Monday, October 5, 2009

Defective Thinkings

နှလုံးမသွင်းသင့်သော အကြောင်းများ--- Defective Thinkings
ငါသည် အတိတ်ကာလက ဖြစ်ခဲ့ဖူးသလား။ Was I in past?
အတိတ်ကာလက မဖြစ်ခဲ့ဖူးသလား။ Wasn't I in past?
အတိတ်ကာလက အဘယ်သူ ဖြစ်ခဲ့ဖူးသနည်း။ Who was I in past?
အတိတ်ကာလက အဘယ်သို့ ဖြစ်ခဲ့ဖူးသနည်း။ How was I in past?
ငါသည် အတိတ်ကာလက အဘယ်သူ ဖြစ်ပြီး၍ အဘယ်သူ ဖြစ်ခဲ့ဖူးသနည်း။ Who was I after that in past?
ငါသည် အနာဂတ်ကာလ၌ ဖြစ်လတ္တံ့လော။ Will I in future?
အနာဂတ်ကာလ၌ မဖြစ်လတ္တံ့လော။ Won't I in future?
အနာဂတ်ကာလ၌ အဘယ်သူ ဖြစ်လတ္တံ့နည်း။ Who will I in future?
အနာဂတ်ကာလ၌ အဘယ်သို့ ဖြစ်လတ္တံ့နည်း။ How would I in future?
ငါသည် အနာဂတ်ကာလ၌ အဘယ်သူ ဖြစ်ပြီး၍ အဘယ်သူ ဖြစ်လတ္တံ့နည်းဟု တွေးကြံ၏ (နှလုံးသွင်း၏)။ Who would I after that?
ယခု ပစ္စုပ္ပန်ကာလ၌လည်း-
ငါ ဖြစ်သလော။ Am I now?
ငါ မဖြစ်သလော။ Am not I now?
ငါ အဘယ်သူ ဖြစ်သနည်း။ Who am I?
ငါ အဘယ်သို့ ဖြစ်သနည်း။ How am I?
ငါသည် အဘယ်မှ လာသနည်း။ I come from where?
ထိုငါသည် အဘယ်သို့ သွားမည်နည်း။ Where would I go?

Thursday, October 1, 2009

ပဋိစဿစသမုပဿပါဒ္ download link

https://docs.google.com/fileview?id=0B0KcmU5AKA4ZNzRlZTEzZjItYWNhNC00OTI4LWFkNzAtMzFjODgxMmFkYmE0&hl=en

ဒီမွာ Download ပါ

အကုသိုလ်တို့၏ အခြေအမြစ်အရင်းမူလသုံးပါး

အကုသိုလ်တို့၏ အခြေအမြစ်အရင်းမူလသုံးပါး
(က) လိုချင်မှု (လောဘ)၊
(ခ) ပြစ်မှားမှု (ဒေါသ)၊
(ဂ) တွေဝေမှု (မောဟ)

