သတိပဋ္ဌာန်လေးပါးတို့ကား
ကိလေသာကို ပြင်းစွာပူပန်စေတတ်သော လုံ့လ၊ ကောင်းစွာ အပြားအားဖြင့် သိသောပညာ၊ အောက်မေ့မှု သတိရှိလျက် (ခန္ဓာကိုယ်တည်းဟူသော) လောက၌ တပ်မက်မှု (အဘိဇ္ဈာ)၊ နှလုံးမသာယာမှု (ဒေါမနဿ)ကို ပယ်ဖျောက်၍
(၁) ကာယာနုပဿနာ
မိမိ၏ ခန္ဓာကိုယ်ရှိ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ သူတစ်ပါး ခန္ဓာကိုယ်ရှိ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန်အထပ်ထပ်ရှုလျက် နေ၏။ မိမိခန္ဓာကိုယ်၊ သူတစ်ပါး ခန္ဓာကိုယ်ရှိ (ဆံပင်စသော) ရုပ်အပေါင်းကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။
(၂) ဝေဒနာနုပဿနာ
မိမိ၏ ခံစားမှု (ဝေဒနာ)တို့၌ ချမ်းသာစသော ခံစားမှု (ဝေဒနာ) ကိုအဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ သူတစ်ပါး ခံစားမှု (ဝေဒနာ)တို့၌ ချမ်းသာစသော ခံစားမှု (ဝေဒနာ) ကို အဖန်ဖန် အထပ်ထပ် ရှုလျက်နေ၏။ မိမိ၊ သူတစ်ပါး ခံစားမှု (ဝေဒနာ)တို့၌ ချမ်းသာ စသော ခံစားမှု (ဝေဒနာ)ကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။
(၃) စိတ္တာနုပဿနာ
မိမိ၏ စိတ်၌ (ဖြစ်ပေါ်လာသည့် သရာဂစသော) စိတ်ကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ သူတစ်ပါးစိတ်၌ (ဖြစ်ပေါ်လာသည့် သရာဂစသော) စိတ်ကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ မိမိ၊ သူတစ်ပါးစိတ်၌ (ဖြစ်ပေါ်လာသည့် သရာဂစသော) စိတ်ကို အဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။
(၄) ဓမ္မာနုပဿနာ
မိမိသန္တာန်၌ (ဖြစ်ပေါ်လာသော) တရားတို့၌ (ဖြစ်ပေါ် လာသော ကာမစ္ဆန္ဒစသော) တရားကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။ သူတစ်ပါးသန္တာန်၌ (ဖြစ်ပေါ်လာသော) တရားတို့၌ (ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒစသော) တရားကိုအဖန်ဖန် အထပ်ထပ် ရှုလျက် နေ၏။ မိမိသန္တာန်၊ သူတစ်ပါးသန္တာန်၌ (ဖြစ်ပေါ်လာသော) တရားတို့၌ (ဖြစ်ပေါ်လာသော ကာမစ္ဆန္ဒ စသော) တရားကို အဖန်ဖန် အထပ်ထပ်ရှုလျက် နေ၏။
No comments:
Post a Comment