Wednesday, August 19, 2009

ပဋိစ္စသမုပ္ပါဒ်

ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ပါး
၂၂၅။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ပါး
(၁) (သစ္စာလေးပါးတို့ကို) မသိခြင်း (အ၀ိဇ္ဇာ) ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု (သင်္ခါရ) ဖြစ်
(၂) ပြုပြင်စီရင်မှု (သင်္ခါရ)ဟူသော အကြောင်းကြောင့် သိမှု (၀ိညာဏ်) ဖြစ်
(၃) သိမှု (၀ိညာဏ်)ဟူသော အကြောင်းကြောင့် (နာမ်ရုပ်) ဖြစ်
(၄) (နာမ်ရုပ်)ဟူသော အကြောင်းကြောင့် (အာယတန) ခြောက်ပါး ဖြစ်
(၅) (အာယတန) ခြောက်ပါးဟူသော အကြောင်းကြောင့် တွေ့ထိမှု (ဖဿ) ဖြစ်
(၆) တွေ့ထိမှု (ဖဿ)ဟူသော အကြောင်းကြောင့် ခံစားမှု (ဝေဒနာ) ဖြစ်
(၇) ခံစားမှု (ဝေဒနာ)ဟူသော အကြောင်းကြောင့် တပ်မက်မှု (တဏှာ) ဖြစ်
(၈) တပ်မက်မှု (တဏှာ)ဟူသော အကြောင်းကြောင့် စွဲလမ်းမှု (ဥပါဒါန်) ဖြစ်
(၉) စွဲလမ်းမှု (ဥပါဒါန်)ဟူသော အကြောင်းကြောင့် (ဘ၀) ဖြစ်
(၁၀) (ဘ၀)ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း (ဇာတိ) ဖြစ်
(၁၁) ပဋိသန္ဓေနေခြင်း (ဇာတိ)ဟူသော အကြောင်းကြောင့် အိုခြင်း (ဇရာ)၊ သေခြင်း (မရဏ) ဖြစ်
(၁၂) အိုခြင်း (ဇရာ)၊ သေခြင်း (မရဏ)ဟူသော အကြောင်းကြောင့် စိုးရိမ်ပူဆွေးခြင်း (သောက)၊ ငိုကြွေးခြင်း (ပရိဒေ၀)၊ ကိုယ်ဆင်းရဲခြင်း (ဒုက္ခ)၊ စိတ်ဆင်းရဲခြင်း (ဒေါမနဿ)၊ ပြင်းစွာပူလောင်ခြင်း (ဥပါယာသ) တို့သည် ဖြစ်ကုန်၏။
ဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဆင်းရဲအစု၏ အညီအညွတ် ပေါင်းဆုံ ထင်ရှားကျရောက် သည်။

(၁) အ၀ိဇ္ဇာ
၂၂၆။ သစ္စာလေးပါးကို မသိခြင်း (အ၀ိဇ္ဇာ)
(က) ဆင်းရဲမှု အမှန်တရား (ဒုက္ခသစ္စာ)၌ မသိခြင်း၊
(ခ) ဆင်းရဲမှု ဖြစ်ကြောင်း အမှန်တရား (သမုဒယသစ္စာ)၌ မသိခြင်း၊
(ဂ) ဆင်းရဲမှု ချုပ်ရာ အမှန်တရား (နိရောဓသစ္စာ)၌ မသိခြင်း၊
(ဃ) ဆင်းရဲမှု ချုပ်ရာသို့ရောက်ကြောင်း အမှန်တရား (မဂ္ဂသစ္စာ)၌ မသိခြင်း၊

