Monday, August 3, 2009

မကျင့်အပ်သော အကျင့်များ

မကျင့်အပ်သော အကျင့်များ
၁) ကိုယ်၌ ဖြစ်သော လွန်ကျူးခြင်း၊ နှုတ်၌ ဖြစ်သော လွန်ကျူးခြင်း၊
၂) သီလပျက်ကြောင်း အကျင့် အားလုံးသည်လည်း မကျင့်အပ်သော အကျင့် မည်၏။
၃) ရဟန်းသည် ၀ါးပေးခြင်းဖြင့် လည်းကောင်း၊ သစ်ရွက်ပေးခြင်းဖြင့် လည်းကောင်း၊ ပန်းပေးခြင်းဖြင့် လည်းကောင်း၊ သစ်သီးပေးခြင်းဖြင့် လည်းကောင်း၊ ရေချိုးဆပ်ပြာမှုန့်ပေးခြင်းဖြင့် လည်းကောင်း၊ ဒန်ပူပေးခြင်းဖြင့် လည်းကောင်း၊ ချစ်ခင်စေလို၍ မြှောက်ပင့်ပြောဆိုခြင်းဖြင့် လည်းကောင်း၊ အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်းဖြင့် လည်းကောင်း၊ ကလေးချော့ ကလေးထိန်းပေးခြင်းဖြင့် လည်းကောင်း၊ လူတို့အတွက် သတင်းပို့ပေးခြင်းဖြင့်  လည်းကောင်း၊ မြတ်စွာဘုရား စက်ဆုပ်တော်မူအပ်သော မှားသော အသက်မွေးမှု တစ်ခုခုဖြင့် လည်းကောင်း အသက်မွေးမြူ၏၊

No comments:

Post a Comment