Tuesday, December 22, 2009

နကုလပိတုသုတ်

၁ - နကုလပိတုသုတ်
မြတိစွာဘုရားသည် ဘဂဿဂတိုင်း သုသုမာရဂိရမြို့ သားတို့ကို ဘေးမဲ့ပေးရာ ဘေသကဠတောတွင် သီတင်းသုံးစဉ်အခါက
နကုလပိတာ သူကြွယ်သည် မြတ်စွာ ဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုနေရာ၌ ထိုင်ပြီး လျှောက်၏-
အသျှင်ဘုရား အကျွန်ုပ်သည် အိုမင်းပါပြီ၊ အရွယ်ရင့်ပါပြီ၊ အသက်ကြီးပါပြီ၊ တတိယအရွယ် တိုင်ပါပြီ၊ နောက်ဆုံးအရွယ် ရောက်ပါပြီ၊ ကိုယ်သည် နာကျင်ပါ၏၊ မပြတ်နာကျင် နေပါ၏၊ အကျွန်ုပ်သည် မြတ်စွာဘုရားကို လည်းကောင်း၊ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းတော်တို့ကို လည်းကောင်း အမြဲတစေ မဖူးမြင်နိုင် တော့ပါ။ မြတ်စွာဘုရား အကျွန်ုပ်အား ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ အဆုံးအမတော်သည် အကျွန်ုပ်အား ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာ အလို့ငှါ ဖြစ်ရာပါ၏ဟု (လျှောက်၏)။
သူကြွယ် ဤစကားသည် မှန်ပေ၏၊ ဟုတ်ပေ၏၊ ဤကိုယ်သည် နာကျင်ပေ၏၊ ဥကဲ့သို့ ဖြစ်၏၊ အရေပါးတို့ဖြင့် မြှေးယှက်ထား၏၊ တစ်ဦး တစ်ယောက်သော သူသည် ဤကိုယ်ကို ရွက်ဆောင် နေရလျက် တစ်ခဏမျှသော်လည်း အနာကင်းသည် ဆိုပါမူ ထိုသူ့အား မိုက်သည်ဟု ဆိုရုံမှ တပါး အခြား မရှိချေ၊ ထို့ကြောင့် ဤအရာဝယ် 'ငါသည် နာကျင်သော ကိုယ်ရှိသူ ဖြစ်လျက် ငါ၏ စိတ်သည် နာကျင်မှု ကင်းလတ္တံ့' ဟု ကျင့်ပါဟု မိန့်တော်မူ၏။
နကုလပိတာသူကြွယ်သည် မြတ်စွာဘုရား၏ စကားကို အလွန်နှစ်သက် ဝမ်းမြောက်လျက် နေရာမှထကာ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ အသျှင်သာရိပုတြာ ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ နကုလပိတာသူကြွယ်အား အသျှင်သာရိပုတြာသည် ဤစကားကို ဆို၏- 'သူကြွယ် သင်၏ ဣနြေဿဒတို့သည် အလွန်ကြည်လင်၏၊ မျက်နှာအဆင်းသည်လည်း စင်ကြယ်၏၊ ဖြူစင် တောက်ပ၏၊ ယနေ့ မြတ်စွာဘုရား၏ မျက်မှောက်တော်မှ တရားစကားကို နာခဲ့ရပါသလော' ဟု ဆို၏။
အသျှင်ဘုရား အဘယ်မှာ မနာရဘဲ ရှိပါမည်နည်း၊ အသျှင်ဘုရား ယခုပင် အကျွန်ုပ်ကို မြတ်စွာဘုရားသည် တရား စကား အမြိုက်ရေဖြင့် သွန်းလောင်းလိုက်ပါ၏ဟု လျှောက်၏။
