေါသ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု (မောဟ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော သဒဿဓါဗိုလ်ကို ပွါးများ၏။
ဝီရိယဗိုလ်ကို။
သတိဗိုလ်ကို။
သမာဓိဗိုလ်ကို။
စွဲမက်မှု (ရာဂ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော အမျက်ထွက်မှု (ဒေါသ) ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု (မောဟ) ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော ပညာဗိုလ်ကို ပွါးများ၏။
ရဟန်းတို့ ဤအထက်ပိုင်း သံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ ဤဗိုလ်ငါးပါးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။
No comments:
Post a Comment