သမ္မပ္ပဓာန် လေးပါး
(တရားအားထုတ်ခြင်း လုံ့လ လေးမျိုး)
(၁) အကုသိုလ် မဖြစ်ရန် ကြိုးစားမှု
မဖြစ်သေးသော အကုသိုလ် တရားယုတ်တို့ မဖြစ်ပေါ်အောင် ဆနဿဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လ ထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏။
(၂) အကုသိုလ်ပယ်ရန် ကြိုးစားမှု
ဖြစ်ပြီးသော (မဖြစ်တော့ဟု မဆိုနိုင်သော) အကုသိုလ် တရားယုတ်တို့ကို ပယ်ရန် ဆနဿဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၃) ကုသိုလ်ဖြစ်ရန် ကြိုးစားမှု
မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ ဖြစ်ပေါ်ရန် ဆနဿဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏။
(၄) ကုသိုလ်တည်တံ့တိုးပွါးရန် ကြိုးစားမှု
ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာဖြစ်ပွါးရန် ပြန့်ပြောရန် တိုးပွါးရန် ပြည့်စုံစေရန် ဆနဿဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏။
*************************************************************************************************
၃၉၂။ ဆနဿဒကို ဖြစ်စေ၏ဟု ဆိုရာ၌ - လိုလားမှု ဆနဿဒ၊ လိုလားသည်၏ အဖြစ် ဆနဿဒိကတာ၊ ပြုလိုသည်၏ အဖြစ် ကတ္တုကမျတာ၊ ကုသိုလ်တရားကို လိုလားမှု ကုသလဓမၼစဿဆနဿဒ - ဤဆနဿဒတို့ကို ဖြစ်စေ၏၊ ကောင်းစွာ ဖြစ်စေ၏၊ ထစေ၏၊ ကောင်းစွာ ထစေ၏၊ ဖြစ်ပေါ်စေ၏၊ အသစ် ဖြစ်ပေါ်စေ၏၊
၃၉၃။ လုံ့လပြု၏ဟု ဆိုရာ၌ - စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ဝိရိယာရမဿဘ၊ အားထုတ်မှု၏ အဖြစ်၊ ပြုလိုသည်၏ အဖြစ်၊ ကုသိုလ်တရားကို အားထုတ်မှု- တို့ကို- ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ ရှိ၏၊ ဤလုံ့လတို့နှင့် ပြည့်စုံစေ၏၊ ကောင်းစွာ ပြည့်စုံစေ၏၊ ပြည့်စုံ၏၊ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ ရောက်၏၊ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။
၃၉၄။ လုံ့လထုတ်၏ ဟု ဆိုရာ၌ - စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ဝိရိယာရမဿဘ၊ အားထုတ်မှု၏ အဖြစ်၊ ပြုလိုသည်၏ အဖြစ်၊ ကုသိုလ်တရားကို အားထုတ်မှု- တို့ကို- ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ ရှိ၏၊ ဤလုံ့လတို့ကို ထုတ်၏၊ ကောင်းစွာ အားထုတ်၏၊ မှီဝဲ၏၊ တိုးပွါးစေ၏၊ အကြိမ်များစွာပြု၏၊
၃၉၅။ စိတ်ကို မြှောက်ပင့်၏ဟု ဆိုရာ၌ - ဆန်းကြယ်မှု စိတ္တ၊ သိမှု သဘော မန၊ သိခြင်းသဘော မာနသ၊ စသည်-- ထိုစိတ် အားလျော်
သော အထူးသိမှု သဘော တဇ္ဇာမနောဝိညာဏဓာတ် သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆို၏။ ဤစိတ်ကို မြှောက်ပင့်၏၊ ကောင်းစွာ မြှောက်ပင့်၏၊ ထောက်ပံ့၏၊ အထပ်ထပ် ထောက်ပံ့၏၊
၃၉၆။ အဆက်မပြတ်အားထုတ်၏ဟု ဆိုရာ၌ - စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ဝီရိယာရမဿဘ---စသည်-- ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ
သည် ရှိ၏။ ဤအားထုတ်ခြင်းနှင့် ပြည့်စုံ၏။------- ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် အဆက် မပြတ်အားထုတ်၏ ဟု ဆို၏။
************************************************************************************************
အကုသိုလ် တရားယုတ် များ -
*လိုချင်တပ်မက်မှု လောဘ၊
*လောဘနှင့် အတူဖြစ်သော ကိလေသာ
*လောဘနှင့် ယှဉ်သော ခံစားမှု အစု
*လောဘနှင့် ယှဉ်သော မှတ်သားမှု အစု
*လောဘနှင့် ယှဉ်သော ပြုပြင်မှု အစု
*လောဘနှင့် ယှဉ်သော သိမှု အစု
*လောဘ ကြောင့် ကိုယ်ဖြင့် ပြုသော အမှု
*လောဘ ကြောင့် နှုတ်ဖြင့်ပြုသော အမှု
*လောဘ ကြောင့် စိတ်ဖြင့် ပြုသော အမှု
**ကြမ်းတမ်းမှု ဒေါသ၊
**ဒေါသနှင့် အတူဖြစ်သော ကိလေသာ
**ဒေါသနှင့် ယှဉ်သော ခံစားမှု အစု
**ဒေါသနှင့် ယှဉ်သော မှတ်သားမှု အစု
**ဒေါသနှင့် ယှဉ်သော ပြုပြင်မှု အစု
**ဒေါသနှင့် ယှဉ်သော သိမှု အစု
**ဒေါသ ကြောင့် ကိုယ်ဖြင့် ပြုသော အမှု
**ဒေါသ ကြောင့် နှုတ်ဖြင့်ပြုသော အမှု
**ဒေါသ ကြောင့် စိတ်ဖြင့် ပြုသော အမှု
*တွေဝေမှု (အမှန်မသိမှု) မောဟ
*မောဟနှင့် အတူဖြစ်သော ကိလေသာ
*မောဟနှင့် ယှဉ်သော ခံစားမှု အစု
*မောဟနှင့် ယှဉ်သော မှတ်သားမှု အစု
*မောဟနှင့် ယှဉ်သော ပြုပြင်မှု အစု
*မောဟနှင့် ယှဉ်သော သိမှု အစု
*မောဟ ကြောင့် ကိုယ်ဖြင့် ပြုသော အမှု
*မောဟ ကြောင့် နှုတ်ဖြင့်ပြုသော အမှု
*မောဟ ကြောင့် စိတ်ဖြင့် ပြုသော အမှု
************************************************************************************************
ကုသိုလ်တရားတို့သည် အကုသိုလ် တရားတို့၏ ပြောင်းပြန်ဖြစ်၏။
************************************************************************************************
No comments:
Post a Comment