Tuesday, February 10, 2009

အတင်းပြောခြင်းကို ဘုရားရှင် ဤသို့ဆုံးဖြတ်၏

သီလက္ခန်ပါဠိတော်၊ ဗြဟ္မဇာလသုတ်၊ ပရိဗ္ဗာဖကကထာ
၅။ ရဟန်းတို့ တစ်ပါးသူတို့သည် ငါ၏အပြစ်ကို ဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏အပြစ်ကို ဖြစ်စေ၊ ပြောကြလျှင် သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မချမ်းခြင်း မဖြစ်စေသင့်။
ရဟန်းတို့ တစ်ပါးသူတို့သည် ငါ၏အပြစ်ကို ဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏အပြစ်ကို ဖြစ်စေ၊ ပြောကြရာ၌ သင်တို့သည် အမြက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ် ဖြစ်ရာ၏။
ရဟန်းတို့ တစ်ပါးသူတို့သည် ငါ၏အပြစ်ကို ဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏အပြစ်ကို ဖြစ်စေ၊ ပြောကြရာ၌ အမြက်ထွက်ကြလျှင် သင်တို့သည် သူတပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင်ကြပါမည်လော။
ရဟန်းတို့ တစ်ပါးသူတို့သည် ငါ၏အပြစ်ကို ဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏အပြစ်ကို ဖြစ်စေ၊ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။

No comments:

Post a Comment