(၂) သင်္ခါရ
သစ္စာလေးပါးကို မသိခြင်းဟူသော အကြောင်း ကြောင့်ဖြစ်သော ပြုပြင်စီရင်မှု (သင်္ခါရ)
(က) ကုသိုလ်ကောင်းမှုကို ပြုလုပ်မှု (ပုညာဘိသင်္ခါရ)၊ ကာမတဏှာ၏ ကျင်လည်ရာဖြစ်သော၊ ရူပတဏှာ၏ ကျင်လည်ရာဖြစ်သော ဒါနပြုသောအခါ သီလ ဆောက်တည်သောအခါ သမထ၀ိပဿနာ အားထုတ်သော အခါ လောကီကုသိုလ်စေတနာ
(ခ) မကောင်းမှု အကုသိုလ်ကို ပြုလုပ်မှု (အပုညာဘိသင်္ခါရ)၊ ကာမတဏှာ၏ ကျင်လည်ရာဖြစ်သော အကုသိုလ်စေတနာ
(ဂ) အရူပဈာန်တရားအားထုတ်မှု (အာနေဉ္ဇာဘိသင်္ခါရ)၊ အရူပတဏှာ၏ ကျင်လည်ရာ ဖြစ်သော အရူပကုသိုလ် စေတနာ
(ဃ) ကိုယ်ဖြင့် ပြုလုပ်မှု (ကာယသင်္ခါရ)၊
(င) နှုတ်ဖြင့် ပြောဆိုမှု (၀စီသင်္ခါရ)၊
(စ) စိတ်ဖြင့် ကြံစည်မှု (စိတ္တသင်္ခါရ)၊

(၃) ၀ိညာဏ်
၂၂၇။ ပြုပြင်စီရင်မှု (သင်္ခါရ)ဟူသော အကြောင်းကြောင့်ဖြစ်သော သိမှု (၀ိညာဏ်)
မြင်သိစိတ် (စက္ခုဝိညာဏ်)၊
ကြားသိစိတ် (သောတ၀ိညာဏ်)၊
နံသိစိတ် (ဃာန၀ိညာဏ်)၊
လျက်သိစိတ် (ဇိဝှါဝိညာဏ်)၊
ထိသိစိတ် (ကာယ၀ိညာဏ်)၊
ကြံသိစိတ် (မနောဝိညာဏ်)

(၄) နာမ်ရုပ်
၂၂၈။ သိမှု (၀ိညာဏ်)ဟူသော အကြောင်းကြောင့်ဖြစ်သော နာမ်ရုပ်
နာမ်
ခံစားမှု အစု (ဝေဒနာက္ခန္ဓာ)၊
မှတ်သားမှု အစု (သညာက္ခန္ဓာ)၊
ပြုပြင်မှု အစု (သင်္ခါရက္ခန္ဓာ)
ရုပ်
မဟာဘုတ်လေးပါးတို့သည်လည်းကောင်း၊
မဟာဘုတ်လေးပါးတို့ကို မှီ၍ဖြစ်သော ရုပ်သည် လည်းကောင်း

(၅) သဠာယတန
၂၂၉။ နာမ်ရုပ်ဟူသော အကြောင်းကြောင့်ဖြစ်သော အာယတနခြောက်ပါး
မြင်သိစိတ်ဖြစ်ရာ မျက်စိအကြည် (စက္ခာယတန) (အမြင်အာရုံခံပစ္စည်း)၊
ကြားသိစိတ်ဖြစ်ရာ နားအကြည် (သောတာယတန) (အသံအာရုံခံပစ္စည်း)၊
နံသိစိတ်ဖြစ်ရာ နှာခေါင်းအကြည် (ဃာနာယတန) (အနံ့အာရုံခံပစ္စည်း)၊
လျက်သိစိတ်ဖြစ်ရာ လျှာအကြည် (ဇိဝှါ ယတန) (အရသာအာရုံခံပစ္စည်း)၊
ထိသိစိတ်ဖြစ်ရာ ကိုယ်အကြည် (ကာယာယတန) (ထိတွေ့အာရုံခံပစ္စည်း)၊
သိမှု စိတ်ဖြစ်ရာ မနောအကြည် (မနာယတန) (သိစိတ်)

