Tuesday, December 22, 2009

နကုလပိတုသုတ်

၁ - နကုလပိတုသုတ်
မြတိစွာဘုရားသည် ဘဂဿဂတိုင်း သုသုမာရဂိရမြို့ သားတို့ကို ဘေးမဲ့ပေးရာ ဘေသကဠတောတွင် သီတင်းသုံးစဉ်အခါက
နကုလပိတာ သူကြွယ်သည် မြတ်စွာ ဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုနေရာ၌ ထိုင်ပြီး လျှောက်၏-
အသျှင်ဘုရား အကျွန်ုပ်သည် အိုမင်းပါပြီ၊ အရွယ်ရင့်ပါပြီ၊ အသက်ကြီးပါပြီ၊ တတိယအရွယ် တိုင်ပါပြီ၊ နောက်ဆုံးအရွယ် ရောက်ပါပြီ၊ ကိုယ်သည် နာကျင်ပါ၏၊ မပြတ်နာကျင် နေပါ၏၊ အကျွန်ုပ်သည် မြတ်စွာဘုရားကို လည်းကောင်း၊ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းတော်တို့ကို လည်းကောင်း အမြဲတစေ မဖူးမြင်နိုင် တော့ပါ။ မြတ်စွာဘုရား အကျွန်ုပ်အား ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ အဆုံးအမတော်သည် အကျွန်ုပ်အား ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာ အလို့ငှါ ဖြစ်ရာပါ၏ဟု (လျှောက်၏)။
သူကြွယ် ဤစကားသည် မှန်ပေ၏၊ ဟုတ်ပေ၏၊ ဤကိုယ်သည် နာကျင်ပေ၏၊ ဥကဲ့သို့ ဖြစ်၏၊ အရေပါးတို့ဖြင့် မြှေးယှက်ထား၏၊ တစ်ဦး တစ်ယောက်သော သူသည် ဤကိုယ်ကို ရွက်ဆောင် နေရလျက် တစ်ခဏမျှသော်လည်း အနာကင်းသည် ဆိုပါမူ ထိုသူ့အား မိုက်သည်ဟု ဆိုရုံမှ တပါး အခြား မရှိချေ၊ ထို့ကြောင့် ဤအရာဝယ် 'ငါသည် နာကျင်သော ကိုယ်ရှိသူ ဖြစ်လျက် ငါ၏ စိတ်သည် နာကျင်မှု ကင်းလတ္တံ့' ဟု ကျင့်ပါဟု မိန့်တော်မူ၏။
နကုလပိတာသူကြွယ်သည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက် ဝမ်းမြောက်လျက် နေရာမှထကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ အသျှင်သာရိပုတြာ ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ နကုလပိတာသူကြွယ်အား အသျှင်သာရိပုတြာသည် ဤစကားကို ဆို၏- 'သူကြွယ် သင်၏ ဣနြေဿဒတို့သည် အလွန်ကြည်လင်၏၊ မျက်နှာအဆင်းသည်လည်း စင်ကြယ်၏၊ ဖြူစင် တောက်ပ၏၊ ယနေ့ မြတ်စွာဘုရား၏ မျက်မှောက်တော်မှ တရားစကားကို နာခဲ့ရပါသလော' ဟု ဆို၏။
အသျှင်ဘုရား အဘယ်မှာ မနာရဘဲ ရှိပါမည်နည်း၊ အသျှင်ဘုရား ယခုပင် အကျွန်ုပ်ကို မြတ်စွာဘုရားသည် တရား စကား အမြိုက်ရေဖြင့် သွန်းလောင်းလိုက်ပါ၏ဟု လျှောက်၏။
သူကြွယ် သင့်ကို မြတ်စွာဘုရားသည် တရားစကား အမြိုက်ရေဖြင့် အဘယ်သို့ သွန်းလောင်းလိုက်ပါ သနည်းဟု မိန့်၏။
အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားအား 'အကျွန်ုပ်သည် အိုမင်းပါပြီ၊ အရွယ်ရင့်ပါပြီ၊ အသက်ကြီးပါပြီ၊ တတိယအရွယ် တိုင်ပါပြီ၊ နောက်ဆုံးအရွယ် ရောက်ပါပြီ၊ ကိုယ်သည် နာကျင်ပါ၏၊ မပြတ်နာကျင် နေပါ၏၊ အကျွန်ုပ်သည် မြတ်စွာဘုရားကို လည်းကောင်း၊ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းတော်တို့ကို လည်းကောင်း အမြဲတစေ မဖူးမြင်နိုင် တော့ပါ။ မြတ်စွာဘုရား အကျွန်ုပ်အား ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ အဆုံးအမတော်သည် အကျွန်ုပ်အား ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာ အလို့ငှါ ဖြစ်ရာပါ၏' ဟု လျှောက်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား သူကြွယ် ဤစကားသည် မှန်ပေ၏၊ ဟုတ်ပေ၏၊ ဤကိုယ်သည် နာကျင်ပေ၏၊ ဥကဲ့သို့ ဖြစ်၏၊ အရေပါးတို့ဖြင့် မြှေးယှက်ထား၏၊ တစ်ဦး တစ်ယောက်သော သူသည် ဤကိုယ်ကို ရွက်ဆောင် နေရလျက် တစ်ခဏမျှသော်လည်း အနာကင်းသည် ဆိုပါမူ ထိုသူ့အား မိုက်သည်ဟု ဆိုရုံမှ တပါး အခြား မရှိချေ၊ ထို့ကြောင့် ဤအရာဝယ် 'ငါသည် နာကျင်သော ကိုယ်ရှိသူ ဖြစ်လျက် ငါ၏ စိတ်သည် နာကျင်မှု ကင်းလတ္တံ့' ဟု ကျင့်ပါ ဟု တရားစကား အမြိုက်ရေဖြင့် သွန်းလောင်းလိုက်ပါ၏ဟု လျှောက်၏။
