Monday, September 28, 2009

သမ္မပ္ပဓာန် လေးပါး

သမ္မပ္ပဓာန် လေးပါး
(တရားအားထုတ်ခြင်း လုံ့လ လေးမျိုး)
(၁) အကုသိုလ် မဖြစ်ရန် ကြိုးစားမှု
မဖြစ်သေးသော အကုသိုလ် တရားယုတ်တို့ မဖြစ်ပေါ်အောင် ဆနဿဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လ ထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏။
(၂) အကုသိုလ်ပယ်ရန် ကြိုးစားမှု
ဖြစ်ပြီးသော (မဖြစ်တော့ဟု မဆိုနိုင်သော) အကုသိုလ် တရားယုတ်တို့ကို ပယ်ရန် ဆနဿဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ်အားထုတ်၏။
(၃) ကုသိုလ်ဖြစ်ရန် ကြိုးစားမှု
မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ ဖြစ်ပေါ်ရန် ဆနဿဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏။
(၄) ကုသိုလ်တည်တံ့တိုးပွါးရန် ကြိုးစားမှု
ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာဖြစ်ပွါးရန် ပြန့်ပြောရန် တိုးပွါးရန် ပြည့်စုံစေရန် ဆနဿဒကို ဖြစ်စေ၏၊ လုံ့လပြု၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှောက်ပင့်၏၊ အဆက်မပြတ် အားထုတ်၏။
*************************************************************************************************
၃၉၂။ ဆနဿဒကို ဖြစ်စေ၏ဟု ဆိုရာ၌ - လိုလားမှု ဆနဿဒ၊ လိုလားသည်၏ အဖြစ် ဆနဿဒိကတာ၊ ပြုလိုသည်၏ အဖြစ် ကတ္တုကမျတာ၊ ကုသိုလ်တရားကို လိုလားမှု ကုသလဓမၼစဿဆနဿဒ - ဤဆနဿဒတို့ကို ဖြစ်စေ၏၊ ကောင်းစွာ ဖြစ်စေ၏၊ ထစေ၏၊ ကောင်းစွာ ထစေ၏၊ ဖြစ်ပေါ်စေ၏၊ အသစ် ဖြစ်ပေါ်စေ၏၊
၃၉၃။ လုံ့လပြု၏ဟု ဆိုရာ၌ - စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ဝိရိယာရမဿဘ၊ အားထုတ်မှု၏ အဖြစ်၊ ပြုလိုသည်၏ အဖြစ်၊ ကုသိုလ်တရားကို အားထုတ်မှု- တို့ကို- ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ ရှိ၏၊ ဤလုံ့လတို့နှင့် ပြည့်စုံစေ၏၊ ကောင်းစွာ ပြည့်စုံစေ၏၊ ပြည့်စုံ၏၊ ကောင်းစွာ ပြည့်စုံ၏၊ ပြည့်စုံခြင်းသို့ ရောက်၏၊ ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။
၃၉၄။ လုံ့လထုတ်၏ ဟု ဆိုရာ၌ - စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ဝိရိယာရမဿဘ၊ အားထုတ်မှု၏ အဖြစ်၊ ပြုလိုသည်၏ အဖြစ်၊ ကုသိုလ်တရားကို အားထုတ်မှု- တို့ကို- ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ ရှိ၏၊ ဤလုံ့လတို့ကို ထုတ်၏၊ ကောင်းစွာ အားထုတ်၏၊ မှီဝဲ၏၊ တိုးပွါးစေ၏၊ အကြိမ်များစွာပြု၏၊
၃၉၅။ စိတ်ကို မြှောက်ပင့်၏ဟု ဆိုရာ၌ - ဆန်းကြယ်မှု စိတ္တ၊ သိမှု သဘော မန၊ သိခြင်းသဘော မာနသ၊ စသည်-- ထိုစိတ် အားလျော်
သော အထူးသိမှု သဘော တဇ္ဇာမနောဝိညာဏဓာတ် သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆို၏။ ဤစိတ်ကို မြှောက်ပင့်၏၊ ကောင်းစွာ မြှောက်ပင့်၏၊ ထောက်ပံ့၏၊ အထပ်ထပ် ထောက်ပံ့၏၊
၃၉၆။ အဆက်မပြတ်အားထုတ်၏ဟု ဆိုရာ၌ - စိတ်၌ ဖြစ်ပေါ်သောအားထုတ်မှု ဝီရိယာရမဿဘ---စသည်-- ကောင်းစွာ အားထုတ်မှု သမ္မာဝါယာမ
သည် ရှိ၏။ ဤအားထုတ်ခြင်းနှင့် ပြည့်စုံ၏။------- ကောင်းစွာ ပြည့်စုံခြင်းသို့ ရောက်၏။ ထို့ကြောင့် အဆက် မပြတ်အားထုတ်၏ ဟု ဆို၏။
************************************************************************************************
အကုသိုလ် တရားယုတ် များ -
*လိုချင်တပ်မက်မှု လောဘ၊
*လောဘနှင့် အတူဖြစ်သော ကိလေသာ
*လောဘနှင့် ယှဉ်သော ခံစားမှု အစု
*လောဘနှင့် ယှဉ်သော မှတ်သားမှု အစု
*လောဘနှင့် ယှဉ်သော ပြုပြင်မှု အစု
*လောဘနှင့် ယှဉ်သော သိမှု အစု
*လောဘ ကြောင့် ကိုယ်ဖြင့် ပြုသော အမှု
*လောဘ ကြောင့် နှုတ်ဖြင့်ပြုသော အမှု
*လောဘ ကြောင့် စိတ်ဖြင့် ပြုသော အမှု
**ကြမ်းတမ်းမှု ဒေါသ၊
**ဒေါသနှင့် အတူဖြစ်သော ကိလေသာ
**ဒေါသနှင့် ယှဉ်သော ခံစားမှု အစု
**ဒေါသနှင့် ယှဉ်သော မှတ်သားမှု အစု
**ဒေါသနှင့် ယှဉ်သော ပြုပြင်မှု အစု
**ဒေါသနှင့် ယှဉ်သော သိမှု အစု
**ဒေါသ ကြောင့် ကိုယ်ဖြင့် ပြုသော အမှု
**ဒေါသ ကြောင့် နှုတ်ဖြင့်ပြုသော အမှု
**ဒေါသ ကြောင့် စိတ်ဖြင့် ပြုသော အမှု
*တွေဝေမှု (အမှန်မသိမှု) မောဟ
*မောဟနှင့် အတူဖြစ်သော ကိလေသာ
*မောဟနှင့် ယှဉ်သော ခံစားမှု အစု
*မောဟနှင့် ယှဉ်သော မှတ်သားမှု အစု
*မောဟနှင့် ယှဉ်သော ပြုပြင်မှု အစု
*မောဟနှင့် ယှဉ်သော သိမှု အစု
*မောဟ ကြောင့် ကိုယ်ဖြင့် ပြုသော အမှု
*မောဟ ကြောင့် နှုတ်ဖြင့်ပြုသော အမှု
*မောဟ ကြောင့် စိတ်ဖြင့် ပြုသော အမှု
************************************************************************************************
ကုသိုလ်တရားတို့သည် အကုသိုလ် တရားတို့၏ ပြောင်းပြန်ဖြစ်၏။
************************************************************************************************

ဆဲရေးတတ်သူ၊ စွပ်စွဲတတ်သူ

ဆဲရေးတတ်သူ၊ စွပ်စွဲတတ်သူသည် အောက်ပါ ပျက်စီးခြင်း တစ်ဆယ့်တစ်မျိုးမှ လွဲရသည် မရှိ-
၁၊ မရသေးသည့် တရားထူးကို မရ၊
၂၊ ရပြီးတရားထူးမှ ယုတ်လျော့၏၊
၃၊ သူတော်ကောင်း တရားတို့သည် မဖြူစင်ကုန်၊
၎၊ သူတော်ကောင်းတရားတို့၌ (မရဘဲ ရပြီးပြီဟု) အထင်ကြီးသူဖြစ်၏၊
၅၊ မမွေ့လျော်ဘဲလျက် မြတ်သော အကျင့်ကို ကျင့်သုံးရ၏၊
၆၊ ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့သော်လည်း ရောက်ရ၏၊
၇၊ သိက္ခာချ၍သော်လည်း လူထွက် ရ၏၊
၈၊ ပြင်းပြသော ဆေးကုခက်သော ရောဂါနာကျင်မှု ကိုသော်လည်း တွေ့ထိရ၏၊
၉၊ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်း သို့သော်လည်း ရောက်ရ၏၊
၁၀၊ တွေတွေဝေဝေ ကွယ်လွန်ရ၏၊
၁၁၊ ခနဿဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ အပါယ်ငရဲ၌ ဖြစ်ရ၏။