(၆) ဖဿ
၂၃၀။ အာယတနခြောက်ပါးဟူသော အကြောင်းကြောင့် ဖြစ်သော တွေ့ထိမှု (ဖဿ)
မြင်သိစိတ်နှင့်ယှဉ်သော တွေ့ထိမှု (ဖဿ) အလင်းနှင့် အာရုံခံပစ္စည်း ထိတွေ့မှု၊
ကြားသိစိတ်နှင့်ယှဉ်သော တွေ့ထိမှု (ဖဿ) အသံနှင့် အာရုံခံပစ္စည်း ထိတွေ့မှု၊
နံသိစိတ်နှင့် ယှဉ်သော တွေ့ထိမှု (ဖဿ) အနံ့နှင့် အာရုံခံပစ္စည်း ထိတွေ့မှု၊
လျက်သိစိတ်နှင့် ယှဉ်သော တွေ့ထိမှု (ဖဿ) အရသာနှင့် အာရုံခံပစ္စည်း ထိတွေ့မှု၊
ထိသိစိတ်နှင့် ယှဉ်သောတွေ့ထိမှု (ဖဿ) ထိနိုင်သော အရာနှင့် အာရုံခံပစ္စည်း ထိတွေ့မှု၊
သိမှု စိတ်နှင့်ယှဉ်သော တွေ့ထိမှု (ဖဿ) အကြောင်းအရာနှင့် သိစိတ်ထိတွေ့မှု
(၇) ဝေဒနာ
၂၃၁။ တွေ့ထိမှု (ဖဿ)ဟူသော အကြောင်းကြောင့်ဖြစ်သော ခံစားမှု (ဝေဒနာ)
မြင်တွေ့မှုကြောင့်ဖြစ်သော ခံစားမှု (ဝေဒနာ)၊ feeling at light sensor due to impact of image light
ကြားတွေ့မှုကြောင့်ဖြစ်သော ခံစားမှု (ဝေဒနာ)၊ feeling at sound sensor due to impact of sound
အနံ့ တွေ့မှုကြောင့်ဖြစ်သော ခံစားမှု (ဝေဒနာ)၊ feeling at smell sensor due to impact of smell
အရသာတွေ့မှုကြောင့်ဖြစ်သော ခံစားမှု (ဝေဒနာ)၊ feeling at tongue sensor due to impact of flavor
ထိတွေ့မှုကြောင့်ဖြစ်သော ခံစားမှု (ဝေဒနာ)၊ feeling at nerve sensor due to contact
သိစိတ် ကြောင့် ဖြစ်သော ခံစားမှု (ဝေဒနာ)၊ feeling on counciousness

(၈) တဏှာ
၂၃၂။ တပ်နှစ်သက်မှု (တဏှာ)
အဆင်းရူပါရုံ၌ တပ်နှစ်သက်မှု၊
အသံသဒ္ဒါရုံ၌ တပ်နှစ်သက်မှု၊
အနံ့ဂန္ဓာရုံ၌ တပ်နှစ်သက်မှု၊
အရသာရသာရုံ၌ တပ်နှစ်သက်မှု၊
အတွေ့ဖေါဋ္ဌဗ္ဗာရုံ၌ တပ်နှစ်သက်မှု၊
သဘောတရား ဓမ္မာရုံ၌ တပ်နှစ်သက်မှု

(၉) ဥပါဒါန်
၂၃၃။ စွဲလမ်းမှု (ဥပါဒါန်)
ကာမဂုဏ်တို့ကို စွဲလမ်းမှု (ကာမုပါဒါန်)၊
မှားသောအယူဝါဒကို စွဲလမ်းမှု (ဒိဋ္ဌုပါဒါန်)၊
မှားသော သီလ အကျင့်တို့ကို စွဲလမ်းမှု (သီလဗ္ဗတုပါဒါန်)၊
အတ္တရှိ၏ဟူသော ၀ါဒကို စွဲလမ်းမှု (အတ္တ၀ါဒုပါဒါန်)