သူကြွယ် သင့်ကို မြတ်စွာဘုရားသည် တရားစကား အမြိုက်ရေဖြင့် အဘယ်သို့ သွန်းလောင်းလိုက်ပါ သနည်းဟု မိန့်၏။
အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားအား 'အကျွန်ုပ်သည် အိုမင်းပါပြီ၊ အရွယ်ရင့်ပါပြီ၊ အသက်ကြီးပါပြီ၊ တတိယအရွယ် တိုင်ပါပြီ၊ နောက်ဆုံးအရွယ် ရောက်ပါပြီ၊ ကိုယ်သည် နာကျင်ပါ၏၊ မပြတ်နာကျင် နေပါ၏၊ အကျွန်ုပ်သည် မြတ်စွာဘုရားကို လည်းကောင်း၊ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းတော်တို့ကို လည်းကောင်း အမြဲတစေ မဖူးမြင်နိုင် တော့ပါ။ မြတ်စွာဘုရား အကျွန်ုပ်အား ဆုံးမတော်မူပါ၊ ကံမြစ်တော်မူပါ၊ အဆုံးအမတော်သည် အကျွန်ုပ်အား ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာ အလို့ငှါ ဖြစ်ရာပါ၏' ဟု လျှောက်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်အား သူကြွယ် ဤစကားသည် မှန်ပေ၏၊ ဟုတ်ပေ၏၊ ဤကိုယ်သည် နာကျင်ပေ၏၊ ဥကဲ့သို့ ဖြစ်၏၊ အရေပါးတို့ဖြင့် မြှေးယှက်ထား၏၊ တစ်ဦး တစ်ယောက်သော သူသည် ဤကိုယ်ကို ရွက်ဆောင် နေရလျက် တစ်ခဏမျှသော်လည်း အနာကင်းသည် ဆိုပါမူ ထိုသူ့အား မိုက်သည်ဟု ဆိုရုံမှ တပါး အခြား မရှိချေ၊ ထို့ကြောင့် ဤအရာဝယ် 'ငါသည် နာကျင်သော ကိုယ်ရှိသူ ဖြစ်လျက် ငါ၏ စိတ်သည် နာကျင်မှု ကင်းလတ္တံ့' ဟု ကျင့်ပါ ဟု တရားစကား အမြိုက်ရေဖြင့် သွန်းလောင်းလိုက်ပါ၏ဟု လျှောက်၏။
သူကြွယ် 'အဘယ်သို့ နာကျင်သောကိုယ် နှင့် နာကျင်သော စိတ်ရှိသူ၊ နာကျင်သောကိုယ် နှင့် နာကျင်သော စိတ်မရှိသူ ဖြစ်ပါသနည်း' ဟု မြတ်စွာ ဘုရားအား ပြန်မေးလျှောက်ရန် သင့်ဉာဏ်၌ မထင်ပြီလောဟု မိန့်၏။
အသျှင်သာရိပုတြာ အသျှင်ဘုရား အကျွန်ုပ်တို့သည် စကား၏ အနက်ကို သိရန် အဝေးကြီးမှ လာရပါ၏၊ တောင်းပန်ပါ၏၊ ဤစကား၏ အနက်ကို ထင်စေတော်မူပါ ဟု လျှောက်၏။
သူကြွယ် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားအံ့ဟု မိန့်တော်မူ၏၊
'အသျှင်ဘုရား ကောင်းပါပြီ' ဟု နကုလပိတာ သူကြွယ်သည် အသျှင်သာရိပုတြာအား လျှောက်၏။
