ယောက်ျားကမိန်းမကို/ မိန်းမကယောက်ျားကို မနှစ်သက်စေသော အင်္ဂါငါးမျိုး
အဆင်းရှိသူလည်း မဟုတ်၊
စည်းစိမ်ဥစ္စာရှိသူလည်း မဟုတ်၊
ကိုယ်ကျင့် သီလ ရှိသူလည်း မဟုတ်၊
ပျင်းရိသူလည်း ဖြစ်၏၊
သားသမီး မရသူလည်း ဖြစ်၏။
ယောက်ျားကမိန်းမကို/ မိန်းမကယောက်ျားကို နှစ်သက်စေသော အင်္ဂါငါးမျိုး
အဆင်းရှိသူလည်း ဖြစ်၏၊
စည်းစိမ်ဥစ္စာရှိသူလည်း ဖြစ်၏၊
ကိုယ်ကျင့် သီလ ရှိသူလည်း ဖြစ်၏၊
လိမ္မာ၍ မပျင်းရိသူလည်း ဖြစ်၏၊
သားသမီးရသူလည်း ဖြစ်၏။
မိန်းမတို့၏ သီးသန့်ခံစားရသော ဒုက္ခများ
မာတုဂါမသည် ငယ်ရွယ်စဉ်ကပင်လျှင် လင်အိမ်သို့ လိုက်သွားရ၏၊ ဆွေမျိုးတို့နှင့် ခွဲခွာ နေရ၏။
မာတုဂါမသည် ဥတုလာရ၏။
မာတုဂါမသည် ကိုယ်ဝန်ဆောင်ရ၏။
မာတုဂါမသည် သားဖွားရ၏။
မာတုဂါမသည် ယောက်ျား၏ အလုပ်အကျွေး အဖြစ်သို့ ရောက်ရ၏။
မာတုဂါမသည် နံနက်အခါ ၀န်တိုမှု မစ္ဆေရ အညစ်အကြေး ထကြွ သောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ နေ့လယ်အခါ ငြူစူမှု ဣဿာ ထကြွ သောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ ညချမ်းအခါ အလိုရမ္မက် ကာမရာဂ ထကြွ သောင်းကျန်း သော စိတ်ဖြင့် အိမ်၌ နေ၏။ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် များသောအားဖြင့် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ရောက်ရ၏။
No comments:
Post a Comment