(၁၀) ဘဝ
၂၃၄။
(က) ဘုံဘ၀သို့ ရောက်စေတတ်သော ကုသိုလ်၊ အကုသိုလ်ကံ (ကမ္မဘ၀)
ကမ္မဘ၀ (ဘုံဘ၀သို့ ရောက်စေတတ်သော ကံတရားအားလုံးသည် ကမ္မဘ၀မည်၏။)
လောကီ (ကာမ၊ ရူပ) ကောင်းမှု ကုသိုလ် ပြုလုပ်မှု (ပုညာဘိသင်္ခါရ)၊
မကောင်းမှု အကုသိုလ် ပြုလုပ်မှု (အပုညာဘိသင်္ခါရ)၊
အရူပဈာန် တရားအားထုတ်မှု (အာနေဉ္ဇာဘိသင်္ခါရ)
(ခ) သတ္တ၀ါတို့၏ဖြစ်ရာ ဘုံဘ၀ဟူသော ဥပပတ္တိဘဝ
ဥပပတ္တိဘ၀ သတ္တ၀ါတို့၏ ဖြစ်ရာဘုံဘဝ
ကာမသတ္တ၀ါတို့၏ဖြစ်ရာ ကာမ-၁၁-ဘုံဟူသော ကာမဘ၀။
ရူပဗြဟ္မာတို့၏ဖြစ်ရာ ရူပ-၁၆-ဘုံဟူသော ရူပဘ၀။
အရူပဗြဟ္မာတို့၏ဖြစ်ရာ အရူပ-၄-ဘုံဟူသော အရူပဘ၀။
နာမ်ရှိသော သတ္တ၀ါတို့၏ဖြစ်ရာ သညီဘ၀။
နာမ်မဲ့သောသတ္တ၀ါတို့၏ဖြစ်ရာ အသညီဘ၀။
နာမ်ရှိလည်းမဟုတ် နာမ်မဲ့လည်း မဟုတ် (ထင်ရှားသော နာမ်မရှိ၊ သိမ်မွေ့သော နာမ်သာရှိ) သော သတ္တ၀ါတို့၏ ဖြစ်ရာ နေ၀သညီနာသညီဘ၀။
ခန္ဓာတစ်ပါးသာရှိသော သတ္တ၀ါတို့၏ဖြစ်ရာ ဧကဝေါကာရဘ၀။
နာမ်ခန္ဓာလေးပါးရှိသော သတ္တ၀ါတို့၏ဖြစ်ရာ စတုဝေါကာရဘ၀။
ခန္ဓာငါးပါးရှိသော သတ္တ၀ါတို့၏ဖြစ်ရာ ပဉ္စဝေါကာရဘ၀သည် ရှိ၏။

(၁၁) ဇာတိ
၂၃၅။ ဘ၀ဟူသော အကြောင်းကြောင့်ဖြစ်သောပဋိသန္ဓေနေခြင်း (ဇာတိ)
ပဋိသန္ဓေနေခြင်း (ဇာတိ)၊
ကောင်းစွာပဋိသန္ဓေနေခြင်း (သဉ္စာတိ)၊
အမိဝမ်းသို့သက်ဝင်ခြင်း (သြက္ကန္တိ)၊
ကိုယ်ထင်ရှားဖြစ်ခြင်း (အဘိနိဗ္ဗတ္တိ)၊
ခန္ဓာတို့၏ ထင်ရှား ဖြစ်ခြင်း (ပါတုဘာဝ)၊
အာယတနတို့ကို အသစ်ရခြင်း (ပဋိလာဘ)