သူကြွယ် 'အဘယ်သို့ နာကျင်သောကိုယ် နှင့် နာကျင်သော စိတ်ရှိသူ၊ နာကျင်သောကိုယ် နှင့် နာကျင်သော စိတ်မရှိသူ ဖြစ်ပါသနည်း' ဟု မြတ်စွာ ဘုရားအား ပြန်မေးလျှောက်ရန် သင့်ဉာဏ်၌ မထင်ပြီလောဟု မိန့်၏။
အသျှင်သာရိပုတြာ အသျှင်ဘုရား အကျွန်ုပ်တို့သည် စကား၏ အနက်ကို သိရန် အဝေးကြီးမှ လာရပါ၏၊ တောင်းပန်ပါ၏၊ ဤစကား၏ အနက်ကို ထင်စေတော်မူပါ ဟု လျှောက်၏။
သူကြွယ် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏၊
'အသျှင်ဘုရား ကောင်းပါပြီ' ဟု နကုလပိတာ သူကြွယ်သည် အသျှင်သာရိပုတြာအား လျှောက်၏။
သူကြွယ် နာကျင်သောကိုယ် နှင့် နာကျင်သော စိတ်ရှိသူ ဟူသည် ဤသာသနာတော်၌ အကြားအမြင် မရှိသော၊ အရိယာတို့ကို မဖူးမြင်ဖူးသော၊ အရိယာတရား၌ မလိမ္မာသော၊ အရိယာ တရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော၊ သူတော်ကောင်းတရား၌ မလိမ္မာသော၊ သူတော် ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ယူဆ၏။ ရုပ်ရှိသော အတ္တ၊ အတ္တ၌ ရုပ်၊ ရုပ်၌ အတ္တ ဟူ၍ ယူဆ၏။ 'ငါသည် ရုပ်ဖြစ်၏၊ ရုပ်သည် ငါ၏ ဥစ္စာဖြစ်၏ ' ဟု ယူဆသော ထိုသူ၏ ရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ရုပ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်၏။
ဝေဒနာကို အတ္တဟူ၍ ယူဆ၏။ ဝေဒနာရှိသော အတ္တ၊ အတ္တ၌ ဝေဒနာ၊ ဝေဒနာ၌ အတ္တ ဟူ၍ ယူဆ၏။ 'ငါသည် ရုပ်ဖြစ်၏၊ ဝေဒနာသည် ငါ၏ ဥစ္စာဖြစ်၏ ' ဟု ယူဆသော ထိုသူ၏ ဝေဒနာသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ဝေဒနာ၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်၏။
သညာကို အတ္တဟူ၍ ယူဆ၏။သညာရှိသော အတ္တ၊ အတ္တ၌ သညာ၊ သညာ၌ အတ္တ ဟူ၍ ယူဆ၏။ 'ငါသည် ရုပ်ဖြစ်၏၊ သညာသည် ငါ၏ ဥစ္စာဖြစ်၏ ' ဟု ယူဆသော ထိုသူ၏ သညာသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ သညာ၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်၏။
သခဿငါရကို အတၱဟူ၍ ယူဆ၏။သခဿငါရရွိေသာ အတၱ၊ အတၱ၌ သခဿငါရ၊ သခဿငါရ၌ အတၱ ဟူ၍ ယူဆ၏။ 'ငါသည် ရုပ်ဖြစ်၏၊ သခဿငါရသည် ငါ၏ ဥစ္စာဖြစ်၏ ' ဟု ယူဆသော ထိုသူ၏ သခဿငါရသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ သခဿငါရ၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်၏။
ဝိညာဏ်ကို အတ္တဟူ၍ ယူဆ၏။ဝိညာဏ်ရှိသော အတ္တ၊ အတ္တ၌ ဝိညာဏ်၊ ဝိညာဏ်၌ အတ္တ ဟူ၍ ယူဆ၏။ 'ငါသည် ရုပ်ဖြစ်၏၊ ဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏ ' ဟု ယူဆသော ထိုသူ၏ ဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ဝိညာဏ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်၏။
သူကြွယ် ဤသို့ နာကျင်သော ကိုယ် နှင့် နာကျင်သော စိတ်ရှိသူ ဖြစ်၏။
ဤသာသနာတော်၌ အကြားအမြင် ရှိသော၊ အရိယာတို့ကို ဖူးမြင်ဖူးသော၊ အရိယာတရား၌ လိမ္မာသော၊ အရိယာ တရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော၊ သူတော်ကောင်းတရား၌ လိမ္မာသော၊ သူတော် ကောင်းတရား၌ ယဉ်ကျေးသော အရိယာ၊ အရိယာ တပည့်သည် ရုပ်၊ ဝေဒနာ၊ သညာ၊ သခဿငါရ၊ ဝိညာဏ် တို့ကို ထိုသို့ မယူဆ၊ ထိုသို့ မရှု သဖြင့် ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ မဖြစ်ပေ။
နကုလပိတာ သူကြွယ်သည် အသျှင်သာရိပုတြာ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်လေ၏။

No comments:

Post a Comment