Thursday, March 5, 2009

နီဝရဏ ငါးပါး ပယ်ပုံ

နီဝရဏ ငါးပါး ပယ်ပုံ
(၁) ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာဟူသော) လောက၌ တပ်မက်ခြင်း အဘိဇ္ဈာ ကို ပယ်၍ တပ်မက်ခြင်း အဘိဇ္ဈာ ကင်းသော စိတ်ဖြင့် နေ၏။ တပ်မက်ခြင်း အဘိဇ္ဈာ မှ စိတ်ကို စင်ကြယ်စေ၏။
(၂) ပျက်စီးစေလိုမှု ဒေါသ ကို ပယ်၍ မပျက်စီးစေလိုသော စိတ်ရှိသည်ဖြစ်၍ အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွါးကို လိုလားလျက် နေ၏။ ပျက်စီးစေလိုသော ဒေါသ မှ စိတ်ကို စင်ကြယ် စေ၏။
(၃) လေးလံ ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ ကို ပယ်၍ လေးလံ ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ မှ ကင်းသည် ဖြစ်၍ အလင်းရောင်၌ ဖြစ်သော အမှတ်သညာရှိသည် ဖြစ်၍ သတိ ပညာနှင့် ပြည့်စုံလျက် နေ၏။ လေးလံ ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ မှ စိတ်ကို စင်ကြယ်စေ၏။
(၄) ပျံ့လွင့်မှု ဥဒ္ဓစ္ဓ နောင်တ တစ်ဖန် ပူပန်မှု ကုက္ကုစ္စ ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည် ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏။ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စ နောင်တ တစ်ဖန် ပူပန်မှု ကုက္ကုစ္စ မှ စိတ်ကို စင်ကြယ်စေ၏။
(၅) ယုံမှားမှု ဝိစိကိစ္ဆာ ကို ပယ်၍ ယုံမှားမှု ဝိစိကိစ္ဆာ ကို လွန်မြောက်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏။ ယုံမှားမှု ဝိစိကိစ္ဆာ မှ စိတ်ကို စင်ကြယ်စေ၏။

No comments:

Post a Comment