Sunday, September 20, 2009

သတိပဌာနသုတ်

မဟာဝဂ်ပါဠိတော်
မဟာသတိပဋ္ဌာနသုတ်
၃၇၂။ ကုရုတိုင်း ကမ္မာသဓမ္မနိဂုံး၌ (ကမ္မာသဒမ္မ-မူကွဲ)
ရဟန်းတို့ ဟု ဘုရားရှင် ခေါ်တော်မူ၏။
အသျှင်ဘုရား ဟု ရဟန်းများ ဖြေကြ၏။
ဤသတိပဌာန် တရားတော်ကို ဟောတော်မူ၏။

အကျဉ်းချုပ်
၃၇၃။ သတ္တဝါတို့၏ စိတ်စင်ကြယ်ရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်း တို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ ချုပ် ငြိမ်းရန်၊ အရိယမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းကား သတိပဋ္ဌာန် လေးပါးတို့ ဖြစ်၏။
(၁) ပြင်းစွာအားထုတ်သော၊ သမ္ပဇဉ်ဉာဏ် ရှိသော၊ သတိ( အောက်မေ့ခြင်း) ရှိသော၊ အဘိဇ္ဈာ(လိုချင်တပ်မက်ခြင်း)၊ ဒေါမနဿ(နှလုံးမသာခြင်း)ကို ပယ်ဖျောက်၍ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက်နေ၏။
(၂) ပြင်းစွာအားထုတ်သော၊ သမ္ပဇဉ်ဉာဏ် ရှိသော၊ သတိ ရှိသော၊ အဘိဇ္ဈာ၊ ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလျက်နေ၏။
(၃) ပြင်းစွာအားထုတ်သော၊ သမ္ပဇဉ်ဉာဏ် ရှိသော၊ သတိ ရှိသော၊ အဘိဇ္ဈာ၊ ဒေါမနဿကို ပယ်ဖျောက်၍ စိတ်ကို အကြိမ်ကြိမ် ရှုလျက်နေ၏။
(၄) ပြင်းစွာအားထုတ်သော၊ သမ္ပဇဉ်ဉာဏ် ရှိသော၊ သတိ ရှိသော၊ အဘိဇ္ဈာ၊ ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလျက်နေ၏။
အကျဉ်းချုပ် ပြီး၏။

ထွက်သက်ဝင်သက်ကို ရှုဆင်ခြင်ခြင်း
၃၇၄။ တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊ ဆိတ်ငြိမ်ရာ၌ဖြစ်စေ၊ တင်ပလဿလင်ခွေလျှက် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ သတိဖြင့် ထိုင်၏။ သတိဖြင့်သာ ထွက်သက်လေ ထုတ်၏၊ သတိဖြင့်သာ ဝင်သက်လေကို ရှူ၏၊ ရှည်ရှည် ထွက်လျှင်လည်း ရှည်ရှည် ထွက်သည် ဟု သိ၏၊ ရှည်ရှည်ရှူလျှင်လည်း ရှည်ရှည်ရှူသည် ဟုသိ၏၊ တိုတိုထွက်လျှင်လည်း တိုတိုထွက်သည် ဟု သိ၏၊ တိုတိုရှူလျှင်လည်း တိုတိုရှူသည် ဟု သိ၏၊ (ထွက်သက်လေ၏) အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ထုတ်မည် ဟုကျင့်၏၊ (ဝင်သက်လေ၏) အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှူမည် ဟု ကျင့်၏၊ ရုန့်ရင်းသော ထွက်သက်ကို ငြိမ်းစေလျက် ထုတ်မည် ဟု ကျင့်၏၊ ရုန့်ရင်းသော ဝင်သက်ကို ငြိမ်းစေလျက် ရှူမည် ဟု ကျင့်၏။
ဥပမာ သော်ကား ကျွမ်းကျင်သော ပွတ်သမားသည် လည်းကောင်း ပွတ်သမား၏ တပည့်သည် လည်းကောင်း (ပွတ်ကြိုးကို) ရှည်ရှည်ဆွဲငင်လျှင်လည်း ရှည်ရှည်ဆွဲငင်သည် ဟု သိ၏၊(ပွတ်ကြိုးကို) တိုတို ဆွဲငင်လျှင်လည်း တိုတိုဆွဲငင်သည် ဟု သိ၏၊ ရဟန်းတို့ ဤအတူပင် ရဟန်းသည် ရှည်ရှည် ထုတ်လျှင်လည်း ရှည်ရှည်ထုတ်သည် ဟု သိ၏၊ ရှည်ရှည်ရှူလျှင်လည်း ရှည်ရှည်ရှူသည် ဟု သိ၏၊ တိုတိုထုတ်လျှင်လည်း တိုတိုထုတ်သည် ဟု သိ၏၊ တိုတိုရှူလျှင်လည်း တိုတိုရှူသည် ဟု သိ၏၊
ထွက်သက် ထုတ်ခြင်း ဖြစ်စဉ်တစ်ခုလုံး အစ အလယ် အဆုံး ရုပ်အပေါင်းကို ထင်ရှားစွာ သိလျက် ထုတ်မည် ဟု ကျင့်၏၊ ဝင်သက် ရူခြင်း ဖြစ်စဉ်တစ်ခုလုံး အစ အလယ် အဆုံး ရုပ်အပေါင်းကိုထင်ရှား သိလျက် ရှူမည် ဟု ကျင့်၏၊ သက်သာစွာသာ ထုတ်မည် ဟု ကျင့်၏၊ သက်သာစွာသာ ရှူမည် ဟု ကျင့်၏။
ဤသို့ မိမိ၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက်၊ သူတစ်ပါး၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် မိမိနှင့် သူတစ်ပါး၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ပျက်ကြောင်း တရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် ရုပ်အပေါင်းသည်သာလျှင် ရှိသည်ဟု သတိ၌ ရှင်းစွာထင်၏၊ (ထိုသတိ သည်) အသိဉာဏ် အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ သတိ အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့) မကပ်တွယ်ပဲ နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) မစွဲလမ်းပဲ နေ၏။

ဣရိယာပုထ်ကို ဆင်ခြင်ခြင်း
၃၇၅။ သွားခြင်းကို သိ၏၊ ရပ်ခြင်းကို သိ၏၊ ထိုင်ခြင်းကို သိ၏၊ လျောင်းခြင်းကို သိ၏၊ ရုပ်အပေါင်းသည် ဤ(သွား၊ ရပ်၊ ထိုင်၊ လျောင်း) အမူအရာတို့ဖြင့် တည်နေ၏၊ ထိုအမူအရာတို့ကို ဆင်ခြင်ခြင်းအားဖြင့် ထိုရုပ်အပေါင်းကို သိ၏။
ဤသို့ မိမိ၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက်၊ သူတစ်ပါး၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် မိမိနှင့် သူတစ်ပါး၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ပျက်ကြောင်း တရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် ရုပ်အပေါင်းသည်သာလျှင် ရှိသည်ဟု သတိ၌ ရှင်းစွာထင်၏၊ (ထိုသတိ သည်) အသိဉာဏ် အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ သတိ အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့) မကပ်တွယ်ပဲ နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) မစွဲလမ်းပဲ နေ၏။

သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်း
၃၇၆။ ရှေ့သို့တိုးရာ နောက်သို့ဆုတ်ရာ၌ သိလျက်ပြု လေ့ရှိ၏၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ ကွေးရာ ဆန့်ရာ၌ သိလျက်ပြု လေ့ရှိ၏၊ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာလျက်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ် စွန့်ရာ၌ သိလျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ် နေရာ၌ သိလျက် ပြုလေ့ရှိ၏။
ဤသို့ မိမိ၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက်၊ သူတစ်ပါး၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် မိမိနှင့် သူတစ်ပါး၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ပျက်ကြောင်း တရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် ရုပ်အပေါင်းသည်သာလျှင် ရှိသည်ဟု သတိ၌ ရှင်းစွာထင်၏၊ (ထိုသတိ သည်) အသိဉာဏ် အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ သတိ အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့) မကပ်တွယ်ပဲ နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) မစွဲလမ်းပဲ နေ၏။

