Wednesday, April 15, 2015

ပဌာန်း-မြန်မာ

၁။ (ကုသိုလ်၊ အသုသိုလ်) ရင်းမြစ် ၆ ပါးတို့သည် တရားသဘောတို့နှင့် ဆက်စပ်ခြင်းဖြင့် ရုပ်တရားတို့ကို အကျိုးဖြစ်စေ၏။

၂။ ရုပ်သည် မြင်သိစိတ်ဓါတ် သဘောတို့နှင့် ဆက်စပ်ခြင်းဖြင့် အာရုံကို အကျိုးဖြစ်စေ၏။ အသံသည် ကြားသိစိတ်ဓါတ် --- ။ အနံ့သည် --- ။ အရသာ --- ။ ထိတွေ့အာရုံသည် --- ။ သဘောတရားသည် --- ။ ရုပ်၊ အသံ၊ အနံ့၊ အရသာ၊ တိတွေ့အာရုံ တို့သည် စိတ်ဓါတ် (မနောဓါတု) သဘောတို့နှင့် ဆက်စပ်ခြင်းဖြင့် အာရုံကို အကျိုးဖြစ်စေ၏။ သဘောတရား အလုံးစုံသည် သိစိတ်ဓါတ် (မနောဝိညာဏဓါတု) သဘောတို့နှင့် ဆက်စပ်ခြင်းဖြင့် အာရုံကို အကျိုးဖြစ်စေ၏။ သဘောတရားတို့မှ သဘောတရားများ ဆင့်ပွားကာ စိတ်အတွေး သဘောတရားတို့ ဖြစ်၏။ တရားသဘောတို့ ဆက်စပ်ခြင်းဖြင့် အာရုံကို အကျိုးဖြစ်စေ၏။

၃။ ဆန္ဒကြီးမှူးခြင်းတွင် ဆန္ဒသည် တရားသဘောတို့နှင့် ဆက်စပ်ခြင်းဖြင့် သတ်မှတ်ထားသော ရုပ်ကို ဆန္ဒ ကြီးမှူးခြင်းဖြင့် အကျိုးဖြစ်စေ၏။ ဝီရိယ --- ။ စိတ် --- ။ ဝီမံသ(ပညာ) --- ။

၎။ မြင်သိစိတ်ဓါတ်သည် မနောဓါတ်နှင့် တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ မနောဓါတ်သည် သိစိတ်ဓါတ်နှင့် တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ ကြားသိစိတ်ဓါတ်သည် --- ။ အနံ့ခံသိစိတ်ဓါတ်သည် --- ။ လျှာအာရုံခံသိစိတ်ဓါတ်သည် --- ။ ကိုယ်အာရုံခံသိစိတ်သည် --- ။ သဘောတရား မနောဓါတ်သည် --- ။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက်ပြုသော ကုသိုလ် သဘောတရားကို တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက် အဗျာကတ(အသိမှန်)ကို တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော အကုသိုလ် --- နောက် -- အကုသိုလ် --- ။ ရှေ့က ပြုသော အကုသိုလ် --- နောက် အဗျာကတ --- ။ ရှေ့က အဗျာကတ တရားသည် နောက် အဗျာကတကို တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ တရားသည် နောက် ကုသိုလ်ပြုခြင်းကို တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ တရားသည် နောက် အကုသိုလ်ပြုခြင်းကို တစပ်တည်း ဆက်လျက် အကျိုးဖြစ်၏။ တရားသဘောတို့ စိတ်ရှေးရှုသဖြင့် သဘောတရားတို့ တဆက်တစပ်တည်း ဖြစ်ပေါ် အကျိုး ဖြစ်စေ၏။

၅။ မြင်သိစိတ်ဓါတ်သည် မနောဓါတ်နှင့် တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ မနောဓါတ်သည် သိစိတ်ဓါတ်နှင့် တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ ကြားသိစိတ်ဓါတ်သည် --- ။ အနံ့ခံသိစိတ်ဓါတ်သည် --- ။ လျှာအာရုံခံသိစိတ်ဓါတ်သည် --- ။ ကိုယ်အာရုံခံသိစိတ်သည် --- ။ သဘောတရား မနောဓါတ်သည် --- ။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက်ပြုသော ကုသိုလ် သဘောတရားကို တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက် အဗျာကတကို တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော အကုသိုလ် --- နောက် -- အကုသိုလ် --- ။ ရှေ့က ပြုသော အကုသိုလ် --- နောက် အဗျာကတ ---။ ရှေ့က အဗျာကတ တရားသည် နောက် အဗျာကတကို တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ တရားသည် နောက် ကုသိုလ်ပြုခြင်းကို တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ တရားသည် နောက် အကုသိုလ်ပြုခြင်းကို တစပ်တည်း ကောင်းစွာ ဆက်လျက် အကျိုးဖြစ်၏။ တရားသဘောတို့ စိတ်ရှေးရှုသဖြင့် သဘောတရားတို့ ကောင်းစွာ တဆက်တစပ်တည်း ဖြစ်ပေါ် အကျိုး ဖြစ်စေ၏။

၆။ ရုပ်မဟုတ်သော ခန္ဓာ လေးပါး (ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရခန္ဓာ၊ ဝေညာဏက္ခန္ဓာ) တို့သည် အပြန်အလှန် မှီလျက် အညီအညွတ် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီဓါတ်၊ တေဇောဓါတ်၊ အာပေါဓါတ်၊ ဝါယောဓါတ်) တို့သည် အပြန်အလှန် မှီလျက် အညီအညွတ် အကျိုးဖြစ်စေ၏။ ပဋိသန္ဓေ ဖြစ်စဉ်အခိုက်တွင် နာမ် နှင့် ရုပ်တို့သည် အညီအညွတ် အကျိုးဖြစ်စေ၏။ စိတ်၊ စေတသိက် တရားသဘောတို့သည် စိတ်ကြောင့် ဖြစ်လာသော ရုပ်ကို အညီအညွတ် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး ဥပါဒ်ရုပ် တို့သည် အညီအညွတ် အကျိုးဖြစ်စေ၏။ ရုပ်မဟုတ်သော (စိတ် ၈၉၊ စေတသိတ် ၅၂) သဘောတရား တို့တွင် အချို့သည် တစ်ခါတစ်ရံ အပြန်အလှန် မှီလျက် အညီအညွတ် အကျိုးဖြစ်စေ၏။ အချို့သည် တစ်ခါတစ်ရံ အပြန်အလှန် မှီလျက် အညီအညွတ် အကျိုးမဖြစ်စေပါ။ 

၇။ ရုပ်မဟုတ်သော ခန္ဓာ လေးပါး (ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရခန္ဓာ၊ ဝေညာဏက္ခန္ဓာ) တို့သည် အပြန်အလှန် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီဓါတ်၊ တေဇောဓါတ်၊ အာပေါဓါတ်၊ ဝါယောဓါတ်) တို့သည် အပြန်အလှန် အကျိုးဖြစ်စေ၏။ ပဋိသန္ဓေ ဖြစ်စဉ်အခိုက်တွင် နာမ် နှင့် ရုပ်တို့သည် အပြန်အလှန် အကျိုးဖြစ်စေ၏။

၈။ ရုပ်မဟုတ်သော ခန္ဓာ လေးပါး (ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရခန္ဓာ၊ ဝေညာဏက္ခန္ဓာ) တို့သည် အပြန်အလှန် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီဓါတ်၊ တေဇောဓါတ်၊ အာပေါဓါတ်၊ ဝါယောဓါတ်) တို့သည် ဖြစ်နှင့်ပြီးလျက် အပြန်အလှန် အကျိုးဖြစ်စေ၏။ ပဋိသန္ဓေ ဖြစ်စဉ်အခိုက်တွင် နာမ် နှင့် ရုပ်တို့သည် ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်စေ၏။ စိတ်၊ စေတသိက် တရားသဘောတို့သည် စိတ်ကြောင့် ဖြစ်လာသော ရုပ်ကို ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး ဥပါဒ်ရုပ် တို့သည် ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်စေ၏။ အလင်း တို့သည် မြင်သိစိတ်ဓါတ်ကို ဆက်စပ် သော သဘောတရားဖြင့် ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်စေ၏။ အသံ တို့သည် ကြားသိစိတ်ဓါတ်ကို ဆက်စပ် သော သဘောတရားဖြင့် ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်စေ၏။ အနံ့တို့သည် နှာအာရုံခံဓါတ်ကို ---။ ချိုချဉ် ရသာတို့သည် လျှာအာရုံခံဓါတ်ကို ---။ ထိတွေ့နိုင်သော အရာတို့သည် ကိုယ်သိစိတ်ဓါတ်ကို ---။ 

၉။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက်ပြုသော ကုသိုလ် သဘောတရားကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော အကုသိုလ် သဘောတရားသည် နောက်ပြုသော အကုသိုလ် သဘောတရားကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက် အဗျာကတကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော အကုသိုလ် သဘောတရားသည် နောက်ပြုသော ကုသိုလ် သဘောတရားကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က ပြုသော အကုသိုလ် သဘောတရားသည် နောက် အဗျာကတကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ သဘောတရားသည် နောက် အဗျာကတကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ သဘောတရားသည် နောက်ပြုသော ကုသိုလ် ကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရှေ့က အဗျာကတ သဘောတရားသည် နောက်ပြုသော အကုသိုလ် ကို ကောင်းစွာ ဖြစ်နှင့်ပြီးလျက် အကျိုးဖြစ်၏။ ရာသီဥတု၊ အစားအစာ တို့သည် ကောင်းစွာ ဖြစ်နှင့် ပြီးလျက် အကျိုးဖြစ်၏။ လူပုဂ
ဂိုလ် တို့သည် ကောင်းစွာ ဖြစ်နှင့် ပြီးလျက် အကျိုးဖြစ်၏။ 

၁ဝ။ အလင်းအာရုံခံသည် အဦးဖြစ်သဖြင့် မြင်သိစိတ်ဓါတ်ကို အကျိုးဖြစ်စေ၏။ အသံအာရုံခံ ---။ အနံ့အာရုံခံ ---။ အရသာအာရုံခံ ---။ ကိုယ်ကာယအာရုံခံ ---။ ရုပ်သည် အဦးဖြစ်သဖြင့် မြင်သိစိတ်ဓါတ်ကို အကျိုးဖြစ်စေ၏။ အသံ ---။ အနံ့ ---။ အရသာ ---။ ကိုယ်ကာယ ---။ ရုပ်သည် ဖြစ်နှင့်ပြီးလျက် မနောဓါတ်၊ မနောဝိညာဏဓါတ် တို့ကို အဦးဖြစ်သဖြင့် အကျိုးဖြစ်စေ၏။

၁၁။ စိတ်၊ စေတသိက် သဘောတရားတို့သည် အဦးဖြစ်ပြီး ကိုယ်ကာယသည် အနှောင်း ဖြစ်လျက် အကျိုးဖြစ်စေ၏။

၁၂။ ရှေ့က ပြုသော ကုသိုလ် သဘောတရားသည် နောက်ပြုသော ကုသိုလ် သဘောတရားကို စုဆောင်းများပြားလာစေ၍ (Cumulative) အကျိုးဖြစ်၏။ ရှေ့က ပြုသော အကုသိုလ် သဘောတရားသည် တစ်ခါတစ်ရံ နောက်ပြုသော ကုသိုလ် သဘောတရားကို စုဆောင်းများပြားလာစေ၍ (Cumulative) အကျိုးဖြစ်၏။  ရှေ့က ပြုသော ကိရိယာဗျာကတ သဘောတရားသည် တစ်ခါတစ်ရံ နောက်ပြုသော ကုသိုလ် သဘောတရားကို စုဆောင်းများပြားလာစေ၍ (Cumulative) အကျိုးဖြစ်၏။ 

၁၃။ ကုသိုလ်၊ အကုသိုလ် ပြုခြင်း၏ အကျိုးဆက်ဖြစ်သော ခန္ဓာ (နာမ် နှင့် ရုပ်) တို့ကို ကံ(ပြုခြင်း)ဖြင့် အကျိုးဖြစ်၏။ စိတ်ရှေ့ရှုမှု (စေတနာ) သဘောတရားကြောင့် စိတ်ကြောင့်ဖြစ်သော ရုပ် ဖြစ်စေကာ ကံ(ပြုခြင်း)ဖြင့် အကျိုးဖြစ်၏။

၁၄။ ရုပ်မဟုတ်သော ခန္ဓာ လေးပါး (ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရခန္ဓာ၊ ဝေညာဏက္ခန္ဓာ) တို့သည် အပြန်အလှန် မှီခို အကျိုးဆက်လျက် အကျိုးဖြစ်စေ၏။