(၁၂) ဇရာမရဏ
၂၃၆။ ပဋိသန္ဓေနေခြင်း (ဇာတိ) ဟူသော အကြောင်းကြောင့် ဖြစ်သော အိုခြင်း၊ သေခြင်း (ဇရာမရဏ)
(က) အိုခြင်း (ဇရာ)
အိုမင်းခြင်း (ဇရာ)၊
ရင့်ရော်ခြင်း (ဇီရဏတာ)၊
သွားကျိုးခြင်း (ခဏ္ဍိစ္စ)၊
ဆံဖြူခြင်း (ပါလိစ္စ)၊
အရေတွန့်ခြင်း (၀လိတ္တစတာ)၊
အသက်၏ဆုတ်ယုတ်ခြင်း (သံဟာနိ)၊
ဣနြေ္ဒတို့၏ ရင့်ကျက်ခြင်း (ပရိပါက)
(ခ) သေခြင်း (မရဏ)
စုတေခြင်း (စုတိ)၊
ရွေ့လျောခြင်း (စ၀နတာ)၊
ပျက်စီးခြင်း (ဘေဒေါ)၊
ကွယ်ပျောက်ခြင်း (အန္တရဓာန)၊
သက်ပြတ်သေဆုံးခြင်း (မစ္စုမရဏ)၊
သေဆုံးချိန်ကို ပြုခြင်း (ကာလကိရိယာ)၊
ခန္ဓာတို့၏ ပျက်စီးခြင်း (ခန္ဓဘေဒ)၊
အလောင်းကောင်ကို စွန့်ပစ်ခြင်း (ကဠေ၀ရနိက္ခေပ)၊
ဇီဝိတိနြေ္ဒ၏ ပြတ်ခြင်း (ဇီဝိတိန္ဒြိယဥပစ္ဆေဒ)

သောက
၂၃၇။ စိုးရိမ်ခြင်း (သောက)
(ဆွေမျိုးပျက်စီးခြင်းနှင့် တွေ့သောသူ၊ စီးပွါးပျက်စီးခြင်းနှင့် တွေ့သောသူ၊ အနာရောဂါနှိပ်စက်ခြင်းနှင့် တွေ့သောသူ၊
သီလပျက်စီးခြင်းနှင့် တွေ့သောသူ၊ အယူပျက်စီးခြင်းနှင့် တွေ့သောသူ၊ ပျက်စီးခြင်းတစ်ခုခုနှင့် တွေ့သောသူ၊
ဆင်းရဲမှု တစ်ခုခုနှင့် တွေ့သောသူ တို့၏)
စိုးရိမ်ခြင်း (သောက)၊
စိုးရိမ်ခြင်း အခြင်းအရာ (သောစနာ)၊
စိုးရိမ်သူ၏အဖြစ် (သောစိတတ္တ)၊
အတွင်းဆွေးဆွေးခြင်း (အန္တောသောက)၊
အတွင်းပူပူခြင်း (အန္တောပရိသောက)၊
ကြံမှိုင်ခြင်း (ပရိဇ္ဈာယန)၊
စိတ်ဆင်းရဲခြင်း (ဒေါမနဿ)၊
သောက ငြောင့်စူးဝင်ခြင်း (သောကသလ္လ)

ပရိဒေဝ
၂၃၈။ ငိုကြွေးခြင်း (ပရိဒေ၀)
(ဆွေမျိုးပျက်စီးခြင်းနှင့် တွေ့သောသူ၊ စီးပွါးပျက်စီးခြင်းနှင့် တွေ့သောသူ၊ အနာရောဂါနှိပ်စက်ခြင်းနှင့် တွေ့သောသူ၊
သီလပျက်စီးခြင်းနှင့် တွေ့သောသူ၊ အယူပျက်စီးခြင်းနှင့် တွေ့သောသူ၊ ပျက်စီးခြင်းတစ်ခုခုနှင့် တွေ့သောသူ၊
ဆင်းရဲမှု တစ်ခုခုနှင့် တွေ့သောသူ တို့၏)
တစ်စုံတစ်ယောက်ကို ရည်ညွှန်း၍ ငိုကြွေးခြင်း (အာဒေ၀)၊
ဂုဏ်ကျေးဇူးကို ဖွဲ့နွဲ့၍ ငိုကြွေးခြင်း (ပရိဒေ၀)၊
တစ်စုံတစ်ယောက်ကို ရည်ညွှန်း၍ ငိုကြွေးသောအခြင်းအရာ (အာဒေ၀နာ)၊
ဂုဏ်ကျေးဇူးကို ဖွဲ့နွဲ့၍ ငိုကြွေးသော အခြင်းအရာ (ပရိဒေ၀နာ)၊
တစ်စုံတစ်ယောက်ကို ရည်ညွှန်း၍ ငိုကြွေးသူ၏ အဖြစ် (အာဒေ၀ိတတ္တ)၊
ဂုဏ်ကျေးဇူးကို ဖွဲ့နွဲ့၍ ငိုကြွေးသူ၏ အဖြစ် (ပရိဒေ၀ိတတ္တ)၊
ပြော၍ငိုခြင်း (၀ါစာ)၊
အကျိုးမဲ့ကိုပြော၍ငိုခြင်း (ပလာပ)၊
ကယောင်ကတမ်း ပြောဆို ငိုကြွေးခြင်း (၀ိပ္ပလာပ)၊
အထပ်ထပ်ပြောဆို ငိုကြွေးခြင်း (လာလပ္ပ)၊
အထပ်ထပ်ပြောဆိုငိုကြွေးသော အခြင်း အရာ (လာလပ္ပနာ)၊
အထပ်ထပ်ပြောဆို ငိုကြွေးသူ၏ အဖြစ် (လာလပ္ပိတတ္တ)