စက်ဆုပ်ဖွယ်ရာဟု နှလုံးသွင်းခြင်း
၃၇၇။ ခြေဖဝါးမှ ဆံပင်ဖျားထိ ဝန်းကျင် အရေပါး အဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် စူးစိုက်ဆင်ခြင်၏၊ ဤရုပ်အပေါင်း၌ ဆံပင်၊ အမွေး၊ ခြေသည်း လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချဉ်ဆီ၊ အညှို့ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ် တို့ရှိ၏ ဟု စူးစိုက်ဆင်ခြင်၏။
ဥပမာ စပါးအမျိုးမျိုးဖြင့် ပြည့်သောအိတ်တွင် သလေးစပါး ကောက်ကြီးစပါး ပဲနောက် ပဲကြီး နှမ်း ဆန်တို့ ပါရှိ၏။ မျက်စိအမြင်ရှိသော ယောက်ျားသည် ထိုအိတ်ကို ဖြေ၍ ဤကား သလေးစပါး၊ ဤကား ကောက်ကြီး စပါး၊ ဤကား ပဲနောက်၊ ဤကား ပဲကြီး၊ ဤကား နှမ်း၊ ဤကား ဆန်ဟု စူးစိုက် ဆင်ခြင် သကဲ့သို့ ရုပ်အပေါင်းကို စူးစိုက် ဆင်ခြင်၏၊
ဤသို့ မိမိ၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက်၊ သူတစ်ပါး၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် မိမိနှင့် သူတစ်ပါး၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ပျက်ကြောင်း တရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် ရုပ်အပေါင်းသည်သာလျှင် ရှိသည်ဟု သတိ၌ ရှင်းစွာထင်၏၊ (ထိုသတိ သည်) အသိဉာဏ် အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ သတိ အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့) မကပ်တွယ်ပဲ နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) မစွဲလမ်းပဲ နေ၏။

ဓာတ်အားဖြင့် နှလုံးသွင်းခြင်း
၃၇၈။ ရုပ်အပေါင်း၌ မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ်တို့ ရှိ၏ ဟု ဤရုပ်အပေါင်းကို အရှိအတိုင်း ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏။
ဥပမာ ကျွမ်းကျင်သော နွားသတ်သမားသည် လည်းကောင်း နွားသတ်သမား၏ တပည့်သည် လည်းကောင်း နွားကို သတ်၍ လမ်းလေးခွ ဆုံရာ၌ အသား အရိုး တူရာ စုပုံ ခွဲခြား ထားသကဲ့သို့ မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ်တို့ ရှိ၏ ဟု ရုပ်အပေါင်းကို အရှိအတိုင်း ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏။
ဤသို့ မိမိ၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက်၊ သူတစ်ပါး၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် မိမိနှင့် သူတစ်ပါး၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ပျက်ကြောင်း တရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် ရုပ်အပေါင်းသည်သာလျှင် ရှိသည်ဟု သတိ၌ ရှင်းစွာထင်၏၊ (ထိုသတိ သည်) အသိဉာဏ် အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ သတိ အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့) မကပ်တွယ်ပဲ နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) မစွဲလမ်းပဲ နေ၏။

သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်း
၃၇၉။ သေ၍ တစ်ရက်ရှိသော သူသေကောင်၊ သေ၍ နှစ်ရက်ရှိသော သူသေကောင်၊ သေ၍ သုံးရက်ရှိသော သူသေကောင်၊ ဖူးရောင်နေသော သူသေကောင်၊ ရုပ်ဆင်း ပျက်လျက် ညိုမဲနေသော သူသေကောင်၊ ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည် ယိုစီးသော သခဿဿငျိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်သကဲ့သို့ ငါ၏ ရုပ်အပေါင်း သည်လည်း ဤသဘောရှိ၏၊ ဤသို့ ဖြစ်လိမ့်မည်သာ၊ ဤသဘောကို မလွန်ဆန်နိုင် ဟု ရုပ်အပေါင်းကို နှိုင်းစာ၍ ရှု၏။
ကျီးတို့ စားသော၊ စွန်ရဲတို့ စားသော၊ လင်းတတို့ စားသော၊ ဘုံမတီးငှက်တို့ စားသော၊ ခွေးတို့ စားသော၊ ကျားတို့ စားသော၊ သစ်တို့ စားသော မြေခွေးတို့ စားသော၊ ပိုးအမျိုးမျိုးတို့ စားသော၊ သခဿဿငျိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်သကဲ့သို့ ငါ၏ ရုပ်အပေါင်းသည်လည်း ဤသဘောရှိ၏၊ ဤသို့ ဖြစ်လိမ့်မည်သာ၊ ဤသဘောကို မလွန်ဆန်နိုင် ဟု ရုပ်အပေါင်းကို နှိုင်းစာ၍ ရှု၏။
အသားအသွေး ရှိသေးသော၊ အကြောတို့ဖြင့် ဖွဲ့ထားသော၊ အရိုးဆက်လျက် ရှိသေးသော၊ သခဿဿငျိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို ---
အသားကင်း၍ သွေးတို့ဖြင့် ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့ထားသော၊ အရိုးဆက်လျက် ရှိသေးသော၊ သခဿဿငျိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို ---
အသားအသွေးကင်းလျက် အကြောတို့ ဖြင့် ဖွဲ့ထားသော၊ အရိုးဆက်လျက် ရှိသေးသော၊ သခဿဿငျိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို ---
လက်ရိုး တစ်နေရာ၊ ခြေရိုး တစ်နေရာ၊ ခြေဖမျက်ရိုး တစ်နေရာ၊ မြင်းခေါင်းရိုး တစ်နေရာ၊ ပေါင်ရိုး တစ်နေရာ၊ ခါးရိုး တစ်နေရာ၊ နံရိုး တစ်နေရာ၊ ကျောက်ကုန်းရိုး တစ်နေရာ၊ ပခုံးရိုးတစ်နေရာ၊ လည်ပင်းရိုး တစ်နေရာ၊ မေးရိုး တစ်နေရာ၊ သွားရိုး တစ်နေရာ၊ ဦးခေါင်းခွံ တစ်နေရာ အားဖြင့် တစစီ ကြဲပြန့် နေသော သခဿဿငျိုင်း၌ စွန့်ပစ်ထားသော အရိုးစု သူသေကောင်တို့ကို မြင်သကဲ့သို့ ငါ၏ ရုပ်အပေါင်းသည်လည်း ဤသဘောရှိ၏၊ ဤသို့ ဖြစ်လိမ့်မည်သာ၊ ဤသဘောကို မလွန်ဆန်နိုင် ဟု ရုပ်အပေါင်းကို နှိုင်းစာ၍ ရှု၏။
ခရုသင်းအဆင်းနှင့် အတူ ဖြူဖွေးသော သခဿဿငျိုင်း၌ စွန့်ပစ်ထားသော အရိုးစုသူသေကောင်တို့ကို မြင်ရာသကဲ့သို့ ---
နှစ်လွန်လျက် စုပုံနေ သော သခဿဿငျိုင်း၌ စွန့်ပစ်ထားသော အရိုးစုသူသေကောင်တို့ကို မြင်ရာသကဲ့သို့ ---
ဆွေးမြေ့လျက် အမှုန့် ဖြစ်ကုန်သော သခဿဿငျိုင်း၌ စွန့်ပစ်ထားအပ်ကုန်သော အရိုးစုသူသေကောင်တို့ကို မြင်ရာသကဲ့သို့ ငါ၏ ရုပ်အပေါင်းသည်လည်း ဤသဘောရှိ၏၊ ဤသို့ ဖြစ်လိမ့်မည်သာ၊ ဤသဘောကို မလွန်ဆန်နိုင် ဟု ရုပ်အပေါင်းကို နှိုင်းစာ၍ ရှု၏။
ဤသို့ မိမိ၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက်၊ သူတစ်ပါး၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် မိမိနှင့် သူတစ်ပါး၏ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ပျက်ကြောင်း တရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလျက် နေ၏၊ ရုပ်အပေါင်း၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် ရုပ်အပေါင်းသည်သာလျှင် ရှိသည်ဟု သတိ၌ ရှင်းစွာထင်၏၊ (ထိုသတိ သည်) အသိဉာဏ် အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ သတိ အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့) မကပ်တွယ်ပဲ နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) မစွဲလမ်းပဲ နေ၏။