၁၅။ တစ်လုပ်စီတွင် ပါသော အာဟာရသည် ဤကိုယ်ကာယကို အာဟာရ ဖြစ်စေခြင်းဖြင့် အကျိုးပြု၏။ ရုပ်မဟုတ်သော အာဟာရ သဘောတရားတို့သည် (အာဟာရ) ဖြစ်ကြောင်းရှိသော ရုပ်တို့ကို အာဟာရ ဖြစ်စေခြင်းဖြင့် အကျိုးပြု၏။

၁၆။ အစိုးရသောမြင်ခြင်း (စက္ခု - ဣနြေ္ဒ) သည် မြင်သိစိတ်ဓါတ်နှင့် ဆက်စပ်သော သဘောတရားတို့ကို အစိုးရခြင်းဖြင့် အကျိုးဖြစ်စေ၏။ အစိုးရသောကြားခြင်း ---။ အစိုးရသော အနံ့ခံခြင်း ---။ အစိုးရသော (လျှာ)အရသာခံခြင်း ---။ အစိုးရသော ထိတွေ့အာရုံခံခြင်း ---။ အသက်ရှိရုပ်သည် ပဋိသန္ဓေ ဖြစ်စဉ်၌ အသက်ရှိခြင်းဖြင့် အကျိုးဖြစ်စေ၏။ ရုပ်မဟုတ်သော အစိုးရခြင်းနှင့် ဆက်စပ်သော သဘောတရားတို့သည် ထိုအစိုးရခြင်းတို့မှ ဖြစ်လာသော ရုပ်တို့ကို အစိုးရခြင်းဖြင့် အကျိုးဖြစ်စေ၏။

၁၇။ ဈာန်အင်္ဂါ ၅ ပါး (ဝိတက်-ကြံခြင်း၊ ဝိစာရ-သုံးသပ်ခြင်း၊ ပီတိ-ကြည်နူးခြင်း၊ သုခ- ချမ်းသာခြင်း၊ ဧကဂ္ဂတာ-ဈာန်စိတ်တစ်ခုသာရှိခြင်း) တို့သည် ဈာန်နှင့်ဆက်စပ်သော တရားသဘောတို့နှင့် ထို ဈာန်ကြောင့် ဖြစ်လာသော ရုပ်တို့ကို စူးစိုက်ရှုနိုင်ခြင်း (ဈာန်ဝင်စားခြင်း)ဖြင့် အကျိုးဖြစ်စေ၏။

၁၈။ လမ်းကြောင်း (မဂ္ဂင် ၈ ပါး -- သမ္မာဒိဋ္ဌိ-မှန်သော အမြင်၊ သမ္မာသင်္ကပ္ပ-မှန်သော အတွေး၊ သမ္မာဝါစာ-မှန်သောစကား၊ သမ္မာကမ္မန္တ-မှန်သောအလုပ်၊ သမ္မာအာဇီဝ-ကောင်းသော အသက်မွေးမှု၊ သမ္မာဝါယာမ-မှန်သော လုံ့လထုတ်မှု၊ သမ္မာသတိ-ကောင်းစွာ အောက်မေ့ခြင်း၊ သမ္မာသမာဓိ-ကောင်းစွာ တည်ကြည်ခြင်း -- နှင့် -- မိစ္ဆာမဂ္ဂ ၄ ပါး -- မိစ္ဆာဒိဋ္ဌိ-မှားသောအမြင်၊ မိစ္ဆာဝါယာမ-မှားသော လုံ့လထုတ်မှု၊ မိစ္ဆာ သင်္ကပ္ပ-မှားသော အတွေး၊ မိစ္ဆာသမာဓိ-မကောင်းစွာ တည်ကြည်ခြင်း) တို့သည် လမ်းနှင့်ဆိုင်သော တရားများနှင့် လမ်းတို့မှ ဖြစ်ပေါ်သော ရုပ်တို့ကို နည်းလမ်းရှိခြင်းအားဖြင့် အကျိုးဖြစ်စေ၏။

၁၉။ ရုပ်မဟုတ်သော ခန္ဓာ လေးပါး (ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရခန္ဓာ၊ ဝေညာဏက္ခန္ဓာ) တို့သည် အပြန်အလှန် မှီခို ဆက်စပ်နေခြင်းဖြင့် အကျိုးဖြစ်စေ၏။

၂ဝ။ ရုပ်တရား များသည် ရုပ်မဟုတ်သော (နာမ်) တရားများကို မရောနှောပဲ ပူးတွဲနေခြင်းဖြင့် အကျိုးဖြစ်စေ၏။ ရုပ်မဟုတ်သော (နာမ်) တရားများသည် ရုပ်တရား များကို မရောနှောပဲ ပူးတွဲနေခြင်းဖြင့် အကျိုးဖြစ်စေ၏။ 

၂၁။ ရုပ်မဟုတ်သော ခန္ဓာ လေးပါး (ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရခန္ဓာ၊ ဝေညာဏက္ခန္ဓာ) တို့သည် အပြန်အလှန် မှီခို တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီဓါတ်၊ တေဇောဓါတ်၊ အာပေါဓါတ်၊ ဝါယောဓါတ်) တို့သည် အပြန်အလှန် တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ ပဋိသန္ဓေ ဖြစ်စဉ်အခိုက်တွင် နာမ် နှင့် ရုပ်တို့သည် အပြန်အလှန်မှီခို တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ စိတ်၊ စေတသိက်(မှီခြင်း) သဘောတရားတို့သည် စိတ်ကြောင့်ဖြစ်သော ရုပ်ကို တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော) ဥပါဒ်ရုပ် တို့သည် တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ အလင်းအာရုံခံ မြင်သိစိတ်ဓါတ်နှင့် ဆက်စပ် သဘောတရားတို့ကို တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ အသံအာရုံခံ ---။ အနံ့အာရုံခံ ---။ အရသာအာရုံခံ ---။ ကိုယ်ကာယ ---။ ရုပ်သည် ---။ အသံ ---။ အနံ့ ---။ အရသာ---။ ကိုယ်ကာယ ---။ ရုပ်၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့ အာရုံခံနှင့်အာရုံ တို့သည် မနောဓါတ်နှင့် ဆက်စပ်သော တရားတို့ကို တည်ရှိ နေခြင်းဖြင့် အကျိုးဖြစ်စေ၏။ ရုပ်သည် မနောဓါတ်၊ မနောဝါညာဉ်ဓါတ် တို့ကို ဖြစ်နှင့်ပြီးလျက် တည်ရှိခြင်းဖြင့် အကျိုး ဖြစ်စေ၏။ 

၂၂။ စိတ် စေတသိက် သဘောတရားတို့သည် ကောင်းစွာ တစ်ဆက်တည်းဖြစ်လျက် အသစ်ဖြစ်သော စိတ် စေတသိက်တို့ ဖြစ်ပေါ်ခြင်းနှင့်အတူ မရှိခြင်းဖြင့် အကျိုးဖြစ်စေ၏။

၂၃။ စိတ် စေတသိက် သဘောတရားတို့သည် ကောင်းစွာ တစ်ဆက်တည်းဖြစ်လျက် အသစ်ဖြစ်သော စိတ် စေတသိက်တို့ ဖြစ်ပေါ်ခြင်းနှင့်အတူ ပြောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။

၂၄။ ရုပ်မဟုတ်သော ခန္ဓာ လေးပါး (ဝေဒနက္ခန္ဓာ၊ သညက္ခန္ဓာ၊ သင်္ခါရခန္ဓာ၊ ဝေညာဏက္ခန္ဓာ) တို့သည် အပြန်အလှန် မှီခို တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီဓါတ်၊ တေဇောဓါတ်၊ အာပေါဓါတ်၊ ဝါယောဓါတ်) တို့သည် အပြန်အလှန် တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။ ပဋိသန္ဓေ ဖြစ်စဉ်အခိုက်တွင် နာမ် နှင့် ရုပ်တို့သည် အပြန်အလှန်မှီခို တည်ရှိ မပျောက်ကွယ်ခြင်း အကျိုးဖြစ်စေ၏။ စိတ်၊ စေတသိက် သဘောတရားတို့သည် စိတ်ကြောင့်ဖြစ်သော ရုပ်ကို တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။ ဓါတ်ကြီးလေးပါး (ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော) ဥပါဒ်ရုပ် တို့သည် တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။ အလင်းအာရုံခံ မြင်သိစိတ်ဓါတ်နှင့် ဆက်စပ် သဘောတရားတို့ကို တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။ အသံအာရုံခံ ---။ အနံ့အာရုံခံ ---။ အရသာအာရုံခံ ---။ ကိုယ်ကာယ ---။ ရုပ်သည် ---။ အသံ ---။ အနံ့ ---။ အရသာ---။ ကိုယ်ကာယ ---။ ရုပ်၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့ အာရုံခံနှင့်အာရုံ တို့သည် မနောဓါတ်နှင့် ဆက်စပ်သော တရားတို့ကို တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုးဖြစ်စေ၏။ ရုပ်သည် မနောဓါတ်၊ မနောဝါညာဉ်ဓါတ် တို့ကို ဖြစ်နှင့်ပြီးလျက် တည်ရှိ မပျောက်ကွယ်ခြင်းဖြင့် အကျိုး ဖြစ်စေ၏။

Sunday, August 28, 2011

ဓမ္မစက္ကပဝတ္တန

ဓမ္မစက္က ပဝတ္တန

ဘိက္ခူနံ ပဉ္စ ဝဂ္ဂီနံ၊ ဣသိပတန နာမကေ၊ မိဂဒါယေ ဓမ္မဝရံ၊ ယံ တံ နိဗ္ဗာန ပါပကံ။
သဟမ္ပတိ နာမကေန၊ မဟာ ဗြဟ္မေန ယာစိတော၊ စတု သစ္စံ ပကာသန္တော၊ လောကနာထော အဒေသယိ။
နိန္ဒိတံ သဗ္ဗဒေဝေဟိ၊ သဗ္ဗ သမ္ပတ္တိ သာဓကံ၊ သဗ္ဗ လောက ဟိတတ္ထာယ၊ ဓမ္မစက္ကံ ဘဏာမဟေ။

ပုဂ္ဂိုလ် ငါးဦးအား ဣသိပတနဟု အမည်ရသော သမင် ဘေးမဲ့တော၌ မြတ်သော နိဗ္ဗာန် ရောက်ကြောင်း ဖြစ်သော တရားကို ဟော၏။ သဟမ္ပတိဟု အမည်ရသော မြတ်သော ဗြဟ္မာကြီးက တောင်းပန်သဖြင့် လေးခုသော မှန်သောတရားတို့ကို လောက၏ ကိုးကွယ်ရာက ဟော၍ ပြ၏။ နတ်အားလုံး နှစ်သက်၏။ အလုံးစုံ ချမ်းသာကြောင်း၏ သာဓက ဖြစ်၏။ လောကလုံးစုံ၌ ရှိသူ အပေါင်း၏ အကျိုးအတွက် ဓမ္မစက္က တရားကို ရွတ်ကြစို့။

ဧဝံ မေ သုတံ ဧကံ သမယံ၊ ဘဂဝါ ဗာရာဏသိယံ၊ ဝိဟရတိ ဣသိပတနေ မိဂဒါယေ၊ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ။

ဤသို့ ကျွန်ုပ် မှတ်သားရ၏။ တစ်ခါက ဘုရားရှင်သည် ဗာရာဏသီရှိ ပျော်ရွှင်ဘွယ် သမင် ဘေးမဲ့တော၌ နေစဉ် သူတော်စဉ် ငါးဦးအား ဟော၏။


ဒွေ မေ ဘိက္ခဝေ၊ အန္တာ ပဗ္ဗဇိတေန နသေဝိ တဗ္ဗာ။
ကတမေ ဒွေ၊
ယော စာယံ ကာမေသု ကာမသုခလ္လိကာ နုယောဂေါ၊ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္တ သံဟိတော။
ယော စာယံ အတ္တကိလမထာ နုယောဂေါ၊ ဒုက္ခော အနရိယော အနတ္တ သံဟိတော။

နှစ်ခုရှိ၏။ တရားရှာမှီးသူသည် အစွန်း နှစ်ဘက် ကို ရှောင်ရမည်။
ဤနှစ်ပါးသည် ကာမချမ်းသာကို ခံစားလျက် ကျင့်ခြင်းသည် ယုတ်ညံ့၏။ ရွာသူ ဓလေ့ ဖြစ်၏။ ပုထုဇဉ်တို့ အကျင့် ဖြစ်၏။ အစီးအပွားနှင့် မယှဉ်သော အကျင့် ဖြစ်၏။
ကိုယ်ကို ပင်ပန်းစေသော အကျင့်သည် ဆင်းရဲ၏။ အစီးအပွားနှင့် မယှဉ်သော အကျင့် ဖြစ်၏။