သူကြွယ် နာကျင်သောကိုယ် နှင့် နာကျင်သော စိတ်ရှိသူ ဟူသည် ဤသာသနာတော်၌ အကြားအမြင် မရှိသော၊ အရိယာတို့ကို မဖူးမြင်ဖူးသော၊ အရိယာတရား၌ မလိမ္မာသော၊ အရိယာ တရား၌ မယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို မဖူးမြင်ဖူးသော၊ သူတော်ကောင်းတရား၌ မလိမ္မာသော၊ သူတော် ကောင်းတရား၌ မယဉ်ကျေးသော ပုထုဇဉ်သည် ရုပ်ကို အတ္တဟူ၍ ယူဆ၏။ ရုပ်ရှိသော အတ္တ၊ အတ္တ၌ ရုပ်၊ ရုပ်၌ အတ္တ ဟူ၍ ယူဆ၏။ 'ငါသည် ရုပ်ဖြစ်၏၊ ရုပ်သည် ငါ၏ ဥစ္စာဖြစ်၏ ' ဟု ယူဆသော ထိုသူ၏ ရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ရုပ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်၏။
ဝေဒနာကို အတ္တဟူ၍ ယူဆ၏။ ဝေဒနာရှိသော အတ္တ၊ အတ္တ၌ ဝေဒနာ၊ ဝေဒနာ၌ အတ္တ ဟူ၍ ယူဆ၏။ 'ငါသည် ရုပ်ဖြစ်၏၊ ဝေဒနာသည် ငါ၏ ဥစ္စာဖြစ်၏ ' ဟု ယူဆသော ထိုသူ၏ ဝေဒနာသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ဝေဒနာ၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်၏။
သညာကို အတ္တဟူ၍ ယူဆ၏။သညာရှိသော အတ္တ၊ အတ္တ၌ သညာ၊ သညာ၌ အတ္တ ဟူ၍ ယူဆ၏။ 'ငါသည် ရုပ်ဖြစ်၏၊ သညာသည် ငါ၏ ဥစ္စာဖြစ်၏ ' ဟု ယူဆသော ထိုသူ၏ သညာသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ သညာ၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်၏။
သခဿငါရကို အတၱဟူ၍ ယူဆ၏။သခဿငါရရွိေသာ အတၱ၊ အတၱ၌ သခဿငါရ၊ သခဿငါရ၌ အတၱ ဟူ၍ ယူဆ၏။ 'ငါသည် ရုပ်ဖြစ်၏၊ သခဿငါရသည် ငါ၏ ဥစ္စာဖြစ်၏ ' ဟု ယူဆသော ထိုသူ၏ သခဿငါရသည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ သခဿငါရ၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်၏။
ဝိညာဏ်ကို အတ္တဟူ၍ ယူဆ၏။ဝိညာဏ်ရှိသော အတ္တ၊ အတ္တ၌ ဝိညာဏ်၊ ဝိညာဏ်၌ အတ္တ ဟူ၍ ယူဆ၏။ 'ငါသည် ရုပ်ဖြစ်၏၊ ဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏ ' ဟု ယူဆသော ထိုသူ၏ ဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏။ ဝိညာဏ်၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ ဖြစ်၏။
သူကြွယ် ဤသို့ နာကျင်သော ကိုယ် နှင့် နာကျင်သော စိတ်ရှိသူ ဖြစ်၏။
ဤသာသနာတော်၌ အကြားအမြင် ရှိသော၊ အရိယာတို့ကို ဖူးမြင်ဖူးသော၊ အရိယာတရား၌ လိမ္မာသော၊ အရိယာ တရား၌ ယဉ်ကျေးသော၊ သူတော်ကောင်းတို့ကို ဖူးမြင်ဖူးသော၊ သူတော်ကောင်းတရား၌ လိမ္မာသော၊ သူတော် ကောင်းတရား၌ ယဉ်ကျေးသော အရိယာ၊ အရိယာ တပည့်သည် ရုပ်၊ ဝေဒနာ၊ သညာ၊ သခဿငါရ၊ ဝိညာဏ် တို့ကို ထိုသို့ မယူဆ၊ ထိုသို့ မရှု သဖြင့် ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှု ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာပင်ပန်းမှုတို့ မဖြစ်ပေ။