ဝေဒနာကို ဆင်ခြင်ခြင်း ကိုးပါး
၃၈ဝ။ သုခဝေဒနာ (ချမ်းသာသောခံစားခြင်း)ကို ခံစားလျှင်လည်း သုခဝေဒနာကို ခံစားသည် ဟု သိ၏။ ဒုက္ခဝေဒနာ (ဆင်းရဲသောခံစားခြင်း)ကို ခံစားလျှင်လည်း ဒုက္ခဝေဒနာကို ခံစားသည် ဟု သိ၏။ အဒုက္ခမသုခဝေဒနာ (ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သောခံစားခြင်း) ကို ခံစားလျှင်လည်း အဒုက္ခမသုခဝေဒနာကိုခံစားသည်ဟု သိ၏။
ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားသည် ဟု သိ၏၊ ကာမဂုဏ်နှင့် မစပ်သော ချမ်းသာသော ဝေဒနာကို ခံစား လျှင်လည်း ကာမဂုဏ်နှင့်မစပ်သော ချမ်းသာသော ဝေဒနာကို ခံစားသည်ဟုသိ၏။ ကာမဂုဏ် နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားသည် ဟု သိ၏၊ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲသော ဝေဒနာကို ခံစားသည် ဟုသိ၏၊ ကာမဂုဏ်နှင့် စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ် သော ဝေဒနာကို ခံစားလျှင်လည်း ကာမဂုဏ်နှင့်စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားသည် ဟု သိ၏၊ ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစား လျှင်လည်း ကာမဂုဏ်နှင့် မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားသည် ဟု သိ၏။
ဤသို့ မိမိ၏ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိ၏၊ သူတစ်ပါး၏ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိ၏၊ မိမိ သူတစ်ပါး၏ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိ၏။ ဝေဒနာ ဖြစ်ကြောင်း တရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ြကိမ် ရှုလေ့ရှိ၏၊ ဝေဒနာ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိ၏၊ ဝေဒနာ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိ၏၊ ထို့ပြင် ဝေဒနာသာလျှင် ရှိ၏ ဟု သတိတွင် ရှင်းစွာ ထင်၏၊ (ထိုသတိ သည်) အသိဉာဏ် အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ သတိ အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့) မကပ်တွယ်ပဲ နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) မစွဲလမ်းပဲ နေ၏။

စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး
၃၈၁။ ရာဂ(တပ်မက်ခြင်း) ပါသောစိတ်ကို ရာဂပါသောစိတ် ဟု သိ၏၊ ရာဂကင်းသော စိတ်ကို ရာဂကင်းသောစိတ် ဟု သိ၏၊ ဒေါသ(အမျက်ထွက်ခြင်း) နှောသော စိတ်ကို ဒေါသနှောသောစိတ် ဟု သိ၏၊ ဒေါသကင်းသော စိတ်ကို ဒေါသကင်းသော စိတ် ဟု သိ၏၊ မောဟ (တွေဝေခြင်း)ပါသော စိတ်ကိုလည်း မောဟပါသော စိတ်ဟု သိ၏၊ မောဟကင်းသော စိတ်ကိုလည်း မောဟကင်းသောစိတ် ဟု သိ၏၊ သံခိတ္တ (ကျုံ့သော)စိတ်ကို သံခိတ္တစိတ် ဟု သိ၏၊ ဝိက္ခိတဿတ (ပျံ့သော)စိတ်ကိုလည်း ဝိက္ခိတ္တစိတ်ဟု သိ၏၊ မဟဂဿဂုတ် (ရူပအရူပ)စိတ်ကိုလည်း မဟဂဿဂုတ်စိတ် ဟု သိ၏၊ အမဟဂဿဂုတ်(ကာမာဝစရ)စိတ် စိတ်ကိုလည်း အမဟဂဿဂုတ်စိတ်ဟု သိ၏၊ သဥတ္တရ(ကာမာဝစရ)စိတ် ကိုလည်း သဥတ္တရစိတ်ဟု သိ၏၊ အနုတ္တရ(ရူပအရူပ)စိတ် ကိုလည်း အနုတ္တရစိတ်ဟု သိ၏၊ သမာဟိတ(တည်ကြည်သော)စိတ် ကိုလည်း သမာဟိတစိတ်ဟု သိ၏၊ အသမာဟိတ(မတည်ကြည်သော)စိတ် ကိုလည်း အသမာဟိတစိတ်ဟု သိ၏၊ ဝိမုတ္တ(လွတ်မြောက်သော) စိတ်ကိုလည်း ဝိမုတ္တစိတ်ဟု သိ၏၊ အဝိမုတ္တ(မလွတ်မြောက်သော)စိတ်ကိုလည်း အဝိမုတ္တစိတ်ဟု သိ၏။
ဤသို့ မိမိ၏ စိတ်ကို အကြိမ်ကြိမ် ရှု၏၊ သူတစ်ပါး၏ စိတ်ကို အကြိမ်ကြိမ် ရှု၏၊ မိမိ သူတစ်ပါး၏ စိတ်ကို အကြိမ်ကြိမ် ရှု၏။ စိတ် ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှု၏၊ စိတ် ပျက်ကြောင်း တရားနှင့် ပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှု၏၊ စိတ် ဖြစ်ကြောင်း ပျက်ကြောင်း တရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှု၏၊ စိတ်သာရှိ၏ ဟု သတိတွင် ရှင်းစွာ ထင်၏၊ (ထိုသတိ သည်) အသိဉာဏ် အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ သတိ အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့) မကပ်တွယ်ပဲ နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) မစွဲလမ်းပဲ နေ၏။

သဘောတရားကို ဆင်ခြင်ခြင်း ငါးပါး
(၁) နီဝရဏ(အပိတ်အပင်)တရား ငါးပါးကို ဆင်ခြင်ခြင်း
၃၈၂။ မိမိသန္တာန်၌ ကာမစဿဆနဿဒ(ကာမဂုဏ္အလို) ရှိလျှင် ငါ၏ သန္တာန်၌ ကာမစဿဆနဿဒ ရှိသည် ဟု သိ၏၊ မိမိသန္တာန်၌ ကာမစဿဆနဿဒ မရှိလျှင်လည်း ငါ၏ သန္တာန်၌ ကာမစဿဆနဿဒ မရွိ ဟု သိ၏၊ မဖြစ်သေးသော ကာမစဿဆနဿဒ၏ ဖြစ်ကြောင်း ကိုလည်း သိ၏၊ ဖြစ်ပြီးသော ကာမစဿဆနဿဒ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ကာမစဿဆနဿဒ၏ နောင်အခါ မဖြစ်ပေါ်ကြောင်း ကိုလည်း သိ၏။
မိမိသန္တာန်၌ ဗျာပါဒ(သူတစ်ပါးပျက်စီးစေလိုခြင်းသဘော) ရှိလျှင်လည်း ငါ၏ သန္တာန်၌ ဗျာပါဒရှိသည် ဟု သိ၏၊ မိမိသန္တာန်၌ ဗျာပါဒ မရှိလျှင်လည်း ငါ၏ သန္တာန်၌ ဗျာပါဒ မရှိ ဟု သိ၏၊ မဖြစ်သေးသော ဗျာပါဒ၏ ဖြစ်ကြောင်း ကိုလည်း သိ၏၊ ဖြစ်ပြီးသော ဗျာပါဒ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ဗျာပါဒ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ထိနမိဒဿဓ( လေးလံထိုင်းမှိုင်းခြင်း) ရှိလျှင်လည်း ငါ၏ သန္တာန်၌ ထိနမိဒဿဓ ရှိသည် ဟု သိ၏၊ မိမိသန္တာန်၌ ထိနမိဒဿဓ မရှိလျှင်လည်း ငါ၏ သန္တာန်၌ ထိနမိဒဿဓ မရှိ ဟု သိ၏၊ မဖြစ်သေးသော ထိနမိဒဿဓ၏ ဖြစ်ကြောင်း ကိုလည်း သိ၏၊ ဖြစ်ပြီးသော ထိနမိဒဿဓ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ထိနမိဒဿဓ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဥဒဿဓစ္စ(ပျံ့လွင့်ခြင်း) ကုက္ကုစ္စ( နှလုံးမသာယာခြင်း) ရှိလျှင်လည်း ငါ၏ သန္တာန်၌ ဥဒဿဓစ္စကုက္ကုစ္စရှိသည် ဟု သိ၏၊ မိမိသန္တာန်၌ ဥဒဿဓစ္စကုက္ကုစ္စမရှိလျှင်လည်း ငါ၏ သန္တာန်၌ ဥဒဿဓစ္စကုက္ကုစ္စ မရှိ ဟု သိ၏၊ မဖြစ်သေးသော ဥဒဿဓစ္စကုက္ကုစ္စ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဥဒဿဓစ္စကုက္ကုစ္စ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ဥဒဿဓစ္စကုက္ကုစ္စ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဝိစိကိစဿဆာ(မဝေခွဲနိုင်ခြင်း) ရှိလျှင်လည်း ငါ၏ သန္တာန်၌ ဝိစိကိစဿဆာ ရှိ၏ ဟု သိ၏၊ မိမိသန္တာန်၌ ဝိစိကိစဿဆာ မရှိလျှင်လည်း ငါ၏ သန္တာန်၌ ဝိစိကိစဿဆာမရှိ ဟု သိ၏၊ မဖြစ်သေးသော ဝိစိကိစဿဆာ၏ ဖြစ်ကြောင်း ကိုလည်း သိ၏၊ ဖြစ်ပြီးသော ဝိစိကိစဿဆာ၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော ဝိစိကိစဿဆာ၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏၊
ဤသို့ မိမိ၏ သဘောတရားတို့ကို အကြိမ်ကြိမ် ရှု၏၊ သူတစ်ပါး၏ သဘောတရားတို့ကို အကြိမ်ကြိမ် ရှု၏။ မိမိ သူတစ်ပါး၏ သဘောတရားတို့ကို အကြိမ်ကြိမ် ရှု၏။ သဘောတရားတို့ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှု၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကိုအကြိမ်ကြိမ် ရှု၏။ သဘောတရားတို့၌ ဖြစ်ကြောင်းပျက်ကြောင်းတရားနှင့် ဖြစ်ခြင်း ပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှု၏။ ထို့ပြင် သဘောတရားသာ ရှိ၏ ဟု ထိုရဟန်းအား သတိတွင် ထင်ရှား သိ၏၊ (ထိုသတိ သည်) အသိဉာဏ် အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ သတိ အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့) မကပ်တွယ်ပဲ နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) မစွဲလမ်းပဲ နေ၏။