ဧတေ ခေါ ဘိက္ခဝေ၊ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓာ၊
စက္ခု ကရဏီ၊ ဉာဏ ကရဏီ၊ ဥပသမာယ၊ အဘိညာယ၊ သမ္ဗောဓါယ၊ နိဗ္ဗာနာယ သံဝတ္တတိ။

ဤ အစွန်းရောက်သော အကျင့် နှစ်ပါးကို ရှောင်၍ (ငါ) ဘုရားသည် အလယ်အလတ် ကျင့်စဉ်ကို ထိုးထွင်း တွေ့ရှိပြီ။ မြင်စေခဲ့ပြီ။ သိစေခဲ့ပြီ။ ငြိမ်းအေးခြင်းအတွက် နိဗ္ဗာန်အတွက် ဟု ထူးသောဉာဏ်ဖြင့် မှန်စွာ သိပြီ။

ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓာ၊
စက္ခု ကရဏီ၊ ဉာဏ ကရဏီ၊ ဥပသမာယ၊ အဘိညာယ၊ သမ္ဗောဓာယ၊ နိဗ္ဗာနာယ သံဝတ္တတိ။

(ငါ) ဘုရားသည် ဆိုပြီးသော အလယ်အလတ် ကျင့်စဉ်ကို ထိုးထွင်း တွေ့ရှိပြီ။ မြင်စေခဲ့ပြီ။ သိစေခဲ့ပြီ။ ငြိမ်းအေးခြင်းအတွက် နိဗ္ဗာန်အတွက် ဟု ထူးသောဉာဏ်ဖြင့် မှန်စွာ သိပြီ။
အယမေဝ အရိယော အဌင်္ဂိကော မဂ္ဂေါ။
သေယျထိဒံ
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပေါ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တော၊ သမ္မာအာဇီဝေါ၊ သမ္မာဝါယမော၊ သမ္မာသတိ၊ သမ္မာသမာဓိ။

မြတ်သော လမ်းပြ တရား ရှစ်ပါး ဖြစ်၏။
အသေးစိတ် ဆိုသော
ကောင်းစွာ ယူဆခြင်း၊ ကောင်းစွာ ကြံဆခြင်း၊ ကောင်းစွာ ပြောခြင်း၊ ကောင်းစွာ လုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်း၊ ကောင်းစွာ လုံ့လစိုက်ထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း တို့ဖြစ်၏။


အယံ ခေါ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓာ၊
စက္ခု ကရဏီ၊ ဉာဏ ကရဏီ၊ ဥပသမာယ၊ အဘိညာယ၊ သမ္ဗောဓာယ၊ နိဗ္ဗာနာယ သံဝတ္တတိ။

ဤသို့လျှင် (ငါ) ဘုရားသည် အလယ်အလတ် ကျင့်စဉ်ကို ထိုးထွင်း တွေ့ရှိပြီ။ မြင်စေခဲ့ပြီ။ သိစေခဲ့ပြီ။ ငြိမ်းအေးခြင်းအတွက် နိဗ္ဗာန်အတွက် ဟု ထူးသောဉာဏ်ဖြင့် မှန်စွာ သိပြီ။


ဣဒံ ခေါ ပန ဘိက္ခဝေ၊ ဒုက္ခံ အရိယ သစ္စံ၊ ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏံပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယံပစ္ဆံ န လဘတိ တံပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

ဆင်းရဲခြင်းသည် အမှန်တရား ဖြစ်သည်။ မွေးဖွား ရခြင်းသည် ဆင်းရဲ၏။ အို ရခြင်းသည် ဆင်းရဲ၏။ နာ ရခြင်းသည် ဆင်းရဲ၏။ သေ ရခြင်းသည် ဆင်းရဲ၏။ မချစ်သူနှင့် အတူ နေ ရခြင်းသည် ဆင်းရဲ၏။ ချစ်သူနှင့် ကွဲကွာ နေ ရခြင်းသည် ဆင်းရဲ၏။ လိုချင်သည်ကို မရနိုင်ခြင်းသည် ဆင်းရဲ၏။ အကျဉ်းချုပ်ဆိုသော် စွဲလန်းမှုကြောင့် ဖြစ်သော ခန္ဓာ (အစုအဝေး) ငါးပါးသည် ဆင်းရဲ၏။


ဣဒံ ခေါ ပန ဘိက္ခဝေ၊ ဒုက္ခသမုဒယော အရိယ သစ္စံ၊ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီ ရာဂ သဟဂတာ တတြ တတြာဘိ နန္ဒိနီ၊ သေယျထိဒံ၊ ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ။

ဆင်းရဲစေသော စွဲလမ်းခြင်းသည် အမှန်တရား ဖြစ်သည်။ ဤတဏှာသည် ဘဝသစ်ကို ဖြစ်စေ၏။ မခွဲခွာနိုင်အောင် စွဲမက် နှစ်သက်မှုနှင့် ယှဉ်တွဲ နေ၏။ ထိုထို ဖြစ်ရာရာကို အလွန် နှစ်သက်နေစေ၏။ စွဲလမ်းခြင်းတွင် လူ့လောက၏ အာရုံများကို တပ်မက်ခြင်း၊ ဖြစ်ပေါ သက်ရှင် တည်ရှိနေမှုကို တပ်မက်ခြင်း၊ အထူး ဖြစ်ပေါ် လာနိုင်မှုကို တပ်မက်ခြင်း တို့ ဖြစ်၏။


ဣဒံ ခေါ ပန ဘိက္ခဝေ၊ ဒုက္ခနိရောဓေါ အရိယ သစ္စံ၊ ယောတဿာ ယေဝ တဏှာယ အသေသ ဝိရာဂ နိရောဓေါ စာဂေါ ပဋိနိဂ္ဂေါ မုတ္တိ အနာလယော။

ဆင်းရဲကုန်ရာ ပြောက်ရာသည် အမှန်တရား ဖြစ်သည်။ ဤတဏှာမှ ကင်းရာ ပြောက်ရာနေရာသည် အကြွင်းမဲ့ ပြောက်ကွယ်ရာ နေရာသည် စွန့်ရာ အရပ်သည် လွတ်ရာအရပ်သည် မတွယ်တာရာသည် (နိဗ္ဗာန်သည်) ရှိ၏။


ဣဒံ ခေါ ပန ဘိက္ခဝေ၊ ဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယ သစ္စံ၊ အယမေဝ အရိယော အဌင်္ဂိကော မဂ္ဂေါ။
သေယျထိဒံ
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပေါ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တော၊ သမ္မာအာဇီဝေါ၊ သမ္မာဝါယမော၊ သမ္မာသတိ၊ သမ္မာသမာဓိ။

ဆင်းရဲကုန်ရာ ပြောက်ရာ (နည်း)လမ်းသည် အမှန်တရား ဖြစ်သည်။ လမ်းပြ တရား ရှစ်ပါး ဖြစ်၏။
အသေးစိတ် ဆိုသော်
ကောင်းစွာ ယူဆခြင်း၊ ကောင်းစွာ ကြံဆခြင်း၊ ကောင်းစွာ ပြောခြင်း၊ ကောင်းစွာ လုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်း၊ ကောင်းစွာ လုံ့လစိုက်ထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း တို့ဖြစ်၏။

ဣဒံ ဒုက္ခံ အရိယ သစ္စန္တိ မေ ဘိက္ခဝေ၊ ပုဗ္ဗေ အနနုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဤ ရှေးက ကြားပင် မကြားဘူးသော ဆင်းရဲခြင်း အမှန်တရားကို (ငါ) ဘုရားသည် မြင်ပြီ။ ဉာဏ်တွင် ထင်ပြီ။ တတ်ပြီ။ သိပြီ။ လောက ပိုင်းခြားမရှိပြီ။

တံ ခေါ ပနိဒံ ဒုက္ခံ အရိယ သစ္စံ ပရိညေယျန္တိ မေ ဘိက္ခဝေ၊ ပုဗ္ဗေ အနနုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဆင်းရဲခြင်း အမှန်တရားကို ပိုင်နိုင်စွာ သိအပ်၏။ ဤ ရှေးက ကြားပင် မကြားဘူးသော ဆင်းရဲခြင်း အမှန်တရားကို (ငါ) ဘုရားသည် မြင်ပြီ။ ဉာဏ်တွင် ထင်ပြီ။ တတ်ပြီ။ သိပြီ။ လောက ပိုင်းခြားမရှိပြီ။
တံ ခေါ ပနိဒံ ဒုက္ခံ အရိယ သစ္စံ ပရိညာတန္တိ မေ ဘိက္ခဝေ၊ ပုဗ္ဗေ အနနုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဆင်းရဲခြင်း အမှန်တရားကို ပိုင်နိုင်စွာ သိပြီ။ ဤ ရှေးက ကြားပင် မကြားဘူးသော ဆင်းရဲခြင်း အမှန်တရားကို (ငါ) ဘုရားသည် မြင်ပြီ။ ဉာဏ်တွင် ထင်ပြီ။ တတ်ပြီ။ သိပြီ။ လောက ပိုင်းခြားမရှိပြီ။


ဣဒံ ဒုက္ခ သမုဒယော အရိယ သစ္စန္တိ မေ ဘိက္ခဝေ၊ ပုဗ္ဗေ အနနုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဤ ရှေးက ကြားပင် မကြားဘူးသော ဆင်းရဲစေသော စွဲလမ်းခြင်း အမှန်တရားကို (ငါ) ဘုရားသည် မြင်ပြီ။ ဉာဏ်တွင် ထင်ပြီ။ တတ်ပြီ။ သိပြီ။ လောက ပိုင်းခြားမရှိပြီ။
တံ ခေါ ပနိဒံ ဒုက္ခ သမုဒယော အရိယ သစ္စံ ပရိညေယျန္တိ မေ ဘိက္ခဝေ၊ ပုဗ္ဗေ အနနုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဆင်းရဲစေသော စွဲလမ်းခြင်း အမှန်တရားကို ပိုင်နိုင်စွာ သိအပ်၏။ ဤ ရှေးက ကြားပင် မကြားဘူးသော ဆင်းရဲခြင်း အမှန်တရားကို (ငါ) ဘုရားသည် မြင်ပြီ။ ဉာဏ်တွင် ထင်ပြီ။ တတ်ပြီ။ သိပြီ။ လောက ပိုင်းခြားမရှိပြီ။
တံ ခေါ ပနိဒံ ဒုက္ခ သမုဒယော အရိယ သစ္စံ ပရိညာတန္တိ မေ ဘိက္ခဝေ၊ ပုဗ္ဗေ အနနုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဆင်းရဲစေသော စွဲလမ်းခြင်း အမှန်တရားကို ပိုင်နိုင်စွာ သိပြီ။ ဤ ရှေးက ကြားပင် မကြားဘူးသော ဆင်းရဲခြင်း အမှန်တရားကို (ငါ) ဘုရားသည် မြင်ပြီ။ ဉာဏ်တွင် ထင်ပြီ။ တတ်ပြီ။ သိပြီ။ လောက ပိုင်းခြားမရှိပြီ။


ဣဒံ ဒုက္ခ နိရောဓေါ အရိယ သစ္စန္တိ မေ ဘိက္ခဝေ၊ ပုဗ္ဗေ အနနုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။
ဤ ရှေးက ကြားပင် မကြားဘူးသော ဆင်းရဲကုန်ရာ ပြောက်ရာ အမှန်တရားကို (ငါ) ဘုရားသည် မြင်ပြီ။ ဉာဏ်တွင် ထင်ပြီ။ တတ်ပြီ။ သိပြီ။ လောက ပိုင်းခြားမရှိပြီ။

တံ ခေါ ပနိဒံ ဒုက္ခ နိရောဓေါ အရိယ သစ္စံ ပရိညေယျန္တိ မေ ဘိက္ခဝေ၊ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဆင်းရဲကုန်ရာ ပျောက်ရာ အမှန်တရားကို ပိုင်နိုင်စွာ သိအပ်၏။ ဤ ရှေးက ကြားပင် မကြားဘူးသော ဆင်းရဲခြင်း အမှန်တရားကို (ငါ) ဘုရားသည် မြင်ပြီ။ ဉာဏ်တွင် ထင်ပြီ။ တတ်ပြီ။ သိပြီ။ လောက ပိုင်းခြားမရှိပြီ။
တံ ခေါ ပနိဒံ ဒုက္ခ နိရောဓေါ အရိယ သစ္စံ ပရိညာတန္တိ မေ ဘိက္ခဝေ၊ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဆင်းရဲကုန်ရာ ပြောက်ရာ အမှန်တရားကို ပိုင်နိုင်စွာ သိပြီ။ ဤ ရှေးက ကြားပင် မကြားဘူးသော ဆင်းရဲခြင်း အမှန်တရားကို (ငါ) ဘုရားသည် မြင်ပြီ။ ဉာဏ်တွင် ထင်ပြီ။ တတ်ပြီ။ သိပြီ။ လောက ပိုင်းခြားမရှိပြီ။