ဒုက္ခ
၂၃၉။ ကိုယ်ဆင်းရဲမှု (ဒုက္ခ)
ကိုယ်၌ ဖြစ်သော မသာယာမှု၊
ကိုယ်၌ ဖြစ်သော ဆင်းရဲမှု၊
ကိုယ်အတွေ့၌ ဖြစ်သော မသာယာမှု၊
ဆင်းရဲကိုခံစားမှု ၊
ကိုယ်အတွေ့ကြောင့်ဖြစ်သော မသာယာဖွယ်ဆင်းရဲကို ခံစားသောအခြင်းအရာ

ဒေါမနဿ
၂၄၀။ စိတ်ဆင်းရဲမှု (ဒေါမနဿ)
စိတ်၌ ဖြစ်သော မသာယာမှု၊
စိတ်၌ ဖြစ်သော ဆင်းရဲမှု၊
စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာမှု၊
စိတ်ဆင်းရဲမှုကို ခံစားရမှု၊
စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာဖွယ်ဆင်းရဲကို ခံစားသော အခြင်းအရာ

ဥပါယာသ
၂၄၁။ ပြင်းစွာပူပန်ခြင်း (ဥပါယာသ)
(ဆွေမျိုးပျက်စီးခြင်းနှင့် တွေ့သောသူ၊ စီးပွါးပျက်စီးခြင်းနှင့် တွေ့သောသူ၊ အနာရောဂါနှိပ်စက်ခြင်းနှင့် တွေ့သောသူ၊
သီလပျက်စီးခြင်းနှင့် တွေ့သောသူ၊ အယူပျက်စီးခြင်းနှင့် တွေ့သောသူ၊ ပျက်စီးခြင်းတစ်ခုခုနှင့် တွေ့သောသူ၊
ဆင်းရဲမှု တစ်ခုခုနှင့် တွေ့သောသူ တို့၏)
ပြင်းစွာ ပူလောင်ပင်ပန်းခြင်း (အာယာသ)၊
အလွန်ပြင်းစွာ ပူလောင်ပင်ပန်းခြင်း (ဥပါယာသ)၊
ပြင်းစွာပူလောင် ပင်ပန်းသူ၏ အဖြစ် (အာယာသိတက္က)၊
အလွန်ပြင်းစွာ ပူလောင်ပင်ပန်းသူ၏အဖြစ် (ဥပါယာသိတက္က)

၂၄၂။ အထက်ပါ ဆိုခဲ့ပြီးသောနည်းဖြင့် ချမ်းသာနှင့်မရောသော ဆင်းရဲအစု၏ အညီအညွတ် ပေါင်းဆုံ ကျရောက်ခြင်း ထင်ရှားဖြစ်သည်။

kokhy-copies-the-phrases

No comments:

Post a Comment