Wednesday, May 18, 2011

လွတ်မြောက်ကြောင်း (ဝိမုတ္တာယတနသုတ်)

ဝိမုတ္တာယတနသုတ်
လွတ်မြောက်ကြောင်းတို့သည်
(၁) ဆရာ (သို့မဟုတ်) သီတင်းသုံးဖော်က သစ္စာ လေးပါး တရားကို ဟော၏။
(၂) ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့် အတိုင်း သစ္စာ လေးပါး တရားကို အကျယ်အားဖြင့် ဟော၏၊
(၃) ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် ရွတ်အံ သရဇ္ဈာယ်၏၊
(၄) ကြားနာဖူး သည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် စဉ်းစား၊ သုံးသပ်၊ ရှု ဆင်ခြင်၏။
(၅) သမာဓိအာရုံကို သင်ယူထား၏၊ နှလုံးသွင်း ထား၏၊ မှတ်သား ထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။

(၁)
ဆရာကဖြစ်စေ ဆရာ့အရာ၌ တည်သော သီတင်းသုံးဖော် တစ်ဦးဦးက ဖြစ်စေ (သစ္စာလေးပါး) တရားကို ဟောကြား၏။ ဟောတိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက် ၏။

(၂)
ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့် အတိုင်း သစ္စာ လေးပါး တရားကို အကျယ်အားဖြင့် ဟောကြား၏၊ ဟောကြားတိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက် ၏။

(၃)
ကြားနာဖူးသည့် အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် ရွတ်အံ သရဇ္ဈာယ်ခြင်းကို ပြု၏၊ ရွတ်အံ သရဇ္ဈာယ်ခြင်းကို ပြုတိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏။

(၄)
ကြားနာဖူး သည့်အတိုင်း သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် စဉ်းစား၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန် ရှု ဆင်ခြင်၏။ တရားကို အဖန်ဖန် စဉ်းစား သုံးသပ် ဆင်ခြင် တိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏။
(၅)
သမာဓိအာရုံ (ကမ္မဋ္ဌာန်း) တစ်မျိုးမျိုးကို ကောင်းစွာ သင်ယူထား၏၊ ကောင်းစွာ နှလုံးသွင်း ထား၏၊ ကောင်းစွာ မှတ်သား ထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိထား၏။ သမာဓိအာရုံ (ကမ္မဋ္ဌာန်း) တစ်မျိုးမျိုးကို ကောင်းစွာ သင်ယူ နှလုံးသွင်း မှတ်သား ပညာဖြင့် ထိုးထွင်း၍ သိထားတိုင်းသော အခြင်း အရာ တို့၏ အနက် သဘောကို သိ၏၊ ဝမ်းမြောက်မှု ‘ပါမောဇ္ဇ’ ဖြစ်၏၊ နှစ်သိမ့်မှု ‘ပီတိ’ ဖြစ်၏၊ နှစ်သိမ့် သော စိတ်ရှိကြောင့် ကိုယ်သည် ငြိမ်းအေး၏၊ ချမ်းသာကို ခံစားရ၏၊ စိတ်သည် တည်ကြည်၏။
ယင်းလွတ်မြောက်ကြောင်း၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ်သည်လည်း လွတ်မြောက်၏၊ မကုန်ခန်း သေးသော အာသဝေါ တရားတို့သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂလေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏။
ဤသည်တို့ကား လွတ်မြောက်ကြောင်း ငါးမျိုးတို့တည်း။
ယင်းလွတ်မြောက်ကြောင်း ငါးမျိုးတို့၌ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်)သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော ရဟန်းအား (ကိလေသာတို့မှ) မလွတ်မြောက် သေးသော စိတ် သည်လည်း လွတ်မြောက်၏၊ မကုန်ခန်းသေးသော အာသဝေါ တရားတို့ သည်လည်း ကုန်ခန်းခြင်းသို့ ရောက်၏၊ မရောက်ဖူး သေးသော အတုမရှိသော ယောဂ လေးပါးတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့လည်း ရောက်၏ ဟု (မိန့်တော်မူ၏)။