ဣဒံ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ အရိယ သစ္စန္တိ မေ ဘိက္ခဝေ၊ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဤ ရှေးက ကြားပင် မကြားဘူးသော ဆင်းရဲကုန်ရာ ပြောက်ရာ (နည်း)လမ်း အမှန်တရားကို (ငါ) ဘုရားသည် မြင်ပြီ။ ဉာဏ်တွင် ထင်ပြီ။ တတ်ပြီ။ သိပြီ။ လောက ပိုင်းခြား မရှိပြီ။
တံ ခေါ ပနိဒံ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ အရိယ သစ္စံ ပရိညေယျန္တိ မေ ဘိက္ခဝေ၊ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဆင်းရဲကုန်ရာ ပြောက်ရာ (နည်း)လမ်း အမှန်တရားကို ပိုင်နိုင်စွာ သိအပ်၏။ ဤ ရှေးက ကြားပင် မကြားဘူးသော ဆင်းရဲခြင်း အမှန်တရားကို (ငါ) ဘုရားသည် မြင်ပြီ။ ဉာဏ်တွင် ထင်ပြီ။ တတ်ပြီ။ သိပြီ။ လောက ပိုင်းခြားမရှိပြီ။
တံ ခေါ ပနိဒံ ဒုက္ခ နိရောဓ ဂါမိနီ ပဋိပဒါ အရိယ သစ္စံ ပရိညာတန္တိ မေ ဘိက္ခဝေ၊ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဆင်းရဲကုန်ရာ ပြောက်ရာ (နည်း)လမ်း အမှန်တရားကို ပိုင်နိုင်စွာ သိပြီ။ ဤ ရှေးက ကြားပင် မကြားဘူးသော ဆင်းရဲခြင်း အမှန်တရားကို (ငါ) ဘုရားသည် မြင်ပြီ။ ဉာဏ်တွင် ထင်ပြီ။ တတ်ပြီ။ သိပြီ။ လောက ပိုင်းခြားမရှိပြီ။


ယာဝကီယဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယ သစ္စေသု ဧဝံ တိပရိဝဋဋံ ဒွာဒသာကာရံ ယထာဘူတံ ဉာဏ ဒဿနံ န ဝိသုဒ္ဒံ အဟောသိ။

ယခင်ကာလက ငါသည် ဤ အရိယသစ္စာ လေးပါး၊ တစ်ပါးစီတွင် အဆင့် သုံးခု (သစ္စ၊ ကိစ္စ၊ ကတ) ကို ဉာဏ်အမြင် မရှင်းလင်းစွာခဲ့သေး။

နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သ မာရကေ သ ဗြဟ္မဏေ သဿ မဏ ဗြာဟ္မဏိယာ ပဇာယ သဒေဝ မနုဿာယ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓောတိ ပစ္စညာသိံ။

ဤကာလအတွင်း ငာသည် နတ်နှင့်တကွ မာရ်နတ်နှင့်တကွ ဗြဟ္မာနှင့်တကွ ရဟန်းပုဏ္ဏားနှင့်တကွ လူမင်းနှင့်ကတွ သော လောကတွင် အမြတ်ဆုံးသော အမှန်တရားကို ထိုးထွင်းသိရှိနိုင်သူ ဖြစ်ပြီဟု ဝန်မခံခဲ့။

ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယ သစ္စေသု ဧဝံ တိပရိဝဋဋံ ဒွာဒသာကာရံ ယထာဘူတံ ဉာဏ ဒဿနံ န ဝိသုဒ္ဒံ အဟောသိ။

ဤအခါ၌ကား ငါသည် ဤ (သစ္စာ) အမှန်တရားမြတ်ကို အဆင့် သုံးခု (သစ္စ၊ ကိစ္စ၊ ကတ) ကို ဉာဏ်အမြင်တွင် ရှင်းလင်းစွာသိပြီ။

အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သ မာရကေ သ ဗြဟ္မဏေ သဿ မဏ ဗြာဟ္မဏိယာ ပဇာယ သဒေဝ မနုဿာယ အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓောတိ ပစ္စညာသိံ။

ထိုသို့ ရှင်းလင်းစွာသိပြီဖြစ်၍ ငါသည် နတ်နှင့်တကွ မာရ်နတ်နှင့်တကွ ဗြဟ္မာနှင့်တကွ ရဟန်းပုဏ္ဏားနှင့်တကွ လူမင်းနှင့်ကတွ သော လောကတွင် အမြတ်ဆုံးသော အမှန်တရားကို ထိုးထွင်းသိရှိနိုင်သူ ဖြစ်ပြီဟု ဝန်ခံပြီ။ (ငာသည် ဘုရား ဖြစ်ပြီ)။
ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ၊ အကုပ္ပာ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိ ဒါနိ ပုနဗ္ဘဝေါတိ။

ငါ၏ ဉာဏ်အတွေးတွင် ထင်လာသည်ကား ငါသည် လွတ်မြောက်ပြီ။ ငါ၏ နောက်ဆုံး မွေးဖွားလာခြင်း ဖြစ်ပြီ။ ယခုအခါ နောက်ဖြစ်ရန် (ဘဝ) သည် မရှိတော့။

ဣဒမဝေါစ ဘဂဝါ။
အတ္တ မနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

ဘုရားရှင်သည် ဤ တရားကို ဟောအပ်ပြီ။
ဘုရားရှင် ဟောအပ်သော တရားကို ငါးဦးသော အစုက အလွန် နှစ်သက်စွာ လက်ခံပြီ။

ဣမသ္မိံ စ ပန ဝေယျာ ကရဏသ္မိံ ဘည မာနေ အာယသ္မတော ကောဏ္ဍညဿ ဝီရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါယိ ယံကိဉ္စိ သမုဒယ ဓမ္မံ၊ သဗ္ဗံတံ နိရောဓ ဓမ္မန္တိ။


ဤ ဂာထာမဟုတ် အမေးအဖြေ သက်သက် တရားကို ဟောကြားသည်နှင့် အရှင် ကောဏ္ဍည ၏ မြူခိုးကင်းသော တရားမျက်လုံးတွင် ဖြစ်သော သဘော အားလုံး အကြွင်းမဲ့စွာ ပျက်သော သဘောရှိ၏ ဟု ထင်ရှားစွာ ဖြစ်၏။


ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ ဘုမ္မာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မ စက္ကံ ပဝတ္တိယံ အပဋိဝတ္တိယံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိန္တိ။

ဘုရားရှင်သည် တရားဘီး (ဓမ္မစက္က) ကို လည်စေပြီးသောအခါ မြေ၌နေသော နတ်တို့က ဘုရားရှင်သည် ဗာရာဏသီ မိဂဒါဝုန် တောတွင် မြတ်သော တရားဘီး (ဓမ္မစက္က) ကို လည်စေပြီ၊ ပြောင်းပြန် လည်အောင် မည်သည့် ရဟန်း ပုဏ္ဏား နတ် ဗြဟ္မာ မာရ်နတ် အခြား သူ တို့ မတတ်နိုင် ဟု ကြွေးကြော်ကြ၏။


ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ စတုမဟာရာဇိကာ ဒေဝါ သဒ္ဒ မနုဿာဝေသုံ ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိယံ အပ္ပတိ ပဝတ္တိယံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိန္တိ။

မြေ၌နေသော နတ်တို့၏ အသံကို ကြားသော စတုမဟာရာဇ် နတ်တို့သည် ဘုရားရှင်သည် ဗာရာဏသီ မိဂဒါဝုန် တောတွင် မြတ်သော တရားဘီး (ဓမ္မစက္က) ကို လည်စေပြီ၊ ပြောင်းပြန် လည်အောင် မည်သည့် ရဟန်း ပုဏ္ဏား နတ် ဗြဟ္မာ မာရ်နတ် အခြား သူ တို့ မတတ်နိုင် ဟု ကြွေးကြော်ကြ၏။


စတုမဟာရာဇိကာ ဒေဝါနံ သဒ္ဒံ သုတွာ တာဝတိံသာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိယံ အပ္ပတိ ပဝတ္တိယံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိန္တိ။

စတုမဟာရာဇ် နတ်တို့၏ အသံကို ကြားသော တာဝတိံသာ နတ်တို့သည် ဘုရားရှင်သည် ဗာရာဏသီ မိဂဒါဝုန် တောတွင် မြတ်သော တရားဘီး (ဓမ္မစက္က) ကို လည်စေပြီ၊ ပြောင်းပြန် လည်အောင် မည်သည့် ရဟန်း ပုဏ္ဏား နတ် ဗြဟ္မာ မာရ်နတ် အခြား သူ တို့ မတတ်နိုင် ဟု ကြွေးကြော်ကြ၏။


တာဝတိံသာနံ ဒေဝါနံ သဒ္ဒံ သုတွာ ယာမာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိယံ အပ္ပတိ ပဝတ္တိယံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိန္တိ။

တာဝတိံသာ နတ်တို့၏ အသံကို ကြားသော ယာမာ နတ်တို့သည် ဘုရားရှင်သည် ဗာရာဏသီ မိဂဒါဝုန် တောတွင် မြတ်သော တရားဘီး (ဓမ္မစက္က) ကို လည်စေပြီ၊ ပြောင်းပြန် လည်အောင် မည်သည့် ရဟန်း ပုဏ္ဏား နတ် ဗြဟ္မာ မာရ်နတ် အခြား သူ တို့ မတတ်နိုင် ဟု ကြွေးကြော်ကြ၏။


ယာမာနံ ဒေဝါနံ သဒ္ဒံ သုတွာ တုသိတာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိယံ အပ္ပတိ ပဝတ္တိယံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိန္တိ။

ယာမာ နတ်တို့၏ အသံကို ကြားသော တုသိတာ နတ်တို့သည် ဘုရားရှင်သည် ဗာရာဏသီ မိဂဒါဝုန် တောတွင် မြတ်သော တရားဘီး (ဓမ္မစက္က) ကို လည်စေပြီ၊ ပြောင်းပြန် လည်အောင် မည်သည့် ရဟန်း ပုဏ္ဏား နတ် ဗြဟ္မာ မာရ်နတ် အခြား သူ တို့ မတတ်နိုင် ဟု ကြွေးကြော်ကြ၏။


တုသိတာနံ ဒေဝါနံ သဒ္ဒံ သုတွာ နိမ္မာနရတီ ဒေဝါ သဒ္ဒမနုဿာဝေသုံ ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိယံ အပ္ပတိ ပဝတ္တိယံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိန္တိ။

တုသိတာ နတ်တို့၏ အသံကို ကြားသော နိမ္မာနရတိ နတ်တို့သည် ဘုရားရှင်သည် ဗာရာဏသီ မိဂဒါဝုန် တောတွင် မြတ်သော တရားဘီး (ဓမ္မစက္က) ကို လည်စေပြီ၊ ပြောင်းပြန် လည်အောင် မည်သည့် ရဟန်း ပုဏ္ဏား နတ် ဗြဟ္မာ မာရ်နတ် အခြား သူ တို့ မတတ်နိုင် ဟု ကြွေးကြော်ကြ၏။


နိမ္မာနရတီနံ ဒေဝါနံ သဒ္ဒံ သုတွာ ပရနိမ္မိတဝသဝတ္တိ ဒေဝါ သဒ္ဒမနုဿာဝေသုံ ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိယံ အပ္ပတိ ပဝတ္တိယံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိန္တိ။

နိမ္မာနရတိ နတ်တို့၏ အသံကို ကြားသော ပရနိမ္မိတဝသဝတ္တိ နတ်တို့သည် ဘုရားရှင်သည် ဗာရာဏသီ မိဂဒါဝုန် တောတွင် မြတ်သော တရားဘီး (ဓမ္မစက္က) ကို လည်စေပြီ၊ ပြောင်းပြန် လည်အောင် မည်သည့် ရဟန်း ပုဏ္ဏား နတ် ဗြဟ္မာ မာရ်နတ် အခြား သူ တို့ မတတ်နိုင် ဟု ကြွေးကြော်ကြ၏။


ပရနိမ္မိတဝသဝတ္တိနံ ဒေဝါနံ သဒ္ဒံ သုတွာ ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိယံ အပ္ပတိ ပဝတ္တိယံ သမဏေနဝါ ဗြာဟ္မဏေနဝါ ဒေဝေနဝါ ဗြဟ္မုနာဝါ ကေနစိဝါ လောကသ္မိန္တိ။

ပရနိမ္မိတဝသဝတ္တိ နတ်တို့၏ အသံကို ကြားသော ဗြဟ္မာ တို့သည် ဘုရားရှင်သည် ဗာရာဏသီ မိဂဒါဝုန် တောတွင် မြတ်သော တရားဘီး (ဓမ္မစက္က) ကို လည်စေပြီ၊ ပြောင်းပြန် လည်အောင် မည်သည့် ရဟန်း ပုဏ္ဏား နတ် ဗြဟ္မာ မာရ်နတ် အခြား သူ တို့ မတတ်နိုင် ဟု ကြွေးကြော်ကြ၏။


ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဗုဂ္ဂစ္ဆိ။

ဤသို့လျှင် ခဏဖြင့် လျှပ်တစ်ပျက် တမဟုတ်ချင်း ဗြဟ္မာ လောက တိုင်အောင် အသံသည် ပျံ့နှံ၏။

အယဉ္စ ဒသသဟဿီ လောကဓာတု သံကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ။

တစ်သောင်းသော လောက ဓာတ်သည် တက်တုံ သက်တုံ ယိမ်းတုံ နွဲ့တုံ ဖြစ်၏။


အပ္ပမာဏော စ ဥဠာရော ဩဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။

မရေတွက်နိုင်အောင် ပျံ့သော ဩဘာသည် နတ်တို့၏ တန်ခိုးကို လွန်၍ ဖြစ်၏။

အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ၊ အညာသိ ဝတဘော ကောဏ္ဍညော၊ အညာသိ ဝတဘော ကောဏ္ဍညောတိ။ ဣတိဟိဒံ အာယသ္မတော ကောဏ္ဍညဿ အညာသိ ကောဏ္ဍညော တွေဝ နာမံ အဟောသိ။

ထိုအခါ ဘုရားရှင်သည် ကောဏ္ဍည သိပြီ၊ ကောဏ္ဍည သိပြီ ဟု ဥဒါန်းကို ကြူးရင့်၏။ အညာသိ ကောဏ္ဍည ဟူသော အမည် တွင်ခဲ့လေတော့၏။

အထ ခေါ အာယသ္မာ အညာသိ ကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂာဠုဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတ ကတံ ကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျုံ ဥပသမ္ပဒန္တိ။

ထိုအခါ အညာသိ ကောဏ္ဍည သည် မြင်အပ်သော၊ ဆိုက်ရောက်သော၊ ထိုးထွင်းသိသော၊ ယုံမှားမှုကင်းသော၊ သို့လောသို့လော မတွေးတော့သော တရားသိမြင်သေသူ၊ ရဲတင်းသော၊ ကိုယ်တိုင် ယုံကြည်၍ ကိုးကွယ်သူ ဖြစ်၍ ဤစကားကို လျှောက်၏။ အရှင်ဘုရား၏ ထံပါး၌ ရှင် အဖြစ် ရလိုပါ၏။ ရဟန်း အဖြစ် ရလိုပါ၏။


ဧဟိ ဘိက္ခူတိ ဘဂဝါ အဝေါစ၊ သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာတိ။ သာဝ တဿ အယသ္မတော ဥပသမ္ပဒါ အဟောသီတိ။

ရဟန်း အဖြစ် လက်ခံလော့ ဟု ဘုရားရှင် မိန့်တော်မူ၏။ တရားကို ကောင်းစွာ ဟောအပ်ပြီ။ ဆင်းရဲခြင်း အဆုံးသို့ ရရှိစေခြင်းအတွက် မြတ်သော အကျင့်ကို ကျင့်လော့။ ဘုရားရှင်၏ မိန့်ကြားသော စကားဖြင့်ပင် မြတ်သော ရဟန်း အဖြစ်သည် ဖြစ်၏။


Wednesday, May 18, 2011

လွတ်မြောက်ကြောင်း (ဝိမုတ္တာယတနသုတ်)

ဝိမုတ္တာယတနသုတ်
လွတ်မြောက်ကြောင်းတို့သည်
(၁) ဆရာ (သို့မဟုတ်) သီတင်းသုံးဖော်က သစ္စာ လေးပါး တရားကို ဟော၏။
(၂) ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့် အတိုင်း သစ္စာ လေးပါး တရားကို အကျယ်အားဖြင့် ဟော၏၊
(၃) ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် ရွတ်အံ သရဇ္ဈာယ်၏၊
(၄) ကြားနာဖူး သည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် စဉ်းစား၊ သုံးသပ်၊ ရှု ဆင်ခြင်၏။
(၅) သမာဓိအာရုံကို သင်ယူထား၏၊ နှလုံးသွင်း ထား၏၊ မှတ်သား ထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။

(၁)
ဆရာကဖြစ်စေ ဆရာ့အရာ၌ တည်သော သီတင်းသုံးဖော် တစ်ဦးဦးက ဖြစ်စေ (သစ္စာလေးပါး) တရားကို ဟောကြား၏။ ဟောတိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက် ၏။

(၂)
ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့် အတိုင်း သစ္စာ လေးပါး တရားကို အကျယ်အားဖြင့် ဟောကြား၏၊ ဟောကြားတိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက် ၏။

(၃)
ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် ရွတ်အံ သရဇ္ဈာယ်ခြင်းကို ပြု၏၊ ရွတ်အံ သရဇ္ဈာယ်ခြင်းကို ပြုတိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏။

(၄)
ကြားနာဖူး သည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် စဉ်းစား၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန် ရှု ဆင်ခြင်၏။ တရားကို အဖန်ဖန် စဉ်းစား သုံးသပ် ဆင်ခြင် တိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏။
(၅)
သမာဓိအာရုံ (ကမ္မဋ္ဌာန်း) တစ်မျိုးမျိုးကို ကောင်းစွာ သင်ယူထား၏၊ ကောင်းစွာ နှလုံးသွင်း ထား၏၊ ကောင်းစွာ မှတ်သား ထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိထား၏။ သမာဓိအာရုံ (ကမ္မဋ္ဌာန်း) တစ်မျိုးမျိုးကို ကောင်းစွာ သင်ယူ နှလုံးသွင်း မှတ်သား ပညာဖြင့် ထိုးထွင်း၍ သိထားတိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏။
ဤသည်တို့ကား လွတ်မြောက်ကြောင်း ငါးမျိုးတို့တည်း။
ယင်းလွတ်မြောက်ကြောင်း ငါးမျိုးတို့၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်)သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ် သည်လည်း လွတ်မြောက်၏၊ မကုန်ခန်းသေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂ လေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏ ဟု (မိန့်တော်မူ၏)။

အင်းပျဉ် ဗိမာန်ရှင် နတ်သမီး

ပဌမပီဌဝိမာနဝတ္ထု
အသျှင်မောဂဿဂလဿလာန်က မေးအပ်သော အကျိုး၏ အကြောင်းကံ ပြဿနာကို နတ်သမီး ဖြေကြား လျှောက်ထား၏။
နတ်၌ဖြစ်သော ဘယက် တန်ဆာတို့ဖြင့် တန်ဆာ ဆင်ကာ အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းမြတ်သော ဝတ်စား တန်ဆာတို့ကို ဝတ်ဆင် ထားသော၊ တိမ်ညွန့် တိမ်ထွထ်၌ ထွန်းလင်းသော လျှပ်စစ်နွယ် ကဲ့သို့ ထွန်းလင်း တောက်ပသော၊ ကောင်းမြတ်သော ရွှေစင်အတိ ဖြစ်သော စိတ်၏ လျင်မြန်ခြင်း ကဲ့သို့ လျင်မြန်၍ အလိုရှိတိုင်း သွားလာနိုင်သော ပလဿလင် သဏ္ဌာန် အင်းပျဉ် ဗိမာန်ရှင် နတ်သမီး -- အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူး ကို ပြုခဲ့ ဖူးသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော (တစ်ဆယ့်နှစ် ယူဇနာ တိုင်တိုင် ထွန်းပနိုင်သော) အရောင်အဆင်း ဖြစ်သနည်း၊ အဘယ် ကုသိုလ်ထူး ကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုး ချမ်းသာ) ပြည့်စုံ ပါသနည်း၊ အဘယ် ကုသိုလ်ထူး ကြောင့် သင့်အား စိတ်နှစ်သက် ဖွယ် စည်းစိမ် အားလုံးတို့ ဖြစ်ပေါ် လာပာ သနည်း။
တန်ခိုး အာနုဘော် ကြီးတော်မူသော အရှင်ရဟန်း -- အကျွန်ုပ်သည် လူတို့ ပြည် ဝယ် လူဖြစ်ခဲ့စဉ် အခါက ရဟန်းတော် တို့အား နေရာ အင်းပျဉ်ငယ် ကို ပေးလှူခဲ့ဖူး ပါပြီ၊ (အလှူခံ ပုဂ္ဂိုလ်တို့ကိုလည်း) ရှိခိုး ခဲ့ဖူးပါပြီ၊ လက်အုပ် ချီခြင်း ကိုလည်း ပြုခဲ့ဖူး ပါပြီ၊ စွမ်းနိုင် သလောက် လှူဒါန်းဖွယ် ကိုလည်း လှူဒါန်း ခဲ့ ဖူးပါပြီ။ ထိုကုသိုလ်ထူး ကြောင့်  အကျွန်ုပ်အား ဤသို့ အရောင် အဆင်း ဖြစ်ရပါ၏၊ ဤအရပ်၌ ကောင်းကျိုး ချမ်းသာ ပြည့်စုံ ရပါ၏၊ စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရ ပါ၏။

ဒုတိယပီဌဝိမာနဝတ္ထု
လူဖြစ်စဉ်က ရဟန်းတို့အား ရှေးနည်းတူ လှူဒါန်းခဲ့သော ကံကြောင့် ကြောင်မျက်ရွဲ ရတနာဖြင့် ပြီးသော ပလဿလင် အင်းပျဉ် ဗိမာန် ပေါက်ကာ အလိုရှိတိုင်း သွားလာ နိုင်သော နတ်သမီး

တတိယပီဌဝိမာနဝတ္ထု
ကိလေသာ ကင်းစင်သော ရဟန္တာ အရှင်မြတ်အား ကြည်ညိုသော စိတ်ထားဖြင့် ကောင်းမြတ်သော အင်းပျဉ်ကို ကိုယ်ထိ လက်ရောက် လှူဒါန်းခဲ့သော ကုသိုလ်ကံ ကြောင့် အရောင်အဆင်း လှပ တင့်တယ်ခြင်းဖြင့် အရပ်လေးမျက်နှာ ထွန်းလင်း တောက်ပလျက် ရွှေအင်းပျဉ် ရွှေဗိမာန် ပေါက်သော နတ်သမီး
တန်ခိုး အာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ် အခါက ကိလေသာမြူ ကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ် ရှိသော ရဟန္တာ အရှင်ကို ဖူးမြင်ရပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည် ဖြစ်၍ ထိုရဟန္တာ အရှင်အား ကောင်းမြတ်သော အင်းပျဉ်ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးသော ကုသိုလ်ကြောင့် ဤသို့ ထွန်းလင်း တောက်ပသော တန်ခိုး အာနုဘော် ရှိသူ ဖြစ်ရပါ၏၊

စတုတ္ထပီဌဝိမာနဝတ္ထု
ကိလေသာမြူ ကင်းသော ရဟန္တာ အရှင်မြတ်အား စိတ်ထား ကြည်လင်စွာ နေရာ အင်းပျဉ်ကို ကိုယ်ထိ လက်ရောက် လှူဒါန်းခဲ့သော ကုသိုလ်ကံ ကြောင့် အဆင်တန်ဆာ စုံလင်စွာနှင့် ကြောင်မျက်ရွဲ ရတနာဖြင့် ပြီးသော ပလဿလင် အင်းပျဉ် ဗိမာန်များကို ရရှိသော နတ်သမီး