ခနဿဓာငါးပါးကို ဆင်ခြင်ခြင်း
၃၈၃။ ဤကားရုပ်တည်း၊ ဤကား ရုပ်၏ ဖြစ်ကြောင်းတည်း၊ ဤကား ရုပ်၏ ချုပ်ရာတည်း၊ ဤကား ဝေဒနာတည်း၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝေဒနာ၏ ချုပ်ရာတည်း၊ ဤကား သညာ၁တည်း၊ ဤကား သညာ၏ဖြစ်ကြောင်းတည်း၊ ဤကား သညာ၏ ချုပ်ရာတည်း၊ ဤသည်တို့ကား သင်္ခါရ၂တို့တည်း၊ ဤကားသင်္ခါရတို့၏ ဖြစ်ကြောင်းတည်း၊ ဤကား သင်္ခါရတို့၏ ချုပ်ရာတည်း၊ ဤကား ဝိညာဏ်၃တည်း၊ ဤကားဝိညာဏ်၏ ဖြစ်ကြောင်းတည်း၊ ဤကား ဝိညာဏ်၏ ချုပ်ရာတည်း ဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
ဤသို့ မိမိ၏ သဘောတရားတို့ကို အကြိမ်ကြိမ် ရှု၏၊ သူတစ်ပါး၏ သဘောတရားတို့ကို အကြိမ်ကြိမ် ရှု၏၊ မိမိ သူတစ်ပါး၏ သဘောတရားတို့ကို အကြိမ်ကြိမ် ရှု၏၊ သဘောတရားတို့ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှု၏၊ သဘောတရားတို့ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှု၏၊ သဘောတရားတို့ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှု၏။ သဘောတရား တို့ သာလျှင် ရှိ၏ ဟု သတိသည် ထင်ရှားဖြစ်၏၊ (ထိုသတိ သည်) အသိဉာဏ် အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ သတိ အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့) မကပ်တွယ်ပဲ နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) မစွဲလမ်းပဲ နေ၏။

အာယတန တစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်း
၃၈၄။ မျက်စိ၊ အဆင်း နှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကို သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်း ကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။
နား၊ အသံ နှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကို သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်း ကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်း ကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏။
နှာခါင်း၊ အနံ့နှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်း ကို သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကို သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်း ကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်း ကိုလည်း သိ၏။
လျှာ၊ အရသာ နှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်း ကိုလည်း၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်း၊ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်း ကို သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်း ကိုလည်း သိ၏။
ကိုယ်၊ အတွေ့အထိ နှစ်ပါးစုံမှ သံယောဇဉ် ဖြစ်ခြင်းကို သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်း ကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်း ကိုလည်း သိ၏။
စိတ်၊ သဘောတရား နှစ်ပါးစုံကို သံယောဇဉ်ဖြစ်ခြင်း ကိုလည်း သိ၏၊ မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်း ကိုလည်း သိ၏၊ ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်း ကိုလည်း သိ၏။

ဤသို့ မိမိ၏ သဘောတရားတို့ကို အကြိမ်ကြိမ် ရှု၏၊ သူတစ်ပါး၏ သဘောတရားတို့ကို အကြိမ်ကြိမ် ရှု၏၊ မိမိ သူတစ်ပါး၏ သဘောတရားတို့ကို အကြိမ်ကြိမ် ရှု၏၊ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှု၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှု၏။ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်းသဘော ကို အကြိမ်ကြိမ် ရှု၏၊ ထို့ပြင် သဘောတရားသာ ရှိ၏ ဟု သတိသည် ရှင်းစွာထင်၏၊ (ထိုသတိ သည်) အသိဉာဏ် အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ သတိ အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့) မကပ်တွယ်ပဲ နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) မစွဲလမ်းပဲ နေ၏။
အာယတနတစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏။

၁။ ဖြစ်ရာ တည်ရာ အကြောင်း
ဗောဇ္ဈင်ခုနစ်ပါးကို ဆင်ခြင်ခြင်း
၃၈၅။ မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင် (မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အောက်မေ့ခြင်း) ရှိလျှင်လည်း ငါ၏ သန္တာန်၌ သတိသမ္ဗောဇ္ဈင် ရှိသည် ဟု သိ၏၊ မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင် မရှိလျှင်လည်း ငါ၏ သန္တာန်၌ သတိသမ္ဗောဇ္ဈင် မရှိ ဟု သိ၏၊ မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်ကို ပွါးစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် (မဂ်ဉာဏ်၏ အကြောင်းဖြစ်သော တရားသဘောကို စူးစမ်းဆင်ခြင်ခြင်း) ရှိလျှင်လည်း ငါ၏ သန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် ရှိသည် ဟု သိ၏၊ မိမိသန္တာန်၌ ဓမ္မဝိစယ သမ္ဗောဇ္ဈင် မရှိလျှင်လည်း ငါ၏ သန္တာန်၌ ဓမ္မဝိစယ သမ္ဗောဇ္ဈင် မရှိ ဟု သိ၏၊ မဖြစ်သေးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကို ပွါးစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် (မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အားထုတ်ခြင်း) ရှိလျှင်လည်း ငါ၏ သန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် ရှိသည် ဟု သိ၏၊ မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် မရှိလျှင်လည်း ငါ၏ သန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင် မရှိ ဟု သိ၏၊ မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင် (မဂ်ဉာဏ်၏ အကြောင်းဖြစ်သော နှစ်သိမ့်ခြင်း) ရှိလျှင်လည်း ငါ၏ သန္တာန်၌ ပီတိသမ္ဗောဇ္ဈင် ရှိသည် ဟု သိ၏၊ မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင်မရှိလျှင်လည်း ငါ၏ သန္တာန်၌ ပီတိသမ္ဗောဇ္ဈင် မရှိ ဟု သိ၏၊ မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွါးစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ပဿဒဿဓိသမ္ဗောဇ္ဈင်(မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ကိုယ်စိတ်၏ ငြိမ်းချမ်းခြင်း) ရှိလျှင်လည်း ငါ၏ သန္တာန်၌ ပဿဒဿဓိသမ္ဗောဇ္ဈင် ရှိသည် ဟုသိ၏၊ မိမိသန္တာန်၌ ပဿဒဿဓိသမ္ဗောဇ္ဈင်မရှိလျှင်လည်း ငါ၏ သန္တာန်၌ ပဿဒဿဓိသမ္ဗောဇ္ဈင် မရှိ ဟု သိ၏၊ မဖြစ်သေးသော ပဿဒဿဓိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ပဿဒဿဓိသမ္ဗောဇ္ဈင်ကို ပွါးစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင်(မဂ်ဉာဏ်၏ အကြောင်းဖြစ်သော တည်ကြည်ခြင်း) ရှိလျှင်လည်း ငါ၏ သန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် ရှိသည် ဟုသိ၏၊ မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် မရှိလျှင်လည်း ငါ၏ သန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် မရှိ ဟုသိ၏၊ မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကို ပွါးစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင်(မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အညီအမျှရှုခြင်း) ရှိလျှင်လည်း ငါ၏ သန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် ရှိသည် ဟုသိ၏၊ မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် မရှိလျှင်လည်း ငါ၏ သန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် မရှိ ဟုသိ၏၊ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးစေခြင်းငှါ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏။
ဤသို့ မိမိ၏ သဘောတရားတို့ကို အကြိမ်ကြိမ် ရှု၏၊ သူတစ်ပါး၏ သဘောတရားတို့ကို အကြိမ်ကြိမ် ရှု၏၊ မိမိ သူတစ်ပါး၏ သဘောတရားတို့ကို အကြိမ်ကြိမ် ရှု၏၊ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှု၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှု၏။ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်း သဘောကို အကြိမ်ကြိမ် ရှု၏။ ထို့ပြင် သဘောတရားသာ ရှိ၏ ဟု သတိသည် ရှင်းစွာထင်၏၊ (ထိုသတိ သည်) အသိဉာဏ် အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ သတိ အဆင့်ဆင့် တိုးပွားခြင်းသာ ဖြစ်စေ၏၊ (တဏှာဒိဋ္ဌိတို့) မကပ်တွယ်ပဲ နေ၏၊ လောက၌ တစ်စုံတစ်ရာကိုမျှလည်း (ငါ၊ ငါ၏ဥစ္စာဟု) မစွဲလမ်းပဲ နေ၏။