အင်းပျဉ် ဗိမာန်ရှင် နတ်သမီး

ပဌမပီဌဝိမာနဝတ္ထု
အသျှင်မောဂဿဂလဿလာန်က မေးအပ်သော အကျိုး၏ အကြောင်းကံ ပြဿနာကို နတ်သမီး ဖြေကြား လျှောက်ထား၏။
နတ်၌ဖြစ်သော ဘယက် တန်ဆာတို့ဖြင့် တန်ဆာ ဆင်ကာ အမျိုးမျိုးသော ပန်းတို့ကို ပန်ဆင်လျက် ကောင်းမြတ်သော ဝတ်စား တန်ဆာတို့ကို ဝတ်ဆင် ထားသော၊ တိမ်ညွန့် တိမ်ထွထ်၌ ထွန်းလင်းသော လျှပ်စစ်နွယ် ကဲ့သို့ ထွန်းလင်း တောက်ပသော၊ ကောင်းမြတ်သော ရွှေစင်အတိ ဖြစ်သော စိတ်၏ လျင်မြန်ခြင်း ကဲ့သို့ လျင်မြန်၍ အလိုရှိတိုင်း သွားလာနိုင်သော ပလဿလင် သဏ္ဌာန် အင်းပျဉ် ဗိမာန်ရှင် နတ်သမီး -- အာနုဘော်ကြီးသော နတ်သမီး သင့်ကို ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က အဘယ် ကုသိုလ်ထူး ကို ပြုခဲ့ ဖူးသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော (တစ်ဆယ့်နှစ် ယူဇနာ တိုင်တိုင် ထွန်းပနိုင်သော) အရောင်အဆင်း ဖြစ်သနည်း၊ အဘယ် ကုသိုလ်ထူး ကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုး ချမ်းသာ) ပြည့်စုံ ပါသနည်း၊ အဘယ် ကုသိုလ်ထူး ကြောင့် သင့်အား စိတ်နှစ်သက် ဖွယ် စည်းစိမ် အားလုံးတို့ ဖြစ်ပေါ် လာပာ သနည်း။
တန်ခိုး အာနုဘော် ကြီးတော်မူသော အရှင်ရဟန်း -- အကျွန်ုပ်သည် လူတို့ ပြည် ဝယ် လူဖြစ်ခဲ့စဉ် အခါက ရဟန်းတော် တို့အား နေရာ အင်းပျဉ်ငယ် ကို ပေးလှူခဲ့ဖူး ပါပြီ၊ (အလှူခံ ပုဂ္ဂိုလ်တို့ကိုလည်း) ရှိခိုး ခဲ့ဖူးပါပြီ၊ လက်အုပ် ချီခြင်း ကိုလည်း ပြုခဲ့ဖူး ပါပြီ၊ စွမ်းနိုင် သလောက် လှူဒါန်းဖွယ် ကိုလည်း လှူဒါန်း ခဲ့ ဖူးပါပြီ။ ထိုကုသိုလ်ထူး ကြောင့်  အကျွန်ုပ်အား ဤသို့ အရောင် အဆင်း ဖြစ်ရပါ၏၊ ဤအရပ်၌ ကောင်းကျိုး ချမ်းသာ ပြည့်စုံ ရပါ၏၊ စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ရ ပါ၏။

ဒုတိယပီဌဝိမာနဝတ္ထု
လူဖြစ်စဉ်က ရဟန်းတို့အား ရှေးနည်းတူ လှူဒါန်းခဲ့သော ကံကြောင့် ကြောင်မျက်ရွဲ ရတနာဖြင့် ပြီးသော ပလဿလင် အင်းပျဉ် ဗိမာန် ပေါက်ကာ အလိုရှိတိုင်း သွားလာ နိုင်သော နတ်သမီး

တတိယပီဌဝိမာနဝတ္ထု
ကိလေသာ ကင်းစင်သော ရဟန္တာ အရှင်မြတ်အား ကြည်ညိုသော စိတ်ထားဖြင့် ကောင်းမြတ်သော အင်းပျဉ်ကို ကိုယ်ထိ လက်ရောက် လှူဒါန်းခဲ့သော ကုသိုလ်ကံ ကြောင့် အရောင်အဆင်း လှပ တင့်တယ်ခြင်းဖြင့် အရပ်လေးမျက်နှာ ထွန်းလင်း တောက်ပလျက် ရွှေအင်းပျဉ် ရွှေဗိမာန် ပေါက်သော နတ်သမီး
တန်ခိုး အာနုဘော် ကြီးတော်မူသော အရှင်ရဟန်း အကျွန်ုပ်သည် လူတို့ပြည်ဝယ် လူဖြစ်ခဲ့စဉ် အခါက ကိလေသာမြူ ကင်းသော အထူးသဖြင့် ကြည်လင်၍ မနောက်ကျုသော စိတ် ရှိသော ရဟန္တာ အရှင်ကို ဖူးမြင်ရပါ၏၊ အကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည် ဖြစ်၍ ထိုရဟန္တာ အရှင်အား ကောင်းမြတ်သော အင်းပျဉ်ကို ကိုယ်ထိလက်ရောက် ပေးလှူခဲ့ဖူးသော ကုသိုလ်ကြောင့် ဤသို့ ထွန်းလင်း တောက်ပသော တန်ခိုး အာနုဘော် ရှိသူ ဖြစ်ရပါ၏၊

စတုတ္ထပီဌဝိမာနဝတ္ထု
ကိလေသာမြူ ကင်းသော ရဟန္တာ အရှင်မြတ်အား စိတ်ထား ကြည်လင်စွာ နေရာ အင်းပျဉ်ကို ကိုယ်ထိ လက်ရောက် လှူဒါန်းခဲ့သော ကုသိုလ်ကံ ကြောင့် အဆင်တန်ဆာ စုံလင်စွာနှင့် ကြောင်မျက်ရွဲ ရတနာဖြင့် ပြီးသော ပလဿလင် အင်းပျဉ် ဗိမာန်များကို ရရှိသော နတ်သမီး