နကုလပိတာ သူကြွယ်သည် အသျှင်သာရိပုတြာ၏ စကားကို အလွန်နှစ်သက်ဝမ်းမြောက်လေ၏။

အာသဝ လေးပါး

အာသဝ လေးပါး
လိုချင်ဖွယ် (ကာမ) တို့၌ လိုချင်မှုဟူသော ယိုစီးမှု ဖြစ်ခြင်း (ကာမာသဝ)၊ (လောဘ)
(ရူပ၊ အရူပ) ဘဝတို့၌ လိုချင်မှုဟူသော ယိုစီးမှု ဖြစ်ခြင်း (ဘဝါသဝ)၊ (လောဘ)
အမြင်မှားမှု (ဒိဋ္ဌိ) ဟူသော ယိုစီးမှုဖြစ်ခြင်း (ဒိဋ္ဌာသဝ)၊ (ဒိဋ္ဌိ)
သိအပ်သည်ကို မသိမှု (သစ္စာ လေးပါးကိုမသိမှု) ဟူသော ယိုစီးမှု ဖြစ်ခြင်း (အဝိဇ္ဇာသဝ)၊ (မောဟ)

ကာမာသဝ
၁။ အာသဝ လေးပါးတို့တွင် လိုချင်ဖွယ် (ကာမ) ၌ လိုချင်မှုဟူသော ယိုစီးမှု ဖြစ်ခြင်း (ကာမာသဝ) ဟူသည် လိုချင်ဖွယ် (ကာမ) တို့၌ လိုချင်တောင့်တမှု (ကာမစဿဆနဿဒ)၊ လိုချင်စွဲလမ်းမှု (ကာမရာဂ)၊ လိုချင်နှစ်သက်မှု (ကာမနနဿဒီ)၊ လိုချင်တပ်မက်မှု (ကာမတဏှာ)၊ လိုချင်ဖွယ် (ကာမ)၌ တပ်မက်မှု အစေး (ကာမသိနေဟ)၊ လိုချင်မှု (ကာမ) ဟူသောပူလောင်မှု (ကာမပရိဠာဟ)၊ လိုချင်မိန်းမောမှု (လိုချင်အား ကြီးသဖြင့် မိန်းမောမှု) (ကာမမုစဿဆာ)၊ လိုချင်ဖွယ်ကာမကို မျို၍ ပြီးဆုံးစေခြင်း (လိုချင်ဖွယ်ကာမကို အပြီးအဆုံး အကြွင်းအကျန်မရှိ လိုချင်မှု) (ကာမဇ္ဈောသာန) သဘောတို့ကို လိုချင်ဖွယ် (ကာမ) ၌ လိုချင်မှုဟူသောယိုစီးမှု ဖြစ်ခြင်း (ကာမာသဝ) ဖြစ်၏။ (လောဘ)။

ဘဝါသဝ
၂။ အာသဝ လေးပါးတို့တွင် (ရူပ၊ အရူပ) ဘဝတို့၌ လိုချင်မှုဟူသော ယိုစီးမှု ဖြစ်ခြင်း (ဘဝါသဝ) ဟူသည် (ရူပ၊ အရူပ) ဘုံတို့၌ ဘဝကို တောင့်တမှု (ဘဝဆနဿဒ)၊ ဘဝကို စွဲလမ်းမှု (ဘဝရာဂ)၊ ဘဝကို နှစ်သက်မှု (ဘဝနနဿဒီ)၊ ဘဝကို တပ်မက်မှု (ဘဝတဏှာ)၊ ဘဝ၌ (တပ်မက်မှု) အစေး (ဘဝသိနေဟ)၊ ဘဝကို လိုချင်မှုဟူသော ပူလောင်မှု အပူ (ဘဝပရိဠာဟ)၊ ဘဝကို လိုချင်မှု အားကြီးသဖြင့် မိန်းမောမှု (ဘဝမုစဿဆာ)၊ ဘဝကို မျို၍ ပြီးဆုံးစေမှု (ဘဝကို အပြီးအဆုံး အကြွင်းအကျန်မရှိ လိုချင်မှု) (ဘဝဇ္ဈောသာန) ဟူသော သဘောတို့ကို (ရူပ၊ အရူပ) ဘဝတို့၌ လိုချင်မှုဟူသော ယိုစီးမှု ဖြစ်ခြင်း (ဘဝါသဝ) ဖြစ်၏။ (လောဘ)။