သစ္စာလေးပါးကို ဆင်ခြင်ခြင်း
၃၈၆။ ဤကား ဒုက္ခ (ဆင်းရဲ) ဟု ဟုတ်မှန်သည့်အတိုင်း သိ၏၊ ဤကား ဒုက္ခဖြစ်ကြောင်း ဟု ဟုတ်မှန်သည့် အတိုင်း သိ၏၊ ဤကား ဒုက္ခချုပ်ရာတည်း ဟု ဟုတ်မှန်သည့် အတိုင်း သိ၏၊ ဤကား ဒုက္ခချုပ်ရာသို့ ရောက်ကြောင်း အကျင့် ဟု ဟုတ်မှန်သည့် အတိုင်း သိ၏။

ဒုက္ခအရိယသစ္စာ
၃၈၇။ ဒုက္ခသစ္စာ တို့မှာ
၁၊ဇာတိ ၂၊ဇရာ ၃၊မရဏ ၄၊သောက ၅၊ ပရိဒေဝ ၆၊ဒုက္ခ ၇၊ဒေါမနဿ ၈၊ဥပါယာသ ၉၊မချစ်ခင် မနှစ်သက်ဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း ၁၀၊ချစ်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်း ၁၁၊အလိုရှိသည်ကို မရခြင်း
၁၊ ၃၈၈။ ဇာတိ ။ ရှေးဦးစွာ ဖြစ်ခြင်း၊ ပြည့်စုံစွာဖြစ်ခြင်း၊ (အမိဝမ်းတွင်း ဥခွံတွင်းသို့) သက်ဝင်ခြင်း ကိုယ်ထင်ရှားဖြစ်ခြင်း ခနဿဓာတို့၏ ထင်ရှားဖြစ်ခြင်း အာယတနတို့ကို ရခြင်း
၂၊ ၃၈၉။ ဇာရာ ။ ထိုထိုသတ္တဝါအပေါင်း၌ အိုခြင်း အိုသော အခြင်းအရာ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ရှုံ့ခြင်း ရုပ်အသက်ဆုတ်ယုတ်ခြင်း (မျက်စိစသော) ဣနြေဿဒတို့၏ ရင့်ခြင်း
၃၊ ၃၉ဝ။ မရဏ ။ ထိုထိုသတ္တဝါ အပေါင်းမှ ရွေ့လျောခြင်း ရွေ့လျောသော အခြင်းအရာ ပျက်စီးခြင်း ကွယ်ပျောက်ခြင်း သက်ပြတ် သေဆုံးခြင်း ကွယ်လွန်ခြင်း ခနဿဓာတို့၏ ပျက်စီးခြင်း ကိုယ်ကိုပစ်ချခြင်း ဇီဝိတိနြေဿဒ၏ ပြတ်စဲခြင်း
၎၊ ၃၉၁။ သောက ။ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သောသတ္တဝါ၏ စိုးရိမ်ခြင်း စိုးရိမ်သော အခြင်းအရာ စိုးရိမ်သည်၏အဖြစ် အတွင်း၌စိုးရိမ်ခြင်း အတွင်း၌ ပြင်းစွာ စိုးရိမ်ခြင်း
၅၊ ၃၉၂။ ပရိဒေဝ ။ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ ငိုကြွေး ခြင်း ပြင်းစွာ ငိုကြွေးခြင်း ငိုကြွေး သော အခြင်းအရာ ပြင်းစွာငိုကြွေးသော အခြင်းအရာ ငိုကြွေးသည်၏အဖြစ် ပြင်းစွာ ငိုကြွေးသည်၏ အဖြစ်
၆၊ ၃၉၃။ ဒုက္ခ ။ ကိုယ်၌ဖြစ်သောဆင်းရဲခြင်း ကိုယ်၌ဖြစ်သော မသာယာခြင်း ကိုယ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲသော မသာယာအပ်သော ခံစားခြင်း
၇၊ ၃၉၄။ ဒေါမနဿ ။ စိတ်၌ဖြစ်သောဆင်းရဲခြင်း စိတ်၌ ဖြစ်သော မသာယာခြင်း စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲသော မသာယာအပ်သော ခံစားခြင်း
၈၊ ၃၉၅။ ဥပါယာသ ။ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲခြင်း၏ အကြောင်းနှင့် တွေ့ကြုံသော သတ္တဝါ၏ ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပင်ပန်းသည်၏ အဖြစ် ပြင်းစွာ ပင်ပန်းသည်၏ အဖြစ်
၉၊ ၃၉၆။ မချစ်မနှစ်လိုဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း ဆင်းရဲ ။ ဤလောက၌ မလိုလား မနှစ်သက် မမြတ်နိုးအပ်ကုန်သော အဆင်း အသံ အနံ့ အရသာ အတွေ့ သဘော တရားတို့သော် လည်းကောင်း၊ အကျိုးမဲ့ခြင်း အစီးအပွါးမဲ့ခြင်း မချမ်းသာခြင်း ဘေးမငြိမ်းခြင်း ကို လိုလားသော အာရုံ၊ သတ္တဝါ တို့နှင့်တကွ တွေ့ရခြင်း ဆုံရခြင်း ပေါင်းဖော်ရခြင်း ရောနှောရခြင်း
၁၀၊ ၃၉၇။ ချစ်ခင်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်း ဆင်းရဲ ။ ဤလောက၌ လိုလားနှစ်သက် မြတ်နိုးအပ်ကုန်သော အဆင်း အသံ အနံ့ အရသာ အထိ သဘောတရား တို့သော် လည်းကောင်း၊ အကျိုး အစီးအပွါး ချမ်းသာခြင်း ဘေးကင်းခြင်းကို လိုလား သော အမိ အဖ ညီ အစ်ကို နှမ အစ်မ မိတ်ဆွေ အပေါင်းအဖော် ဆွေမျိုးသားချင်း တို့နှင့် မတွေ့ရခြင်း မဆုံရခြင်း မပေါင်းဖော် ရခြင်း မရောနှောရခြင်း
၁၁၊ ၃၉၈။ အလိုရှိသည်ကို မရခြင်း ဆင်းရဲ ။ သတဿတဝါတို့သည် ဇာတိ (မွေးဖွားခြင်း) သဘော ရှိကြရာ ငါတို့သည် ဇာတိသဘော မရှိလို၊ ဇာတိ မလာစေလို ဟုတောင့်တ သော်လည်း (ဇာတိမလာခြင်း) ကို တောင့်တ၍ မရ၊ အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ဇရာ (အိုမင်းခြင်း) သဘော ရှိကြရာ ငါတို့သည် မအိုမင်းလို၊ ဇရာ မလာစေလို ဟု တောင့်တသော်လည်း (ဇရာမလာခြင်း) ကို တောင့်တ၍ မရ၊ အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ဗျာဓိ(နာခြင်း) သဘော ရှိကြရာ ငါတို့သည် နာခြင်း မဖြစ်လို၊ ဗျာဓိ မလာစေလို ဟု တောင့်တ သော်လည်း (ဗျာဓိမလာခြင်း) ကို တောင့်တ၍ မရ၊ အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။
မရဏ(သေခြင်း) သဘော ရှိကြရာ ငါတို့သည် မသေလို၊ မရဏ မလာစေလို ဟု တောင့်တသော်လည်း
(မရဏမလာခြင်း) ကို တောင့်တ၍ မရ၊ အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။
သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘော ရှိကြရာ ငါတို့သည် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘော မရှိကြလို၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ မလာစေလို ဟု တောင့်တသော်လည်း (သောက စသည်တို့ မလာခြင်း) ကို တောင့်တ၍ မရ၊ အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။
၃၉၉။ အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနကဿခနဿဓာ (ဥပါဒါန် အာရုံ တရားစု) တို့သည်
ရုပ် ဥပါဒါနကဿခနဿဓာ၊
ေဝဒနာ ဥပါဒါနကဿခနဿဓာ၊
သညာ ဥပါဒါနကဿခနဿဓာ၊
သခၤါရ ဥပါဒါနကဿခနဿဓာ၊
ဝိညာဏ္ ဥပါဒါနကဿခနဿဓာ