လိုချင်မှု (လောဘ)။ ။ အကြင်တပ်မက်မှု (ရာဂ)၊ ပြင်းစွာတပ်မက်မှု (သာရာဂ)၊ အဖန်ဖန်ဆွဲဆောင်မှု (အနုနယ)၊ မဆန့်ကျင်မှု (အနုရောဓ)၊ နှစ်သက်မှု (နနဿဒီ)၊ နှစ်သက်တပ်မက်မှု (နနဿဒိရာဂ)၊ စိတ်၏ ပြင်းစွာတပ်မက်မှု (စိတ္တသာရာဂ)၊ လိုလားမှု (ဣစဿဆာ)၊ တပ်မက် တွေဝေမှု (မုစဿဆာ)၊ မျိုမတတ်တပ်မက်မှု (အဇ္ဈောသာန)၊ ဆာလောင်မှု (ဂေဓ)၊ ထက်ဝန်းကျင်ဆာလောင်မှု (ပရိဂေဓ)၊ တွယ်တာမှု (သဂ)၊ စေးကပ်မှု (ပင်္က)၊ ဆွဲငင်မှု (ဧဇာ)၊ လှည့်ပတ်မှု (မာယာ)၊ ဖြစ်စေမှု (ဇနိကာ)၊ ကောင်းစွာ ဖြစ်စေမှု (သဉဿဇနနီ)၊ ချုပ်စပ်မှု (သိဗ္ဗိနီ)၊ ဖွဲ့ယှက်မှု (ဇာလိနီ)၊ အောက်မေ့စီးဆင်းမှု (သရိတာ)၊ စွဲငြိမှု (ဝိသတ္တိကာ)၊ ယိုစီးမှု (သောတ)၊ ပျံ့နှံ့တပ်မက်မှု (ဝိသဋာ)၊ (အာရုံကို) ရရန်အားထုတ်မှု (အာယူဟနီ)၊ အဖော်ဖြစ်မှုသဘော (ဒုတိယာ)၊ တောင့်တမှု (ပဏိဓိ)၊ ဘဝ၌ နှောင်ဖွဲ့တတ်သော ကြိုးနှင့်တူသော သဘော (ဘ၀နေတ္တိ)၊ တောနှင့်တူသော သဘော (ဝန)၊ တောကြီးနှင့်တူသော သဘော (ဝနထ)၊ ပေါင်းဖော်ခြင်းသဘော (သန္ထဝ)၊ စေးကပ်ခြင်း သဘော (သိနေဟ)၊ ငဲ့ကွက်ခြင်းသဘော (အပေက္ခာ)၊ အထပ်ထပ်နှောင်ဖွဲ့ခြင်းသဘော (ပဋိဗနဿဓု)၊ လိုချင်မှု့(အာသာ)၊ လိုချင်သော အခြင်းအရာ (အာသီသနာ)၊ လိုချင်တတ်သည့် အဖြစ် (အာသီသိတတ္တ)၊ ရူပါရုံကို လိုချင်မှု (ရူပါသာ)၊ သဒဿဒါရုံကုိ လုိခ်င္မႈ (သဒဿဒါသာ)၊ ဂႏဿဓာရုံကုိ လုိခ်င္မႈ (ဂႏဿဓာသာ)၊ ရသာရုံကုိ လုိခ်င္မႈ (ရသာသာ)၊ ဖောဋ္ဌဗ္ဗာရုံကို လိုချင်မှု (ဖောဋ္ဌဗ္ဗာသာ)၊ လာဘ်ကို လိုချင်မှု (လာဘာသာ)၊ ဥစ္စာကိုလိုချင်မှု (ဓနာသာ)၊ သားသမီးကို လိုချင်မှု (ပုတ္တာသာ)၊ အသက်ကို လိုချင်မှု (ဇီဝိတာသာ)၊ ငါ့ဥစ္စာဟုပြောဆို စေတတ်သော သဘော (ဇပ္ပါ)၊ အလွန်ပြောဆိုစေတတ်သော သဘော (အဘိဇပ္ပါ)၊ ပြောဆိုစေတတ်သော အခြင်းအရာ (ဇပ္ပနာ)၊ ပြောဆိုစေတတ်သည့်အဖြစ် (ဇပ္ပိတတ္တ)၊ အာရုံ၌ လုယက်ခြင်းသဘော (လောလုပ္ပ)၊ အာရုံ၌ လုယက်သောအခြင်းအရာ (လောလုပ္ပါယနာ)၊ အာရုံ၌ လုယက် တတ်သည့် အဖြစ် (လောလုပ္ပါယိ တတ္တ)၊ အမြီးနန့်သကဲ့သို့ ဖြစ်သောသဘော (ပုစဿဆဉဿဇိကတာ)၊ အကောင်းကြိုက်မှု (သာဓုကမျတာ)၊ မတရား တပ်မက်မှု (အဓမ္မရာဂ)၊ အဆမတန်လိုချင်မှု (ဝိသမလောဘ)၊ နှစ်သက်မှု (နိကန္တိ)၊ နှစ်သက်သော အခြင်းအရာ (နိကာမနာ)၊ မျှော်လင့်မှု (ပတ္ထနာ)၊ ချစ်ခင်မှု (ပိဟနာ)၊ အလွန်မျှော်လင့်မှု (သမ္ပတ္ထနာ)၊ ကာမဂုဏ်၌ တပ်မက်မှု (ကာမတဏှာ)၊ ဘဝ၌ တပ်မက်မှု (ဘဝတဏှာ)၊ ဘဝကင်းပြတ်သည်၌ တပ်မက်မှု (ဝိဘဝတဏှာ)၊ ရူပဘုံ၌ တပ်မက်မှု (ရူပတဏှာ)၊ အရူပဘုံ၌ တပ်မက်မှု (အရူပတဏှာ)၊ ဘဝချုပ်ခြင်း၌ တပ်မက်မှု (နိရောဓတဏှာ)၊ အသံ၌ တပ်မက်မှု (သဒဿဒတဏှာ)၊ အနံ့၌ တပ်မက်မှု (ဂနဿဓတဏှာ)၊ အရသာ၌ တပ်မက်မှု (ရသတဏှာ)၊ အတွေ့၌ တပ်မက်မှု (ဖောဋ္ဌဗ္ဗတဏှာ)၊ တရား၌ တပ်မက်မှု (ဓမ္မတဏှာ)၊ ဝဋ်ဆင်းရဲ၌ နစ်မြုပ်စေခြင်းသဘော (သြဃ)၊ ယှဉ်စေခြင်းသဘော (ယောဂ)၊ ထုံးဖွဲ့ခြင်းသဘော (ဂန္ထ)၊ စွဲလန်းမှုသဘော (ဥပါဒါန်)၊ ပိတ်ပင်ခြင်းသဘော (အာဝရဏ)၊ တားမြစ်ခြင်းသဘော (နီဝရဏ)၊ ဖုံးကွယ်ခြင်းသဘော (ဆဒန)၊ နှောင်ဖွဲ့ခြင်းသဘော (ဗနဿဓန)၊ ညစ်နွမ်းစေတတ်သောသဘော (ဥပက္ကိလေသ)၊ ဖြစ်ပေါ်တတ်သောသဘော (အနုသယ)၊ ထကြွတတ်သောသဘော (ပရိယုဋ္ဌာန)၊ ရစ်ပတ်တတ်သော သဘော (လတာ)၊ အမျိုးမျိုးအလိုရှိခြင်းသဘော (ဝေဝိစ္ဆ)၊ ဆင်းရဲမှု၏ အခြေအမြစ် (ဒုက္ခမှုလ)၊ ဆင်းရဲမှု၏ အကြောင်းရင်း (ဒုက္ခနိဒါန)၊ ဆင်းရဲမှု၏ အမွန်အစ (ဒုက္ခပ္ပဘဝ)၊ မာရ်မင်းကျော့ကွင်း (မာရပါသ)၊ မာရ်မင်းငါးမျှားချိတ် (မာရဗဠိသ)၊ မာရ်မင်း၏ နယ်ပယ် (မာရဝိသယ)၊ တပ်မက်မှုတဏှာမြစ် (တဏှာနဒီ)၊ တပ်မက်မှုကွန်ရက် (တဏှာဇာလ)၊ တပ်မက်မှုတဏှာတောက် (တဏွာဂဒဿဒုလ)၊ တပ္မက္မႈတဏွာသမုဒဿဒရာ (တဏွာသမုဒဿဒ)၊ လိုချင်မက်မောမှု (အဘိဇ္ဈာ)၊ လိုချင်မှု (လောဘ)ဟူသော အကုသိုလ်တို့၏ အခြေအမြစ် အရင်းမူလသည် ရှိ၏။