ဒိဋ္ဌာသဝ
၃။ အာသဝ လေးပါးတို့တွင် အမြင်မှားမှု (ဒိဋ္ဌိ) ဟူသော ယိုစီးမှု ဖြစ်ခြင်း (ဒိဋ္ဌာသဝ) ဟူသည် (ခနဿဓာ ငါးပါး ဟူသော) လောကသည် မြဲ၏ဟူ၍၊ လောကသည် မမြဲဟူ၍၊ လောကသည် ဆုံး၊ စ (အပိုင်းအခြား) ရှိ၏ဟူ၍၊ လောကသည် ဆုံး၊ စ (အပိုင်းအခြား) မရှိဟူ၍၊ အသက် (ဇီဝ) သည်ပင် ကိုယ် ဟူ၍၊ အသက် (ဇီဝ) နှင့် ကိုယ်သည် တစ်ခြားစီ ဟူ၍၊ သတ္တဝါသည် သေပြီးနောက်ဖြစ်၏ ဟူ၍၊ သတ္တဝါသည် သေပြီးနောက် မဖြစ်ဟူ၍၊ သတ္တဝါသည် သေပြီးနောက် ဖြစ်လည်းဖြစ်၊ မဖြစ်လည်း မဖြစ်ဟူ၍၊ သတ္တဝါသည် သေပြီးသည့်နောက် ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟူ၍၊ ဤသို့ အမြင်မှားမှု (ဒိဋ္ဌိ)၊ အမြင်မှားမှု (ခြောက်ဆယ့်နှစ်ပါး) တို့၌ ပါဝင်ခြင်း (ဒိဋ္ဌိဂတ)၊ (အမြင်မှန်ကို ပိတ်ဆီး တတ်သော) အမြင်မှားမှု တောအုပ် (ဒိဋ္ဌိဂဟန)၊ (အမြင်မှန်သို့ မရောက်နိုင်အောင် ခက်ခဲစေသော) အမြင်မှားမှု ခရီးခဲ (ဒိဋ္ဌိကန္တာရ)၊ သမ္မာဒိဋ္ဌိကို ထွင်းဖောက် ဖျက်ဆီးခြင်းသဘော (ဒိဋ္ဌိပိသူ ကာယိက)၊ အမြင်မှားမှု ဟူသော ဖောက်ပြန် တုန်လှုပ်ခြင်း သဘော (ဒိဋ္ဌိဝိပ္ဖနဿဒိတ)၊ (ဝဋ်ဆင်းရဲ၌) တုပ်နှောင်ကြောင်း ဖြစ်သော အမြင်မှားမှု (ဒိဋ္ဌိ သညောဇန)၊ (အာရုံကို မှားသော အားဖြင့်) မြဲစွာ ယူတတ်သော သဘော (အယူသည်းသော သဘော) (ဂါဟ)၊ (အာရုံကို မှားကို) ထပ်ကာထပ်ကာ မြဲစွာယူတတ်သော သဘော (ပဋိဂဿဂါဟ)၊ (အမြင်မှားမှု၏) တည်ရာဖြစ်သော သဘော (ပတိဋ္ဌာဟ)၊ မှားသောအားဖြင့် နှလုံး သွင်းတတ်သော သဘော (အဘိနိဝေသ)၊ မှားသော အားဖြင့် သုံးသပ်တတ်သော သဘော (ပရာမာသ)၊ စက်ဆုပ်အပ်သော လမ်းစဉ် (ကုမ္မဂဿဂ)၊ မှားသော ခရီး လမ်းကြောင်း (မိစဿဆာပထ)၊ မှားယွင်းသော သဘော (မိစဿဆတ္တ)၊ မှားသော အယူတည်းဟူသော အကျိုးမဲ့ တို့၏ ဖြစ်ရာ (တိတ္ထာ ယတန)၊ ဖောက်ပြန် မှားယွင်းသော (အားဖြင့်) စွဲယူခြင်းသဘော (ဝိပရိယာ သဂဿဂါဟ) ကို အမြင်မှားမှု (ဒိဋ္ဌိ) ဟူသော ယိုစီးမှု ဖြစ်ခြင်း (ဒိဋ္ဌာသဝ) မည်၏။ (ဒိဋ္ဌိ)။

အဝိဇ္ဇာသဝ