Sunday, May 30, 2010

သူယုတ် ၂၀

သူယုတ် ၂၀
၁။ အမျက်ထွက်၊ ရန်ငြိုးဖွဲ့၊ ကျေးဇူးကန်း၊ အယူပျက်စီး၊ လှည့်ပတ် တတ်သူ၊
၂။ သတ္တဝာ၌ သနားကြင်နာမှု မရှိသူ၊
၃။ ရွာ နိဂုံးတို့ကို ဖျက်ဆီး၊ ပိတ်ပင် တတ်သူ
၎။ ရွာ၌ တော၌ ပိုင်ရှင်မပေးသော ဝတ္ထုကို ခိုးယူလိုသော စိတ်ဖြင့် ယူသူ၊
၅။ ကြွေးမြီကို ချေးယူပြီးလျှင် မြီရှင်တို့က တောင်းသော် ငါ့၌ မရှိဟု ပြောဆို ထွက်ပြေးသူ၊
၆။ ဥစ္စာ အနည်းငယ်ကို အလိုရှိသဖြင့် ခရီးသွားကို သတ်လျက် ဘဏ္ဍာကို ယူသူ၊
၇။ မိမိကို သက်သေထား၍ မေးသော် မိမိ၊ သူတစ်ပါး၊ ဥစ္စာ တို့ကြောင့် မုသားဆိုသူ၊
၈။ ဆွေမျိုးတို့၏ မယားတို့၌၊ မိတ်ဆွေ ခင်ပွန်းတို့၏ မယားတို့၌၊ အနိုင်အထက်ဖြစ်စေ၊ နှစ်ဦး သဘောတူ ဖြစ်စေ လွန်ကျူးပြစ်မှားသူ၊
၉။ အိုမင်း၍ သော မိဘကို ကျွေးမွေးပြုစု နိုင်စွမ်းသူ ဖြစ်လျက် မကျွေးမွေး မပြုစုသူ၊
၁၀။ မိဘ၊ ညီအစ်ကို အစ်မနှမ၊ ယောက္ခမ တို့ကို၊ ရိုက်နှက်၊ ကြမ်းတမ်းသော စကားဖြင့် ညှဉ်းဆဲသူ၊
၁၁။ အကျိုးစီးပွားကို မေးမြန်းသည်ကို အကျိုး စီးပွားမဲ့ကို ပြောကြား သွန်သင်သူ၊ မေးမြန်းသူ မသိနိုင် လောက်အောင် လျှို့ဝှက်သော စကားဖြင့် ပြောဆို ညွှန်ကြားသူ၊
၁၂။ ယုတ်မာသော အမှုကို ပြုပြီးလျှင် သူတစ်ပါး မသိစေလို၊ မကောင်းမှုကို ဖုံးလွှမ်းသူ၊
၁၃။ သူတစ်ပါးအိမ်တွင် မွန်မြတ်သော ဘောဇဉ်ကို စားသှောလည်း မိမိအိမ်သို့ လာသော အခာ မကျွေးမွေးသူ၊
၁၄။ ဗြာဟ္မဏ သမဏ ဖုန်းတောင်း ယာစကာတို့ကို ပစ္စည်းလေးပါး ဖိတ်ကြားပြီးဖြစ်လျက် မုသား ပြောဆို လှည့်ပတ်၏၊
၁၅။ ထမင်းစားချိန် ရောက်သော် ဗြာဟ္မဏ သမဏတို့ကို စကားဖြင့် ခြုတ်ခြယ်ပြီး ပေးကားမပေးသူ၊
၁၆။ မောဟဖြင့် တစ်စုံတစ်ခုသော ဝတ္ထုကို ရရှိလာသော် မသူတော်တို့ စကားကို ပြောဆိုသူ၊
၁၇။ မိမိကိုယ်ကို ချီးမြှောက်ပလွှား၊ သူတစ်ပါးတို့ကို မူကား ရှုတ်ချသူ၊
၁၈။ ခြုတ်ခြယ်၊ ဝန်တို၊ လိုချင်၊ ဝန်တို စေးနဲ၊ စဉ်းလဲ ကောက်ကျစ်၊ အရှက် အကြောက် မရှိ သူ၊
၁၉။ မြတ်စွာဘုရားကို သဗ္ဗညုမဟုတ် စသည်ဖြင့် ရေရွတ် စွပ်စွဲသူ၊ ဘုရား၏ တပည့်ရဟန်း ပရိဗိုဇ် လူတို့ကို ရေရွတ်စွပ်စွဲသူ၊
၂၀။ ရဟန္တာ မဟုတ်ဘဲ ရဟန္တာဟု ဝန်ခံသူ၊ ဤသူသည် ဗြဟ္မာနှင့် တကွသော လောက၌ အယုတ်မာဆုံး ခိုးသူကြီးဖြစ်၏၊

ဝသလသုတ်

ဝသလသုတ်
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံ ဝင်တော်မူ၏၊ ထိုအခါ အဂဿဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်၌ (ပူဇော်ထားသော) မီးသည် တောက်ပနေ၏၊ မီးပူဇော်ရန် နို့ဃနာ ထောပတ်စသည်ကို စီရင်ထား၏၊ ထိုအခါ မြတ်စွာဘုရား သည် သာဝတ္ထိပြည်၌ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်လတ်သော် အဂဿဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ် သို့ ချဉ်းကပ်တော်မူ၏။ အဂဿဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ကြွလာသည်ကို အဝေးကပင် မြင်၍ မြတ်စွာဘုရားကို "ဦးပြည်းယုတ် ထို၌သာလျှင် ရပ်လော့၊ ရဟန်းယုတ် ထို၌သာလျှင် ရပ်လော့၊ သူယုတ်မာ ထို၌သာလျှင် ရပ်လော့" ဟု ဆို၏။
ဤသို့ ဆိုလတ်သော် မြတ်စွာဘုရားသည် "အဂဿဂိကဘာရဒွါဇပုဏ္ဏား သင်သည် သူယုတ်အဖြစ်ကို လည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သော တရားတို့ကို လည်းကောင်း သိ၏လော" ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ် သည် သူယုတ်အဖြစ်ကို လည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သော တရားတို့ကို လည်းကောင်း၊ မသိပါ၊ အကျွန်ုပ် တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် သူယုတ်အဖြစ်ကို လည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သော တရားတို့ကို လည်းကောင်း အကျွန်ုပ် သိနိုင်လောက်သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား တရား ဟောတော်မူပါလော့ဟု (လျှောက်၏)။ ပုဏ္ဏား ထိုသို့ ဖြစ်လျှင်နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ "အသျှင် ဂေါတမ ကောင်းပါပြီ" ဟု အဂဿဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဝန်ခံ၏၊ မြတ်စွာဘုရား သည် ဤတရားကို ဟောတော်မူ၏-
၁၁၆။ "အကြင်သူသည် အမျက်ထွက်လေ့ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူး ကို ချေဖျက်တတ် ၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့်ပတ်တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁)
၁၁၇။ ဤလောက၌ အကြင်သူသည် တစ်ကြိမ် ဖွားဖြစ်သော လူစသော သတ္တဝာကို လည်းကောင်း၊ နှစ်ကြိမ် ဖွားဖြစ်သော၁ ငှက်စသော သတ္တဝာကို လည်းကောင်း ညှဉ်းဆဲသတ်ဖြတ်၏၊ အကြင်သူအား သတ္တဝာ၌ သနားကြင်နာမှု မရှိ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၂)
၁၁၈။ အကြင်သူသည် ရွာတို့ကို ဖြစ်စေ နိဂုံးတို့ကို ဖြစ်စေ ဖျက်ဆီးတတ်၏၊ ပိတ်ပင်တတ်၏၊ ရွာနိဂုံးတို့ကို ဖျက်ဆီး တတ်သူ ဟူ၍ (လောက၌) ထင်ရှား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၃)
၁၁၉။ အကြင်သူသည် ရွာ၌သော် လည်းကောင်း၊ တော၌သော် လည်းကောင်း သူတစ်ပါးတို့ မြတ်နိုးအပ်သော ပိုင်ရှင်မပေးသော ဝတ္ထုကို ခိုးယူလိုသော စိတ်ဖြင့် ဆောင်ယူ၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ (၄)
၁၂ဝ။ အကြင်သူသည် သူ့ကြွေးမြီကို အမှန်ပင် ချေးယူပြီးလျှင် မြီရှင်တို့က တောင်းအပ်သည် ရှိသော် ငါ့ထံ၌ မရှိဟု ပြောဆိုလျက် ထွက်ပြေး၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ (၅)
၁၂၁။ အကြင်သူသည် အနည်းငယ်မျှလောက်သာ ဖြစ်သော ဥစ္စာကို အလိုရှိသဖြင့် လမ်းခရီး၌ သွားလာနေသော လူကို သတ်လျက် အနည်းငယ်မျှသော ဘဏ္ဍာကို ယူ၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ (၆)
၁၂၂။ အကြင်သူသည် မိမိကို သက်သေထား၍ မေးအပ်သည်ရှိသော် မိမိဟူသော အကြောင်း ကြောင့်သော် လည်း ကောင်း၊ သူတစ်ပါးဟူသော အကြောင်းကြောင့်သော် လည်းကောင်း၊ (မိမိ၏ဖြစ်စေ သူတစ်ပါး၏ဖြစ်စေ) ဥစ္စာဟူသော အကြောင်းကြောင့်သော် လည်းကောင်း မုသားဆို၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ (၇)
၁၂၃။ အကြင်သူသည် ဆွေမျိုးတို့၏ မယားတို့၌သော် လည်းကောင်း၊ မိတ်ဆွေ ခင်ပွန်းတို့၏ မယားတို့၌သော် လည်း ကောင်း အနိုင်အထက်အားဖြင့်ဖြစ်စေ၊ နှစ်ဦး သဘောတူ ချစ်သဖြင့်ဖြစ်စေ လွန်ကျူးပြစ်မှား၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ (၈)
၁၂၄။ အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကို လည်းကောင်း၊ အဖကို လည်းကောင်း ကျွေးမွေးပြုစု နိုင်စွမ်းသူ ဖြစ်လျက် မကျွေးမွေး မပြုစုပေ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၉)
၁၂၅။ အကြင်သူသည် အမိကိုသော် လည်းကောင်း၊ အဖကိုသော် လည်းကောင်း၊ အစ်ကိုနှင့်ညီ ကိုသော် လည်းကောင်း၊ အစ်မနှမကိုသော် လည်းကောင်း၊ ယောက္ခမ မိန်းမသူ ယောက္ခမ ယောက်ျားသူ ကိုသော် လည်းကောင်း ရိုက်နှက် ပုတ်ခတ်၏၊ ကြမ်းတမ်းသော စကားဖြင့် ညှဉ်းဆဲ၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ (၁ဝ)
၁၂၆။ အကြင်သူသည် အကျိုးစီးပွါးကို မေးမြန်းအပ်သည် ဖြစ်လျက် အကျိုး စီးပွါးမဲ့ကို ပြောကြား သွန်သင်၏၊ မေးမြန်းသူ မသိနိုင်လောက်အောင် လျှို့ဝှက်သော စကားဖြင့် ပြောဆို ညွှန်ကြား၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ (၁၁)
၁၂၇။ အကြင်သူသည် ယုတ်မာသော အမှုကို ပြုပြီးလျှင် ငါ့ကို သူတစ်ပါး မသိပါစေလင့်ဟု အလိုရှိ၏၊ အကြင်သူ သည် မိမိပြုသော မကောင်းမှုကို ဖုံးလွှမ်း၏၊ ထိုသူနှစ်ဦးကို သူယုတ်မာ ဟူ၍ သိရာ၏။ (၁၂)
၁၂၈။ အကြင်သူသည် သူတစ်ပါးအိမ်သို့ သွားပြီးလျှင် မွန်မြတ်သော ဘောဇဉ်ကို စားပြီး၍လည်း မိမိအိမ်သို့ လာသော ထိုအဆွေခင်ပွန်းကို (အတုံ့အပြန်) မကျွေးမွေး၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ (၁၃)
၁၂၉။ အကြင်သူသည် ဗြာဟ္မဏကို လည်းကောင်း၊ သမဏကို လည်းကောင်း၊ ထိုမှတစ်ပါးသော ဖုန်းတောင်း ယာစကာကို လည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပြီးဖြစ်လျက် မုသား ပြောဆိုခြင်း ဖြင့် လှည့်ပတ်၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ (၁၄)
၁၃ဝ။ အကြင်သူသည် ထမင်းစားချိန် ရောက်လတ်သော် ဗြာဟ္မဏကို လည်းကောင်း၊ သမဏကို လည်းကောင်း စကားဖြင့် ခြုတ်ခြယ်၏၊ ပေးကားမပေး၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၅)
၁၃၁။ ဤလောက၌ အကြင်သူသည် မောဟဖြင့် မြှေးရစ်သည်ဖြစ်၍ တစ်စုံတစ်ခုသော ဝတ္ထုကို ရှာမှီးလာသည် ရှိသော် မသူတော်တို့ စကားကို ပြောဆို၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၆)
၁၃၂။ အကြင်သူသည် မိမိကိုယ်ကို ချီးမြှောက်ပလွှား၏၊ သူတစ်ပါးတို့ကို မူကား ရှုတ်ချ၏၊ မိမိကိုယ်ကို ပလွှားမှု သူတစ်ပါးတို့ကို ရှုတ်ချမှုဟူသော မိမိမာနကြောင့် ဆုတ်ယုတ်၏၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ (၁၇)
၁၃၃။ အကြင်သူသည် ခြုတ်ခြယ်တတ်၏၊ သူတစ်ပါး ပေးလှူသည်ကို မူလည်း ဝန်တိုမှုရှိ၏၊ ယုတ်မာသော အလိုရှိ၏၊ ဝန်တို စေးနဲ၏၊ စဉ်းလဲ ကောက်ကျစ်၏၊ အရှက် မရှိ၊ အကြောက် မရှိ၊ ထိုသူကို သူယုတ်မာ ဟူ၍ သိရာ၏။ (၁၈)
၁၃၄။ အကြင်သူသည် မြတ်စွာဘုရားကို သဗ္ဗညုမဟုတ် စသည်ဖြင့် ရေရွတ် စွပ်စွဲ၏၊ ထိုမှတစ်ပါး ထိုဘုရား၏ တပည့်ရဟန်းကိုသော် လည်းကောင်း၊ ပရိဗိုဇ်ကိုသော် လည်းကောင်း၊ လူကိုသော် လည်း ကောင်း ရေရွတ်စွပ်စွဲ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၉)
၁၃၅။ အကြင်သူသည် ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ဝန်ခံ၏၊ ဤသူသည်သာလျှင် ဗြဟ္မာနှင့် တကွသော လောက၌ အယုတ်မာဆုံးဖြစ်သော ခိုးသူကြီးပေတည်း၊ ပုဏ္ဏား ငါဘုရားသည် (ရှေး၌ အကျဉ်းအားဖြင့်) ဆိုခဲ့သော သူယုတ် တို့ကို အကျယ်အားဖြင့် ပြအပ်ကုန်ပြီ။ (၂ဝ)
၁၃၆။ အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ (၂၁)
၁၃၇။ (ပုဏ္ဏား) ထိုစကား၏ အဓိပ္ပာယ်ကို ဤညွှန်းပြမည့် စကားဖြင့်လည်း သိကုန်လော့၊ ဤညွှန်းပြချက် စကားကား အဘယ်နည်း၊ ခွေးသေတို့ကို ချက်၍ စားတတ်သော ဒွန်းစဏ္ဍား၏သားသည် မာတင်္ဂ ဟူ၍ ထင်ရှားကျော်စော၏။ (၂၂)
၁၃၈။ ထိုမာတင်္ဂသည် အလွန့်အလွန် ရနိုင်ခဲသော မြတ်သော ကျော်စောခြင်းသို့ ရောက်၏၊ ထိုမာတင်္ဂအား (လုပ်ကျွေးခစားရန်) မင်းမျိုးတို့သည် လည်းကောင်း၊ ပုဏ္ဏားမျိုးတို့သည် လည်းကောင်း၊ များစွာသော ကုန်သည်နှင့် သူဆင်းရဲတို့သည် လည်းကောင်း ခစားရာ အရပ်သို့ လာရောက်ကြကုန်၏။ (၂၃)
၁၃၉။ ထိုမာတင်္ဂသည် ကိလေသာ ကင်း၍ မြတ်သော ခရီးဖြစ်သော ဗြာဟ္မာ့ပြည်သို့ ရောက် ကြောင်း (သမာပတ် ရှစ်ပါး) နတ်ယာဉ်ကို တက်စီး၍ ကာမ၌ တပ်စွန်းမှု ‘ကာမရာဂ’ ကို ကင်းစင် စေလျက် ဗြဟ္မာ့ပြည်သို့ ကပ်ရောက်ရသူ ဖြစ် ခဲ့၏၊ ထိုမာတင်္ဂကို ဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းမှ အမျိုးဇာတ်က မတားမြစ်နိုင်။ (၂၄)
၁၄ဝ-၁၄၁။ ဗေဒင်ကို သရဇ္ဈယ်တတ်သည့် အမျိုး၌ ဖြစ်ကုန်သော ပုဏ္ဏားတို့သည် ဗေဒင်ဟူသော အဆွေခင်ပွန်း ရှိကုန်၏၊ ထိုပုဏ္ဏားတို့သည်လည်း ယုတ်မာသော အမှုတို့၌ မပြတ် ထင်ကုန်မူ ယခုဘဝ၌ပင်လျှင် ကဲ့ရဲ့ဖွယ် ဖြစ်ကုန်၏၊ တမလွန်ဘဝ၌လည်း ဒုဂ၃⁄၄တိဘဝသို့ လားရောက်ရကုန်၏၊ ထိုပုဏ္ဏားတို့ကို ဒုဂဿဂတိဘဝသို့ လားရောက်ရခြင်းမှ လည်း ကောင်း၊ ကဲ့ရဲ့ ခံရခြင်းမှ လည်းကောင်း အမျိုးဇာတ်က မတားမြစ်နိုင်။ (၂၅-၂၆)
၁၄၂။ အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ (၂၇)
ဤသို့ ဆိုသော် အဂဿဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို "အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် ယနေ့ကို အစပြု၍ အကျွန်ုပ်ကို အသက် ထက်ဆုံး ကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့" ဟု (လျှောက်၏)။
ခုနစ်ခုမြောက် ဝသလသုတ် ပြီး၏။