ဒုက္ခသမုဒယ အရိယသစ္စာ (ဆင်းရဲဖြစ်ကြောင်း အရိယာတို့ သိအပ်သော အမှန်တရား)
၎ဝဝ။ ဒုက္ခသမုဒယအရိယသစ္စာသည် ဘဝသစ်တစ်ဖန် ဖြစ်စေတတ်သော နှစ်သက် တပ်မက်ခြင်း ရှိသော ဘဝအာရုံ၌ အလွန်နှစ်သက်သော တဏှာ(တပ်မက်ခြင်း)ဖြစ်၏။
တဏှာ ။ ကာမတဏှာ - ကာမဘုံ၌ တပ်မက်ခြင်း၊ ဘဝတဏှာ - ရူပ၊ အရူပဘုံတို့၌ တပ်မက်ခြင်း၊ ဝိဘဝတဏှာ - ဥစေဿဆဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း
တဏှာသည် ချစ်ခင်ဖွယ် သာယာဖွယ် အာရုံ ၌ ဖြစ်၏၊ ချစ်ခင်ဖွယ် သာယာဖွယ် အာရုံ ၌ တည်၏။
ချစ်ခင်ဖွယ်သာယာဖွယ် သဘောသည် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့ ဖြစ်၏။
ရူပါရုံ (အဆင်း)၊ သဒဿဒါရုံ(အသံ)၊ ဂႏဿဓာရုံ အန့ံ၊ ရသာရုံ အရသာ၊ ဖောဋ္ဌဗ္ဗာရုံ အတွေ့အထိ၊တရားသဘောတို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ တဏှာသည် ဤတရားသဘောတို့၌ ဖြစ်၏။ ဤတရားသဘောတို့၌ တည်၏။
စက္ခုဝိညာဏ် (မျက်စိ၌မှီသောစိတ်)၊ သောတဝိညာဏ် (နား၌မှီသောစိတ်)၊ ဃာနဝိညာဏ် (နှာခေါင်း ၌မှီသောစိတ်)၊ ဇိဝှါဝိညာဏ် (လျှာ၌မှီသောစိတ်)၊ ကာယဝိညာဏ် (ကိုယ်၌မှီသောစိတ်)၊ မနောဝိညာဏ် (မနော၌မှီသောစိတ်)၊ ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏၊ တဏှာသည် ဝိညာဏ်တို့၌ ဖြစ်၏။ ဤဝိညာဏ်တို့၌ တည်၏။
စက္ခုသမ္ဖဿ (မျက်စိအတွေ့)၊ သောတသမ္ဖဿ (နားအတွေ့)၊ ဃာနသမ္ဖဿ (နှာခေါင်းအတွေ့)၊ဇိဝှါသမ္ဖဿ (လျှာအတွေ့)၊ ကာယသမ္ဖဿ (ကိုယ်အတွေ့)၊ မနောသမ္ဖဿ (မနောအတွေ့)၊ တို့သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ တဏှာသည် ဤသမ္ဖဿတို့၌ ဖြစ်၏။ ဤသမ္ဖဿတို့၌ တည်၏။ စက္ခုသမ္ဖဿဇာဝေဒနာ(မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း)၊ သောတသမ္ဖဿဇာဝေဒနာ (နားအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း)၊ ဃာနသမ္ဖဿဇာဝေဒနာ (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း)၊ ဇိဝှါသမ္ဖဿဇာဝေဒနာ (လျှာအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း)၊ ကာယသမ္ဖဿဇာဝေဒနာ (ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားခြင်း)၊ မနောသမ္ဖဿဇာဝေဒနာ (မနောအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း) တို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ တဏှာသည် ဤသမ္ဖဿဇာဝေဒနာတို့၌ ဖြစ်၏။ ဤသမ္ဖဿဇာဝေဒနာတို့၌ တည်၏။
ရူပသညာ (ရူပါရုံ၌ မှတ်သားခြင်း)၊ သဒဿဒသညာ၊ ဂႏဿဓသညာ၊ ရသသညာ၊ ဖောဋ္ဌဗ္ဗသညာ၊ ဓမ္မသညာ တို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ တဏှာသည် ဤ သညာတို့၌ ဖြစ်၏။ ဤသညာတို့၌ တည်၏။
လောက၌ ရူပသဉေဿစတနာ(ရူပါရုံ၌ စေ့ဆော်ခြင်း)၊ သဒဿဒသေဉဿစတနာ၊ ဂႏဿဓသေဉဿစတနာ၊ ရသသေဉဿစတနာ၊ ေဖာ႒ဗၺသေဉဿစတနာ၊ ဓမၼသေဉဿစတနာ တို့သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ တဏှာသည် ဤသဉေဿစတနာတို့၌ ဖြစ်၏။ ဤသဉေဿစတနာတို့၌ တည်၏။
ရူပတဏှာ(ရူပါရုံ၌ တပ်မက်ခြင်း)၊ သဒဿဒတဏွာ၊ ဂနဿဓတဏွာ၊ ရသတဏွာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာ တို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ တဏှာသည် ဤတဏှာတို့၌ ဖြစ်၏။ ဤတဏှာတို့၌ တည်၏။
ရူပဝိတက်(ရူပါရုံ၌ ကြံစည်ခြင်း)၊ သဒဿဒဝိတက်၊ ဂနဿဓဝိတက်၊ ရသဝိတက်၊ ဖောဋ္ဌဗ္ဗဝိတက်၊ ဓမ္မဝိတက်တို့သည် ချစ်ခင် ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ တပ်မက်ခြင်း တဏှာ သည် ဤဝိတက်တို့၌ ဖြစ်၏။ ဤဝိတက်တို့၌ တည်၏။ လောက၌ ရူပဝိစာရ(ရူပါရုံ၌ သုံးသပ်ဆင်ခြင်ခြင်း)၊ သဒဿဒဝိစာရ၊ ဂနဿဓဝိစာရ၊ ရသဝိစာရ၊ ဖောဋ္ဌဗ္ဗဝိစာရ၊ ဓမ္မဝိစာရတို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ တဏှာသည် ဤဝိစာရတို့၌ ဖြစ်၏။ ဤဝိစာရတို့၌ တည်၏။
ရဟန်းတို့ ဤတရားသဘောကို အရိယာတို့ သိအပ်သော ဒုက္ခသမုဒယအရိယသစ္စာ ဟူ၍ ဆိုအပ်၏။