၎။ အာသဝ လေးပါးတို့တွင် သိအပ်သည်ကို မသိမှု (သစ္စာလေးပါးကိုမသိမှု)ဟူသော ယိုစီးမှု ဖြစ်ခြင်း (အဝိဇ္ဇာသဝ) ဟူသည် ဆင်းရဲ၌ မသိမှု၊ ဆင်းရဲခြင်း ဖြစ်ကြောင်း၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ၌ မသိမှု၊ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်၌ မသိမှု၊ ရှေ့ (ဖြစ်ပြီးသော ခနဿဓာစသည်) မသိမှု၊ နောက် (မဖြစ်သေးသော ခနဿဓာစသည်) မသိမှု၊ ရှေ့ နောက် (ဖြစ်ပြီး ဖြစ်လတ္တံ့သော ခနဿဓာစသည်) မသိမှု၊ ဇရာ မရဏ တို့၏ အကြောင်းတရားနှင့် (ဇာတိစသော အကြောင်းတို့ကို) စွဲ၍ ဖြစ်သော အကျိုးတရား တို့၌ မသိခြင်း (အညာဏ)၊ (အမှန်တရားကို) မမြင်ခြင်း (အဒဿန)၊ ထိုးထွင်း၍ မသိခြင်း (အနဘိသမယ)၊ (အမှန်တရားအား) လျော်စွာ မသိတတ်သော (အနနုဗောဓ)၊ (အနိစ္စစသည်တို့နှင့် ယှဉ်၍) မသိသော (မှားယွင်းစွာ သိတတ်သော) သဘော (အသမ္ဗောဓ)၊ ထိုးထွင်း၍ မသိခြင်း (အပ္ပဋိဝေဒ)၊ (အနိစ္စ စသည်ဖြင့်) မယူတတ်သော (အသံဂါဟနာ)၊ (အမှန်တရားကို) သက်ဝင်၍ (နားလည်၍) မယူတတ်သော (အပရိယော ဂါဟနာ)၊ ညီညီညွတ်ညွတ် မရှုတတ် (အနိစ္စစသည်ကို နိစ္စစသည်ဟု မညီမညွတ်ရှုတတ်) သော (အသမပေက္ခနာ)၊ မဆင်ခြင်တတ်သော (အပစ္စဝေက္ခဏာ)၊ မျက်မှောက် မရှုတတ်သော (အကောင်းအဆိုးကို မဝေခွဲတတ်သောသဘော) (အပစ္စက္ခကမ္မ)၊ (စိတ်) ဖြူစင် သန့်ရှင်းမှုကို ဖျက်ဆီး ကြောင်း (ဒုမ္မေဇ္ဈ)၊ လူမိုက် ဖြစ်ကြောင်း (ဗာလျ)၊ ကောင်းစွာ (ခွဲခွဲခြားခြား) အပြားအားဖြင့် မသိတတ်သော(အသမ္ပဇည)၊ (အမှန်သဘော၌) တွေဝေခြင်း (အမှန်ကို မသိမှု) (မောဟ)၊ (အမှန်သဘော၌) ပြင်းစွာ တွေဝေခြင်း (ပမောဟ)၊ ထက်ဝန်းကျင် (တရားအားလုံး၌) တွေဝေခြင်း (သမ္မောဟ)၊ သိအပ်သည်ကို မသိခြင်း (သစ္စာလေးပါးကို မသိခြင်း) (အဝိဇ္ဇာ)၊ (ဝဋ်ဆင်းရဲ၌) နစ်မြုပ် စေတတ်သော မသိမှု (အဝိဇ္ဇောဃ)၊ (ဝဋ်ဆင်းရဲ၌) ယှဉ်စေတတ်သော မသိမှု (အဝိဇ္ဇာယောဂ)၊ အစဉ်ကိန်းဝပ် တတ်သော (လျောက်ပတ်သော အကြောင်းကိုရလျှင် ဖြစ်တတ်သော) မသိမှု (အဝိဇ္ဇာနုသယ)၊ စိတ်၌ ကိလေသာတို့၏ ထကြွ သောင်းကျန်းခြင်း မသိမှု (အဝိဇ္ဇာပရိယုဋ္ဌာန)။ (စီးပွါး ချမ်းသာသို့ မရောက်နိုင်အောင် ပိတ်ပင်တတ်သဖြင့်) တံခါးကျည် (မင်းတုပ်) နှင့် တူသော မသိမှု (အဝိဇ္ဇာလင်္ဂီ)၊ အကုသိုလ်တို့၏ အခြေအမြစ်ဖြစ်သော (အမှန်တရား၌) တွေဝေမှု (မောဟ အကုသလမူလ) သဘောကို (သစ္စာလေးပါးကို) မသိမှုဟူသော ယိုစီးမှု ဖြစ်ခြင်း (အဝိဇ္ဇာသဝ) ဖြစ်၏။ (မောဟ)။