ဖျက်ဆီးပြစ်မှားမှု (ဒေါသ)။ ။ ငါ့ကို အကျိုးမဲ့အောင် ပြုခဲ့ပြီဟု ရန်ငြိုးဖွဲ့မှု (အာဃာတ)၊ ငါ့ကို အကျိုးမဲ့အောင် ပြုနေပြီဟု ရန်ငြိုးဖွဲ့မှု (အာဃာတ)၊ ငါ့ကို အကျိုးမဲ့အောင် ပြုလိမ့်မည်ဟု ရန်ငြိုးဖွဲ့မှု (အာဃာတ)။ ငါချစ်ခင်သူကို အကျိုးမဲ့အောင် ပြုခဲ့ပြီဟု ရန်ငြိုးဖွဲ့မှု (အာဃာတ)၊ ငါချစ်ခင်သူကို အကျိုးမဲ့အောင် ပြုနေပြီဟု ရန်ငြိုးဖွဲ့မှု (အာဃာတ)၊ ငါချစ်ခင်သူကို အကျိုးမဲ့အောင် ပြုလိမ့်မည်ဟု ရန်ငြိုးဖွဲ့မှု (အာဃာတ)၊ ငါမုန်းသူ၏ အကျိုးစီးပွါးကို ပြုခဲ့ပြီဟု၊ အကျိုးစီးပွါးကို ပြုနေဆဲဟု၊ အကျိုးစီးပွါးကို ပြုလိမ့်မည်ဟု ရန်ငြိုးဖွဲ့မှု (အာဃာတ)၊ တို့နှင့်အတူ အကြောင်းမရှိပါဘဲ ရန်ငြိုးဖွဲ့မှု (အာဃာတ)တို့သည် ဖြစ်၏။ ဤသဘောရှိသော စိတ်၏ ရန်ငြိုးဖွဲ့မှု (အာဃာတ)၊ အထပ်ထပ်ရန်ငြိုးဖွဲ့မှု (ပဋိဃာတ)၊ ထိပါးမှု (ပဋိဃ)၊ အလွန်ဆန့်ကျင်မှု (ပဋိဝိရောဓ)၊ စိတ်ဆိုးမှု (ကောပ)၊ အလွန်စိတ်ဆိုးမှု (ပကောပ)၊ ပြင်းစွာစိတ်ဆိုးမှု (သမ္ပကောပ)၊ ဖျက်ဆီးပြစ်မှားမှု (ဒေါသ)၊ လွန်စွာဖျက်ဆီး ပြစ်မှားမှု (ပဒေါသ)၊ ပြင်းစွာ ဖျက်ဆီးပြစ်မှားမှု (သမ္ပဒေါသ)၊ စိတ်ဖောက်ပြန်မှု (စိတ္တဗျာပတ္တိ)၊ စိတ်ပျက်စီးမှု (မနောပဒေါသ)၊ အမျက်ထွက်မှု (ကောဓ)၊ အမျက်ထွက်သော အခြင်းအရာ (ကုဇ္ဈနာ)၊ အမျက်ထွက်သည့် အဖြစ် (ကုဇ္ဈိတတ္တ)၊ ဖျက်ဆီးပြစ်မှားမှု (ဒေါသ)၊ ဖျက်ဆီးပြစ်မှားသော အခြင်းအရာ (ဒုဿနာ)၊ ဖျက်ဆီးပြစ်မှား သည့် အဖြစ် (ဒုဿိတတ္တ)၊ ဖောက်ပြန်ပျက်စီးမှု (ဗျာပတ္တိ)၊ ဖောက်ပြန်ပျက်စီးသော အခြင်း အရာ (ဗျာပဇ္ဇနာ)၊ ဖောက်ပြန်ပျက်စီးသည့် အဖြစ် (ဗျာပဇ္ဇိတတ္တ)၊ ဆန့်ကျင်မှု (ဝိရေဓ)၊ အထပ်ထပ်ဆန့်ကျင်မှု (ပဋိဝိရောဓ)၊ ကြမ်းတမ်းမှု (စဏ္ဍိက္က)၊ ကောင်းစွာ မပြောဆိုနိုင်ခြင်း (အသုရောပ)၊ စိတ်မနှစ်လိုမှု (အနတ္တမနတာ) သည် ရှိ၏။

တွေဝေမှု (မောဟ)။ ။ ဆင်းရဲခြင်းကို မသိမှု၊ ဆင်းရဲဖြစ်ကြောင်းကို မသိမှု၊ ဆင်းရဲချုပ်ရာကို မသိမှု၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကို မသိမှု၊ အနာဂတ်အတွက် မသိမှု၊ အတိတ်အတွက် မသိမှု၊ ရှေ့နောက်အတွက် မသိမှု၊ ကြောင်းကျိုးတရား (ပဋိစ္စသမုပ္ပါဒ်) တို့၌ မသိမှု သည် ရှိ၏။ ဤ မသိမှု (အညာဏ)၊ မမြင်မှု (အဒဿန) တို့သည် အဝိဇ္ဇာတည်းဟူသော တံခါးကျင် (အဝိဇ္ဇာလင်္ဂီ)၊ တွေဝေမှု (မောဟ)ဟူသော အကုသိုလ်တို့၏ အခြေအမြစ်အရင်း ဖြစ်၏။