ဒုက္ခနိရောဓ အရိယသစ္စာ (ဒုက္ခ၏ချုပ်ရာ အရိယာတို့ သိအပ်သော အမှန်တရား)
၎ဝ၁။ ဒုက္ခနိရောဓအရိယသစ္စာသည် တဏှာ အကြွင်းမရှိ ကင်းချုပ်ရာ၊ တဏှာကို စွန့်ရာ၊ တဏှာကို ဝေးစွာ စွန့်ရာ၊ တဏှာမှ လွတ်မြောက်ရာ၊ တဏှာဖြင့်မကပ် ငြိရာ (နိဗ္ဗာန်) ဖြစ်၏။
တဏှာသည် ချစ်ခင်ဖွယ် သာယာဖွယ် အာရုံ ၌ပယ်အပ်၏၊ ချစ်ခင်ဖွယ် သာယာဖွယ် အာရုံ ၌ ချုပ်၏
ချစ်ခင်ဖွယ်သာယာဖွယ် သဘောသည် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့ ဖြစ်၏။
ရူပါရုံ (အဆင်း)၊ သဒဿဒါရုံ(အသံ)၊ ဂႏဿဓာရုံ အန့ံ၊ ရသာရုံ အရသာ၊ ဖောဋ္ဌဗ္ဗာရုံ အတွေ့အထိ၊တရားသဘောတို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ တဏှာသည် ဤတရားသဘောတို့၌ ပယ်အပ်၏။ ဤတရားသဘောတို့၌ ချုပ်၏။
စက္ခုဝိညာဏ် (မျက်စိ၌မှီသောစိတ်)၊ သောတဝိညာဏ် (နား၌မှီသောစိတ်)၊ ဃာနဝိညာဏ် (နှာခေါင်း ၌မှီသောစိတ်)၊ ဇိဝှါဝိညာဏ် (လျှာ၌မှီသောစိတ်)၊ ကာယဝိညာဏ် (ကိုယ်၌မှီသောစိတ်)၊ မနောဝိညာဏ် (မနော၌မှီသောစိတ်)၊ ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏၊ တဏှာသည် ဝိညာဏ်တို့၌ ပယ်အပ်၏။ ဤဝိညာဏ်တို့၌ ချုပ်၏။
စက္ခုသမ္ဖဿ (မျက်စိအတွေ့)၊ သောတသမ္ဖဿ (နားအတွေ့)၊ ဃာနသမ္ဖဿ (နှာခေါင်းအတွေ့)၊ဇိဝှါသမ္ဖဿ (လျှာအတွေ့)၊ ကာယသမ္ဖဿ (ကိုယ်အတွေ့)၊ မနောသမ္ဖဿ (မနောအတွေ့)၊ တို့သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ တဏှာသည် ဤသမ္ဖဿတို့၌ ပယ်အပ်၏။ ဤသမ္ဖဿတို့၌ ချုပ်၏။ စက္ခုသမ္ဖဿဇာဝေဒနာ(မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း)၊ သောတသမ္ဖဿဇာဝေဒနာ (နားအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း)၊ ဃာနသမ္ဖဿဇာဝေဒနာ (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း)၊ ဇိဝှါသမ္ဖဿဇာဝေဒနာ (လျှာအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း)၊ ကာယသမ္ဖဿဇာဝေဒနာ (ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားခြင်း)၊ မနောသမ္ဖဿဇာဝေဒနာ (မနောအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း) တို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ တဏှာသည် ဤသမ္ဖဿဇာဝေဒနာတို့၌ ပယ်အပ်၏။ ဤသမ္ဖဿဇာဝေဒနာတို့၌ ချုပ်၏။
ရူပသညာ (ရူပါရုံ၌ မှတ်သားခြင်း)၊ သဒဿဒသညာ၊ ဂႏဿဓသညာ၊ ရသသညာ၊ ဖောဋ္ဌဗ္ဗသညာ၊ ဓမ္မသညာ တို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ တဏှာသည် ဤ သညာတို့၌ ပယ်အပ်၏။ ဤသညာတို့၌ ချုပ်၏။
လောက၌ ရူပသဉေဿစတနာ(ရူပါရုံ၌ စေ့ဆော်ခြင်း)၊ သဒဿဒသေဉဿစတနာ၊ ဂႏဿဓသေဉဿစတနာ၊ ရသသေဉဿစတနာ၊ ေဖာ႒ဗၺသေဉဿစတနာ၊ ဓမၼသေဉဿစတနာ တို့သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ တဏှာသည် ဤသဉေဿစတနာတို့၌ ပယ်အပ်၏။ ဤသဉေဿစတနာတို့၌ ချုပ်၏။
ရူပတဏှာ(ရူပါရုံ၌ တပ်မက်ခြင်း)၊ သဒဿဒတဏွာ၊ ဂနဿဓတဏွာ၊ ရသတဏွာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာ တို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ တဏှာသည် ဤတဏှာတို့၌ ပယ်အပ်၏။ ဤတဏှာတို့၌ ချုပ်၏။
ရူပဝိတက်(ရူပါရုံ၌ ကြံစည်ခြင်း)၊ သဒဿဒဝိတက်၊ ဂနဿဓဝိတက်၊ ရသဝိတက်၊ ဖောဋ္ဌဗ္ဗဝိတက်၊ ဓမ္မဝိတက်တို့သည် ချစ်ခင် ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ တပ်မက်ခြင်း တဏှာ သည် ဤဝိတက်တို့၌ ပယ်အပ်၏။ ဤဝိတက်တို့၌ ချုပ်၏ လောက၌ ရူပဝိစာရ(ရူပါရုံ၌ သုံးသပ်ဆင်ခြင်ခြင်း)၊ သဒဿဒဝိစာရ၊ ဂနဿဓဝိစာရ၊ ရသဝိစာရ၊ ဖောဋ္ဌဗ္ဗဝိစာရ၊ ဓမ္မဝိစာရတို့သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ တဏှာသည် ဤဝိစာရတို့၌ ပယ်အပ်၏။ ဤဝိစာရတို့၌ ချုပ်၏။
ရဟန်းတို့ ဤတရားသဘောကို ဒုက္ခနိရောဓအရိယသစ္စာ ဟူ၍ ဆိုအပ်၏။
၁။ ဒုက္ခ၏ချုပ်ရာ အရိယာတို့ သိအပ်သော အမှန်တရား

၎ဝ၄။ မည်သည့်ပုဂဿဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခုနစ်နှစ်တို့ပတ်လုံး ဟောပြသော နည်းဖြင့် ပွားပါက ထိုပုဂဿဂိုလ်သည် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ် ဖြစ်စေ ဥပါဒါန် အကြွင်း ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသော ဖိုလ်ကို အမှန်ရပေမည်။
ခုနစ်နှစ်ကို ထားဘိဦး။ မည်သည့်ပုဂဿဂိုလ်မဆို ဤ သတိပဋ္ဌာန် လေးပါးတို့ကို ခြောက်နှစ်တို့ ပတ်လုံး။ ငါးနှစ်တို့ပတ်လုံး။ လေးနှစ်တို့ပတ်လုံး။ သုံးနှစ်တို့ ပတ်လုံး။ နှစ်နှစ်တို့ပတ်လုံး။ တစ်နှစ်တို့ပတ်လုံး။
တစ်နှစ်ကို ထားဘိဦး။ မည်သည့် ပုဂဿဂိုလ်မဆို ဤသတိပဋ္ဌာန် လေးပါးတို့ကို ခုနစ်လတို့ပတ်လုံး ပွားပါက ထိုပုဂဿဂိုလ်သည် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ် ဖြစ်စေ ဥပါဒါန် အကြွင်း ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသော ဖိုလ်ကို အမှန်ရပေမည်။
ခုနစ်လကို ထားဘိဦး။ မည်သည့် ပုဂဿဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခြောက်လတို့ ပတ်လုံး။ ငါးလတို့ပတ်လုံး။ လေးလတို့ပတ်လုံး။ သုံးလတို့ ပတ်လုံး။ နှစ်လတို့ပတ်လုံး။ တစ်လပတ်လုံး။ လခွဲပတ်လုံး။
လခွဲကို ထားဘိဦး။ မည်သည့် ပုဂဿဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခုနစ်ရက်ပတ်လုံး ဤသတိပဋ္ဌာန် လေးပါးတို့ကို ခုနစ်လတို့ပတ်လုံး ပွားပါက ထိုပုဂဿဂိုလ်သည် မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ် ဖြစ်စေ ဥပါဒါန် အကြွင်း ရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤဖိုလ်နှစ်ပါးတို့တွင် တစ်ပါးပါးသော ဖိုလ်ကို အမှန်ရပေမည်။
၎ဝ၅။ ဤခရီးလမ်းသည် သတ္တဝါတို့၏ စိတ်စင်ကြယ်ရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ် ငြိမ်းရန်၊ အရိယမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်း တည်းသော ခရီးလမ်းဖြစ်၏၊ ခရီးလမ်းကား ဤသတိပဋ္ဌာန် လေးပါး ပင်ဖြစ်၏ ဟု ကြေညာချက်ကို ငါ (ဘုရားရှင်)ဆို၏။
ကိုးခုမြောက် မဟာသတိပဋ္ဌာနသုတ် ပြီး၏။