Monday, February 22, 2010

ပိယဇာတိကသုတ်

ပိယဇာတိကသုတ်

အကျဉ်း – ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု ဘုရားရှင် မိန့်တော်မူ၏။

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန် ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊
သူကြွယ်တစ်ယောက်၏ ချစ်စရာ တစ်ဦးတည်းသော သား သေဆုံး၏။ ထိုသူကြွယ်သည် သား သေဆုံးခြင်းကြောင့် အလုပ်ကိစ္စကို မလုပ်လို၊ ထမင်းကိုလည်း မစားလို။ သုသာန်သို့ သွား၍ ''သား အဘယ်မှာနည်း၊ သား အဘယ်မှာနည်း'' ဟု ငိုကြွေး၏။ ထို့နောက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေ၏။
ထိုသူကြွယ်ကို မြတ်စွာဘုရား သည် ''သူကြွယ် သင်၏ မျက်စိစသော ဣနြေဿဒတို့သည် ဖောက် ပြန်စွာ ရှိပေစွ'' ဟု မိန့်၏။ အသျှင်ဘုရား အကျွန်ုပ်၏ မျက်စိစသော ဣနြေဿဒတို့သည် အဘယ်မှာ ဖောက်ဖောက် ပြန်ပြန် မရှိဘဲ နေကုန်အံ့နည်း။
အသျှင်ဘုရား အကျွန်ုပ်၏ ချစ်စရာ တစ်ဦးတည်းသော သား သေဆုံး၏။ သား သေဆုံးခြင်းကြောင့် အလုပ်ကိစ္စကို မလုပ်လို၊ ထမင်းကိုလည်း မစားလို။ သုသာန်သို့ သွား၍ ''သား အဘယ်မှာနည်း၊ သား အဘယ်မှာနည်း'' ဟု ငိုကြွေးပါ၏ ဟု (လျှောက်၏)။

သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏၊ သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏။ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု အဘယ်သူအား ဖြစ်လိမ့်မည်နည်း။ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းတို့သည်သာ ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု (လျှောက်၏)။ ထို့နောက် ထိုသူကြွယ်သည် မြတ်စွာဘုရား၏ စကားတော်ကို မနှစ်မြို့သဖြင့် နေရာမှ ထသွားလေ၏။
ထိုအခါ များစွာကုန်သော လောင်းကစားသမား တို့သည် မြတ်စွာဘုရား အနီး၌ အန် ကစားနေကြ၏၊ ထိုသူကြွယ်သည် ထိုကစားသမားတို့ကို ''အချင်းတို့ ရဟန်းဂေါတမသည် သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏၊ သူကြွယ် ဤအရာသည် ဤအတိုင်းပင် ဖြစ်ပေ၏။ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု (မိန့်ဆို၏)။ အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု အဘယ်သူအား ဖြစ်လိမ့်မည်နည်း။ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းတို့သည်သာ ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု (လျှောက်၏)။ အချင်းတို့ ငါသည် ရဟန်း ဂေါတမ၏ စကားကို မနှစ်မြို့၍ နေရာမှထကာ ဖဲခဲ့ပြီ'' ဟု ပြောဆို၏။
''သူကြွယ် ဤအရာသည် ဤအတိုင်း ဖြစ်၏၊ သူကြွယ် ဤအရာသည် ဤအတိုင်း ဖြစ်၏။ နှစ်သက် ဝမ်းမြောက်ခြင်းတို့သာ ချစ်ခြင်းကြောင့် ဖြစ်ပေါ်၏၊ ချစ်ခြင်းတွင် အစပြု၏'' ဟု (ပြောဆိုကြ ကုန်၏)။ ထိုအခါ ထိုသူကြွယ်သည် ''ငါ၏ ဝါဒသည် ကစားသမားတို့၏ ဝါဒနှင့် ညီမျှ၏'' ဟု ဆို၍ ဖဲသွားလေ၏။ ထိုအခါ ဤစကား အကြောင်းအရာသည် အဆင့်ဆင့် နန်းတော်တွင်းသို့ တိုင်ရောက်လေ၏။

ထိုအခါ ပသေနဒိကောသလမင်းကြီးသည် မလဿလိကာမိဖုရားႀကီးကို ''မလဿလိကာမိဖုရား သင် မိဖုရား၏ ရဟန်းဂေါတမသည် ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းတွင် အစပြု၏ ဟု ဟောတော်မူ သတတ်'' ဟု မိန့်ဆို၏။
မင်းကြီး အကယ်၍ ဤစကားကို မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့၊ ဤစကားသည် ဤအတိုင်းမှန်ပေ၏ ဟု (သံတော်ဦး တင်လေ၏)။ မလဿလိကာမိဖုရားသည် ရဟန်းဂေါတမ ပြောဆိုသော စကားတိုင်းကိုပင် ဤစကားကို မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့၊ ဤစကားသည် ဤအတိုင်း မှန်ပေ၏ ဟု အလွန် ဝမ်းမြောက် နှစ်သက်လေ့ရှိ၏၊ ''ဆရာ ပြောဆိုတိုင်းသော စကားကို သာလျှင် တပည့်သည် 'ဆရာ ဤစကားသည် မှန်ပါ၏၊ ဆရာ ဤစကားသည် မှန်ပါ၏' ဟု အလွန် ဝမ်းမြောက် သကဲ့သို့၊ မလဿလိကာမိဖုရား သင်လည်း ရဟန်းဂေါတမ ပြောဆိုသော စကားတိုင်းကိုပင် 'မင်းကြီး ဤစကားကို အကယ်၍ မြတ်စွာဘုရား ဟောတော်မူသည် ဖြစ်အံ့၊ ဤစကားသည် ဤအတိုင်း မှန်ပေ၏' ဟု အလွန် ဝမ်းမြောက်၏။ မမြတ်နိုး အပ်သော မလဿလိကာ သွားလော့၊ ပျက်စီးလေလော့'' ဟု (ပြောဆို၏၊ အော်ငေါက်၏)။
ထိုအခါ မလဿလိကာမိဖုရားသည် နာဠိဇင်္ဃပုဏ္ဏားကို ခေါ်၍ ''ပုဏ္ဏား သင် လာလော့၊ မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ ငါ၏ စကားဖြင့် မြတ်စွာ ဘုရား၏ ခြေတော်တို့ကို ဦးတိုက်လော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းတို့ကို မေးလျှောက် လော့၊ 'အသျှင်ဘုရား မလဿလိကာမိဖုရားသည် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ပါ၏၊ အနာ ကင်းကြောင်း ရောဂါ ကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းတို့ကို မေးမြန်းပါ၏' ဟု လျှောက်လေလော့၊ ထို့ပြင် 'အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစ ရှိကုန်၏ဟု မြတ်စွာဘုရား ဟောကြားတော် မူဖူးပါသလော' ဟုလည်း လျှောက်လေလော့။ မြတ်စွာ ဘုရား ဟောကြားတော် မူသည့်အတိုင်း ကောင်းစွာ မှတ်သား နာယူခဲ့၍ ငါ့အား ပြောကြားလော့၊ မြတ်စွာဘုရားတို့သည် ချွတ်ယွင်းသော စကားကို မပြောဆိုကြကုန်'' ဟု ပြောဆို၏။
''အသျှင်မိဖုရားကြီး ကောင်းပါပြီ'' ဟူ၍ သာလျှင် နာဠိဇင်္ဃပုဏ္ဏားသည် မလဿလိကာ မိဖုရားကြီးအား ပြန်လျှောက်ကြား၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် ဝမ်းမြောက် ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အောက်မေ့ဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားကို ''အသျှင်ဂေါတမ မလဿလိကာမိဖုရားသည် အသျှင်ဂေါတမ၏ ခြေတော်တို့ ကို ဦးတိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းတို့ကို မေးလိုက်ပါ၏၊ ထို့ပြင် 'အသျှင်ဘုရား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်ကုန်၏၊ ချစ်ခြင်းလျှင် အမွန်အစ ရှိကုန်၏ ဟု မြတ်စွာဘုရား ဟောကြားတော်မူ ဖူးပါသလော' ဟူ၍ လည်း ပြောဆို မှာထား လိုက်ပါ၏'' ဟု လျှောက်၏။
ပုဏ္ဏား ဤအရာသည် ဤအတိုင်း ဖြစ်၏၊ ပုဏ္ဏား ဤအရာသည် ဤအတိုင်း ဖြစ်၏။ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏။

