Wednesday, June 3, 2009

အယတန ၁၂ ပါးသည် အာရုံ ၆ ပါး၏ အာရုံခံပစ္စည်းများနှင့် အာရုံတို့ဖြစ်သည်

အာယတန တစ်ဆယ့်နှစ်ပါးတို့ကား-

(၁) မြင်သိစိတ် စက္ခုဝိညာဏ် ဖြစ်ရာ မျက်စိအကြည် စက္ခာယတန (စက္ခုပသာဒ၊ စက္ခုဝတ္ထု၊ စက္ခုဒွါရ)။
အလင်းအာရုံခံပစ္စည်း

(၂) မြင်သိစိတ် စက္ခုဝိညာဏ် ဖြစ်ကြောင်း အဆင်း ရူပါယတန (ရူပါရုံ)။
အဆင်း

(၃) ကြားသိစိတ် သောတ၀ိညာဏ် ဖြစ်ရာ နားအကြည် သောတာယတန (သောတပသာဒ၊ သောတ၀တ္ထု၊ သောတဒွါရ)။
အသံအာရုံခံပစ္စည်း

(၄) ကြားသိစိတ် သောတ၀ိညာဏ် ဖြစ်ကြောင်း အသံ သဒ္ဒါယတန (သဒ္ဒါရုံ)။
အသံ

(၅) နံသိစိတ် ဃာန၀ိညာဏ် ဖြစ်ရာ နှာခေါင်းအကြည် ဃာနာယတန (ဃာနပသာဒ၊ ဃာန၀တ္ထု၊ ဃာနဒွါရ)။
အနံ့အာရုံခံပစ္စည်း

(၆) နံသိစိတ် ဃာန၀ိညာဏ် ဖြစ်ကြောင်း အနံ့ ဂန္ဓာယတန (ဂန္ဓာရုံ)။
အနံ့

(၇) လျက်သိစိတ် ဇိဝှါဝိညာဏ် ဖြစ်ရာလျှာအကြည် ဇိဝှါယတန(ဇိဝှါပသာဒ၊ ဇိဝှါဝတ္ထု၊ ဇိဝှါဒွါရ)။
အရသာအာရုံခံပစ္စည်း

(၈) လျက်သိစိတ် ဇိဝှါဝိညာဏ် ဖြစ်ကြောင်း အရသာ ရသာယတန (ရသာရုံ)။
အရသာ

(၉) ထိသိစိတ် ကာယ၀ိညာဏ် ဖြစ်ရာ ကိုယ်အကြည် ကာယာယတန (ကာယပသာဒ၊ ကာယ၀တ္ထု၊ ကာယဒွါရ)။
ထိတွေ့အာရုံခံပစ္စည်း

(၁၀) ထိသိစိတ် ကာယ၀ိညာဏ် ဖြစ်ကြောင်း အတွေ့ ဖောဋ္ဌဗ္ဗာယတန (ဖောဋ္ဌဗ္ဗာရုံ)။
ထိတွေ့မှု

(၁၁) သိမှုစိတ်ဖြစ်ရာ မနာယတန၁ (စိတ် ၈၉-ပါး)။
စိတ်

(၁၂) သိမှုစိတ်ဖြစ်ကြောင်း သဘာဝ ဓမ္မာယတန (ဓမ္မာရုံ)
တရားသဘော

No comments:

Post a Comment