သာဝတ္ထိပြည်၌ တစ်ယောက်သော မိန်းမ၏ အမိသည် သေဆုံး၏၊ ထိုမိန်းမသည် ထိုအမိ သေဆုံးခြင်းကြောင့် ရူးသွပ် စိတ်ပျံ့လွင့်သည် ဖြစ်၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံ တစ်ခုမှ လမ်းဆုံ တစ်ခုသို့ ချဉ်းကပ်၍ ''ငါ၏ အမိကို မြင်ကြသလော၊ ငါ၏ အမိကို မြင်ကြသလော'' ဟု ဆို၏။ ပုဏ္ဏား သို့ဖြစ်၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ချစ်ခြင်းကြောင့် ဖြစ်သည်၊ ချစ်ခြင်းတွင် အစပြုသည်ကို သိသင့်၏။
သာဝတ္ထိပြည်၌ပင် တစ်ယောက်သော မိန်းမ၏ အဖသည် သေဆုံး၏၊ မောင်ကြီး မောင်ငယ်သည် သေဆုံး၏။ ညီမ အစ်မသည် သေဆုံး၏။ သားသည် သေဆုံး၏။ သမီးသည် သေဆုံး၏။ လင်ယောက်ျားသည် သေဆုံး၏၊ ထိုမိန်းမသည် ထိုလင်ယောက်ျား သေဆုံးခြင်း ကြောင့် ရူးသွပ် စိတ်ပျံ့လွင့်သည် ဖြစ်၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံ တစ်ခုမှ လမ်းဆုံ တစ်ခုသို့ ချဉ်းကပ်၍ ''ငါ၏လင် ယောက်ျားကို မြင်ကြပါ သလော၊ ငါ၏ လင်ယောက်ျားကို မြင်ကြပါ ကုန်၏လော'' ဟု ဆို၏။ ပုဏ္ဏား သို့ဖြစ်၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ချစ်ခြင်းကြောင့် ဖြစ်သည်၊ ချစ်ခြင်းတွင် အစပြုသည်ကို သိသင့်၏။
သာဝတ္ထိပြည်၌ပင် တစ်ယောက်သော ယောက်ျား၏ အမိသည် သေဆုံး၏၊ ထိုယောက်ျားသည် ထိုအမိ သေဆုံးခြင်းကြောင့် ရူးသွပ် စိတ်ပျံ့ လွင့်သည် ဖြစ်၍လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်၍ ''ငါ၏အမိကို မြင်ကြသလော၊ ငါ၏ အမိကို မြင်ကြသလော'' ဟု ဆို၏။ ပုဏ္ဏား သို့ဖြစ်၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ချစ်ခြင်းကြောင့် ဖြစ်သည်၊ ချစ်ခြင်းတွင် အစပြုသည်ကို သိသင့်၏။
သာဝတ္ထိပြည်၌ပင် တစ်ယောက်သော ယောက်ျား၏ အဖသည် သေဆုံး၏။ ညီအစ်ကိုသည် သေဆုံး၏။ အစ်မ နှမသည် သေဆုံး၏။ သားသည် သေဆုံး၏။ သမီးသည် သေဆုံး၏။ မယားသည် သေဆုံး၏၊ ထိုယောက်ျားသည် ထိုမယား သေဆုံးခြင်းကြောင့် ရူးသွပ် စိတ်ပျံ့လွင့်သည် ဖြစ်၍ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်၍ ''ငါ၏ မယားကို မြင်ကြသလော၊ ငါ၏ မယားကို မြင်ကြသလော'' ဟု ဆို၏။ ပုဏ္ဏား သို့ဖြစ်၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ချစ်ခြင်းကြောင့် ဖြစ်သည်၊ ချစ်ခြင်းတွင် အစပြုသည်ကို သိသင့်၏။
သာဝတ္ထိပြည်၌ပင် တစ်ယောက်သော မိန်းမသည် မိမိလင် ယောက်ျား အိမ်မှ မိဘဆွေမျိုးတို့ အိမ်သို့ သွားရောက် နေထိုင်၏၊ ထိုမိန်းမ၏ မိဘဆွေမျိုးတို့သည် လက်ရှိ လင်ယောက်ျားနှင့် ဖြတ်၍ အခြားယောက်ျားနှင့် ထိမ်းမြား လိုကြ၏၊ ထိုမိန်းမသည်ကား ထိုနောက် ထိမ်းမြားမည့် ယောက်ျားကို အလိုမရှိ၊ မနှစ်သက်။ ထိုအခါ ထိုမိန်းမသည် လက်ရှိလင် ယောက်ျားကို ''အရှင့်သား ဤဆွေမျိုးတို့သည် ငါ့ကို သင်နှင့် ဖြတ်၍ အခြားယောက်ျားနှင့် ထိမ်းမြား လိုကြ၏၊ ငါသည် ထိုယောက်ျားကို အလိုမရှိ'' ဟု ဆို၏။ ထိုအခါ ထိုလက်ရှိ လင်ယောက်ျားသည် ထိုမိန်းမကို နှစ်ပိုင်း ပိုင်းပြီးလျှင် ငါတို့နှစ်ယောက်သည် သေလွန်သော နောက်ဘဝ၌ ပေါင်းကြကုန်အံ့ ဟု ကြံ၍ မိမိ ရင်ဘတ်ကို ဖောက်ခွဲ၏။ ပုဏ္ဏား သို့ဖြစ်၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ချစ်ခြင်းကြောင့် ဖြစ်သည်၊ ချစ်ခြင်းတွင် အစပြုသည်ကို သိသင့်၏ ဟု (မိန့်တော်မူ၏)။
နာဠိဇင်္ဃပုဏ္ဏားသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန် နှစ်သက် ဝမ်းမြောက်၍ နေရာမှ ထကာ မလဿလိကာ မိဖုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် ပြောဆိုခဲ့သမျှ စကား အလုံးစုံကို မလဿလိကာမိဖုရားကြီးအား ပြောကြားလေ၏။ ထိုအခါ မလဿလိကာမိဖုရားကြီးသည် ပသေနဒိ ကောသလ မင်းကြီးထံသို့ ချဉ်းကပ်၍ ပသေနဒိကောသလမင်းကြီးကို မင်းကြီး ဝဇိရီသတို့ သမီးကို သင်မင်းကြီး ချစ်သည် မဟုတ်လော ဟု (မေးလျှောက်၏)။ မလဿလိကာ မှန်၏၊ ဝဇိရီသတို့သမီးကို ငါ ချစ်၏ ဟု (မိန့်ဆို၏)။ အသင် မင်းကြီး၏ ဝဇိရီသတို့သမီးငယ်၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ဖြစ်မည်လော ဟု (မေးလျှောက် ၏)။ မလဿလိကာ ဝဇိရီသတို့ သမီးငယ်၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ သေသော်လည်း သေရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်း ဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော် အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ထိုအကြောင်းကို ရည်ရွယ်၍ ''ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏'' ဟု ဟောကြားတော်မူ၏။
သင်မင်းကြီးသည် ဝါသဘ ခတ္တိယာ မင်းသမီးကို ချစ်သည် မဟုတ်လော ဟု (မေးလျှောက်၏)။ မလဿလိကာမှန်၏၊ ဝါသဘခတ္တိယာ မင်းသမီးကို ငါ ချစ်၏ ဟု (မိန့်ဆို၏)။ ဝါသဘခတ္တိယာ၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့ သည် ဖြစ်မည်လော ဟု (မေးလျှောက် ၏)။ မလဿလိကာ ဝါသဘ ခတ္တိယာ၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ သေသော်လည်း သေရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်း ဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော် အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော် မူသော ထိုမြတ်စွာဘုရား သည် ထိုအကြောင်းကို ရည်ရွယ်၍ ''ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏'' ဟု ဟောကြားတော်မူ၏။

သင်မင်းကြီးသည် ဝိဋဋူဘ စစ်သူကြီးကို ချစ်သည် မဟုတ်လော ဟု (မေးလျှောက်၏)။ မလဿလိကာ မှန်၏၊ ဝိဋဋူဘ စစ်သူကြီးကို ငါ ချစ်၏ ဟု (မိန့်ဆို၏)။ ဝိဋဋူဘစစ်သူကြီး၏ သေဆုံးခြင်း တစ်မျိုး တစ်မည် ဖောက်ပြန်ခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ဖြစ်မည်လော ဟု (မေးလျှောက်၏)။ မလဿလိကာဝိဋဋူ ဘ စစ်သူကြီး၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ သေသော်လည်း သေရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်း ဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော် အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော် မူသော ထိုမြတ်စွာဘုရား သည် ထိုအကြောင်းကို ရည်ရွယ်၍ ''ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏'' ဟု ဟောကြားတော်မူ၏။

သင်မင်းကြီးသည် အကျွန်ုပ်ကို ချစ်သည် မဟုတ် လော ဟု (မေးလျှောက်၏)။ မလဿလိကာမှန်၏၊ သင်မိဖုရားကို ငါ ချစ်ပေ၏ ဟု (ဆို၏)။ မင်းကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အကျွန်ုပ်၏ သေဆုံးခြင်း တစ်မျိုး တစ်မည် ဖောက်ပြန်ခြင်း ကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်း တို့သည် ဖြစ်မည်လော ဟု (မေးလျှောက်၏)။ မလဿလိကာ သင်၏ သေဆုံးခြင်း တစ်မျိုးတစ်မည် ဖောက်ပြန်ခြင်းကြောင့် ငါ့မှာ သေသော်လည်း သေရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ် ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်း ဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော်မူ၍ ပူဇော် အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ဤအကြောင်းကို ရည်ရွယ်၍ ''ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏'' ဟု ဟောကြားတော်မူ၏။

သင်မင်းကြီးသည် ကာသိတိုင်း ကောသလတိုင်း တို့ကို ချစ်သည် မဟုတ်လော ဟု (မေးလျှောက်၏)။ မလဿလိကာမှန်၏၊ ကာသိတိုင်း ကောသလတိုင်းတို့ကို ငါချစ်၏၊ မလဿလိကာ ကာသိတိုင်း ကောသလတိုင်းတို့၏ အာနုဘော်ကြောင့် ကာသိတိုင်း၌ ဖြစ်သော စနဿဒကူးကို ခံစားသုံး ဆောင်ရ၏၊ ပန်းနံ့သာ နံ့သာပျောင်းတို့ကို သုံးဆောင်ရ၏ ဟု (ဆို၏)။ ကာသိတိုင်း ကောသလတိုင်းတို့၏ ဖောက်ပြန်ခြင်း တစ်မျိုး တစ်မည် ပြောင်းလွဲခြင်းကြောင့် သင်မင်းကြီးအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ် ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ဖြစ်ကုန်ရာ သလော ဟု (မေးလျှောက်၏)။ မလဿလိကာ ကာသိတိုင်း ကောသလတိုင်းတို့၏ ဖောက်ပြန်ခြင်း တစ်မျိုးတစ်မည် ပြောင်းလွဲခြင်းကြောင့် ငါ့မှာ သေသော်လည်း သေရာ၏၊ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် အဘယ်မှာ မဖြစ်ဘဲ ရှိပါမည်နည်း ဟု (ဆို၏)။ မင်းကြီး သိတော်မူ မြင်တော် မူ၍ ပူဇော် အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော် မူသော ထိုမြတ်စွာဘုရားသည် ထိုအကြောင်းကို ရည်ရွယ်၍ ''ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ် ဆင်းရဲခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ချစ်ခြင်းကြောင့် ဖြစ်၏၊ ချစ်ခြင်းတွင် အစပြု၏'' ဟု ဟောကြားတော် မူ၏ ဟု (လျှောက်၏)။

မလဿလိကာ အံ့ဖွယ် ရှိစွ၊ မလဿလိကာ မဖြစ်ဖူး ထူးကဲပေစွ ၊ မြတ်စွာဘုရားသည် ပညာဖြင့် ထိုးထွင်း၍ မြင်တော် မူတတ်ပါပေစွ၊ မလဿလိကာ လာလော့၊ နှုတ်ဆေးရေ ပေးလော့ ဟု (မိန့်၏)။ ထို့နောက် ပသေနဒိကောသလမင်းကြီးသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံး ထက်၌ ကိုယ်ဝတ်ကို စမ္မယ် တင်သည်ကြိုပု၍ မြတ်စွာဘုရားထံသို့ လက်အုပ်ချီ၍ ''နမော တဿ ဘဂဝတော အရဟတော သမ္မာ သမၺဳဒဿဒသဿသ၊ နေမာ တႆ ဘဂဝေတာ အရဟေတာ သမၼာသမၺဳဒဿဒသဿသ၊ နေမာတႆ ဘဂဝေတာ အရဟေတာ သမၼာသမၺဳဒဿဒသဿသ'' ဟူ၍ သုံးကြိမ်တိုင်တိုင် ဥဒါန်း ကျူးရင့်လေ သတည်း။
ခုနစ်ခုမြောက် ပိယဇာတိကသုတ် ပြီး၏။